Saturday, May 3, 2014

ကိုယ်မျက်ချေး ကိုယ်မမြင်နိုင်တဲ့ စလုံးတရုတ်များ....

ကျွန်တော်ဒီကျွန်းပေါ်မှာ လခစား လာလုပ်တာ ခြောက်နှစ်ကျောက်သက်တမ်း တောက်လျှောက် ဒီစလုံးတရုတ်တွေ ထထအော်နေတဲ့ အခါ တွေးမြင်မိ့တာလေး ပြန်မျှတာပါ...

စလုံးနဲ့ နိုင်ငံခြားသား ကွာခြားချက်...

စလုံးတရုတ်များ...

အပြင်းကြီးပါတယ်...
စောဒဂတက်များပါတယ်...
လစာပိုများပါတယ်...
ဘော်လီဘောပုတ်(ညာခိုင်း)ပါတယ်...
ခေါင်းရှောင်ပါတယ်....

***လူတိုင်းမဟုတ်ပါ အကုန်လုံးနီးနီး အဲ့ဒီအကျင့်တွေနှင့် ပြီးပြည့်စုံပါတယ်....


နိုင်ငံခြားသားများ...

လစာနှိမ်လို့ရတယ်...
 အလုပ်သေအောင်ခိုင်းလို့ရတယ်...
ပြန်မပြောရဲကျဘူး....
ညာခိုင်းတိုင်း အားနာပြီး လိုက်လုပ်ကျပါတယ်...

အဲ့ဒါကို သူတို့တွေက လူဦးရေ ရာခိုင်နှုန်း အကြောင်းပြ သူတို့စလုံးတရုတ်တွေ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးရတာ နိုင်ငံခြားသား အလုပ်သမားတွေကြောင့်လို မကြာ မကြာ ထထအော်တတ်ပါတယ်...

ပြီးခဲ့တဲ့ မေလ(၁)ရက်နေ့ကလည်း အကြီးအကျယ် ထအော်ပြန်ပါတယ်.....

ဘယ်လိုပြောရမလည်း တုံ့ပြန်ရမလည်း အမြဲစဉ်းစာမိ့ပါတယ်....

 ကျုပ်တို့က တိုင်းပြည်မကောင်းလို့ မိသားစုတွေနဲ့ ဝေးကွာပြီး ပင်လယ်ရပ်ခြားမှာ လခစားလာလုပ်တာပါ....

သူတို့က အခန်သားထိုင် အပြင်းတစ်ပြီး စောဒဂတွေ တက်နေတာတော့ မတရားဘူးလို့မြင်ပါတယ်....

 လွတ်လပ်စွာ ဝေမျှပြီး အကြံပြုနိုင်ပါတယ်..






Monday, March 19, 2012

အိမ်တွင်းက ဒီမိုကရေစီ...(၂)

ကျုပ်တို့ မြန်မာပြည်က မိဘများကို တစ်ခုလောက် မေတ္တာရပ်ခံခြင်းပါတယ်...

ကိုယ့်သားသမီးကို ဆုံးမတာတော့ဟုတ်ပါတယ်ဗျာ ကျွဲလိုနွားလို အသကုန်ရိုက်ဆုံးမတာကိုတော့ ပြင်သင့်ပါပြီ...

ကျွန်တော် ဟိုတစ်နေ့က TV Program တစ်ခုက Wild Life Control Program တစ်ခုမှာ ဘာသွားတွေ့သလည်းဆိုတော့၊ နေရာဒေသတော့ အတိ့အကျ မရေးတော့ပါဘူးဗျာ၊ ဒီလိုဗျ အဲ့ဒီ Private Villa တစ်ခုက အလယ်မှာ

သဘာဝအလျှောက်ကန်လေးတစ်ခုရှိတယ် အဲ့ဒီမှာနေတဲ့သူတွေရဲ့ အိမ်မွေးခွေးလေ ရေဆင်းဆော့ရင်နဲ့ ပျောက်သွားလို့ လိုက်ရှာတာ

မိ့ကျောင်းဆွဲတာဖြစ်နေတယ်၊ အဲ့ဒီတော့ မိ့ကျောင်းဖမ်းဖို့ သက်ဆိုင်ရာ Wild Life Specialist တွေကိုခေါ်ပြီတော့ ဖမ်းပါလေရောဗျာ၊

သူတို့လာဖမ်းတာ ကျွန်တော်တွေ့တာက ရိုးရိုး ငါမျှားတံနဲ့ပါဘဲ ကြိုးတော့တူချင်မှ တူမှာပေါ့လေ၊ အတွေ့အကြုံရှိပြီသားရယ်၊

မိ့ကျောင်းအပေါက်ကလေး တွေဖြစ်နေတာကြောင့် အမြှီးကနေပြီး ဆွဲတင်တာဗျ... ဒါပေမဲ့ တော်တော်တော့သန်တယ်...

အဲလိုဖမ်းပြီးသွားတော့ လာဖမ်းတဲ့သူတွေက အဲ့ဒီပတ်ဝန်းကျင်က ကလေးငယ်တွေကို သေသေချာချာရှင်းပြတယ်....

အဲ့ဒါကိုကြည့်ခြင်းအားဖြင့် ကလေးသူငယ်များမှာ စူးစမ်းခြင်စိတ်၊ လေ့လာလိုစိတ် ပြင်းပြကျပါတယ်...

နောက်တစ်ခုကဗျာ လူတိုင်းကိုယ်စီ အအော်အငေါက်ခံရရင် ကြိုက်တဲ့သူရယ်လို့မရှိပါဘူး...

ကိုယ်ခြင်းစာကြည့်ပေါ့ဗျာ...

ကျုပ်တို့တိုင်ပြည်မှာတော့ ကလေးတွေကို မိ့ဘတွေ ဆိုဆုံးမတဲ့အခါ၊ အားမလိုအားမရ ဂရုဏာဒေါသောဖြစ်ပြီး ရိုက်တတ်ကျပါတယ်...

အဲ့ဒီလိုရိုက်မဲ့အစား သူတို့ နာယူလက်ခံလိုအောင် သေသေချာချာ အချိန်ပေးပြီး ရှင်းပြစေခြင်ပါတယ်...

ငါ အမေဘဲ၊ ငါ အဖေဘဲဆိုပြီး စိတ်လိုက်မာန်ပါ မဆုံးမစေခြင်ပါ...

တစ်ခါတုန်းက ကျွန်တော်အိမ်မှာ ရှိနေတဲ့အချိန် သားတော်မောင် မနက်စောစော နွားနို့သောက်တယ်ဗျ...

ကလေးက ပုဂံပြားနဲ့သောက်မယ်လို ဂျီးကျတော့ အမလုပ်သူက ငေါက်ပါလေရော...

ဒါနဲ့ကျွန်တော်က ကြားဝင်ပြီး ပုဂံပြားထဲ အရင်ထည့်တိုက်တယ်...

နောက် ပုဂံလုံးကို မော့သောက်ခိုင်းတယ်...

သား ဘယ်ဟာအဆင်ပြေသလဲဆိုတော့ ကလေးက ပုဂံလုံးနဲ့ဘဲသောက်တော့မယ်တဲ့ဗျာ...

ကျွန်တော် ကိုယ်ခြင်းစာပါတယ် နေ့စဉ်နဲ့အမျှ အိမ်မှုကိစ္စရော အိမ့်ထောင်တာဝန်ကို ထမ်းကျသူတွေ အလုပ်ဘယ်လောက် ပင်ပန်းတယ်ဆိုတာ ကိုလည်း သဘောပေါက်ပါတယ်...

ဒါပေမဲ့ဗျာ ကိုယ့်ကို ကိုယ်လည်း လေ့ကျင့်ရာ ရောက်သလို ကလေးငယ်တွေလည်း အဆင့်သင့်ဖြစ်စေဖို့...

အိမ်းတွင်းက ဒီမိုကရေစီနည်းကျ လက်တွေ့ ဆိုဆုံးမနည်းလေးတွေကို စပြီး အကျင့်လုပ်စေချင်ပါတယ်...

အဲ့ဒါမှ အနာဂတ်အတွက် ကလေးငယ်တွေမှာ လည်းအဆင်သင့်ဖြစ်သလို၊ လူကြီးတွေလည်း လေ့ကျင့်ယူပြီးသားဖြစ်မယ်ထင်ပါတယ်...

Sunday, January 8, 2012

အိမ်တွင်းက ဒီမိုကရေစီ....(၁)

အမေစုပြောဘူးတာရှိတယ် အဲ့ဒီတုန်းကတော့ ကျွန်တော်သိပ်နားမလည်ဘူး စေ့စေ့တွေး ရေးရေးပေါ် ဆိုသလိုပေါ့ဗျာ

”ဒီမိုကရေစီဆိုတာ လူတိုင်းနဲ့ဆိုင်တယ်တဲ့”

တစ်နေ့ ကျွန်တော့သားကို အိမ်မှာ သူ့အမေနဲ့ အဘိုးက ၀ိုင်းဆူကျတယ်၊ ကလေးက ရေခဲရေသောက်ချင်တာကို နေမကောင်းဖြစ်မှာ စိုးလို့ စေတနာနဲ့ ၀ိုင်းတားကျတာပါ...

သူသောက်ချင်တာ မသောက်ရတော့ သားတော်မောင်က ဆန္ဒပြတယ်၊ အဲ့ဒီမှာ အမေလုပ်သူက ဆူတော့တာဘဲ...

ကျွန်တော်တို့ ဗမာလူမျိုး များမလည် ထစ်ခနဲ့ရှိ ဆူမယ်ဟောက်မယ်၊ ဇိုးကနဲ့ ဇတ်ကနဲပ ထုရိုက်လိုက်မယ် ဆိုတာချည်းဘဲ...

ကလေးတွေကို နားဝင်အောင် နားလည်အောင် သေချာ အချိန်ပေးရှင်းမပြကျဘူးဆိုတာထက် အဲ့လို လုပ်သင့်တယ်ဆိုတာကို မေ့နေတာဖြစ်မယ်...

လူစိတ့်သဘာဝအရ ဖိ့နှိပ်ချုပ်ချယ်တယ် ထင်ရင် ထကြွ ဆန္ဒပြတာ သဘာဝပါ...

အဲ့ဒီသဘာဝတရားလေးကို နားလည်ပြီး အလိုက်သင့်ဖြေရှင်း နိုင်ရင် အဆင်ပြေသွားမှာပါ...

အဲ့ဒီအကြောင်းအရာလေးနဲ့ ပါတ်သက်ပြီး စဉ်းစားမိ့တယ် ကျွန်တော်တို့ တိုင်းပြည်မှာ အိမ်တိုင်း အိမ်တိုင်း ဒီမိုကရေစီ မရသေးတဲ့ အိမ်ထောင်မိ့သားစုတွေ ဘယ်လောက်များများရှိနေပြီးလည်းမသိ့...

အေးပေါ့လေ အာဏာရှင် စံနစ်ဆိုးအောက်မှာ အသက်ရှင်လာကျတော့ လက်ဝယ်ရှိရှိသမျှ အာဏာကို မီးကုန် ယမ်းကုန် ထုတ်သုံးကျတာ မထူးဆန်းပါဘူး...

ဒါပေမဲ့ အဲ့လိုမျိုး အဆင့်အဆင့် အုပ်ချုပ်ကျရင်ဖြင့် နောင်လာ နောက်သားတွေ အတွက် တစ်ကယ့်ကို ရင်လေးစရာပါ...

အထူးသဖြင့် ငယ်ရွယ်နုနယ်တဲ့ ကလေးငယ်တွေကို ဆုံးမတဲ့ မိ့ဘတွေရဲ့ အခန်းဏ္ဍက ပို၍အရေးကြီးတယ်လို့ ကျွန်တော်မြင်တယ်...

အနောက်နိုင်ငံတွေကို အားကျသင့်တဲ့ အချက်မှာ အဲ့ဒါတွေပါတယ်...

လူကြီးတွေက ကလေးငယ်တွေသိ့အောင် စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတယ် ဆိုတာထက် ပညာပေးတယ်ဆိုပိုမှန်မယ်...

ပညာပေးတယ်ဆို့လို့ ကျွန်တော်တို့ ခုခေတ်လူငယ်တွေ သုံးတဲ့ လွဲမှားနေတဲ့ ပညာပေးခြင်းကိုဆိုလိုတာမဟုတ်ပါ...

အမှန်တစ်ကယ့်ကို သေသေချာချာရှင်းပြတာကို TV Program တစ်ခုမှာတွေ့လိုက်ရတယ်ဗျ...

ကလေးငယ်တွေကလည်း အသိ့ဥာဏ်ပိုရင့်သန်လာတာပေါ့...

ဒါ့ကြောင့်လည်း လူကြီးတွေက ကလေးငယ်တွေက ရိုက်ဆုံးမရင် ကလေးက ရဲတိုင်ခွင့်ပေးထားပါတယ်...

အဲ့လိုကောင်းတဲ့အချက်အလက် လေးတွေကိုတော့ဖြင့် အတုယူသင့်တယ်ထင်ပါတယ်...

နောက်ပြီး ဗမာလူမျိုးများမှာ ခေါင်ဆောင်ကောင်းရှားတယ်ဗျ...

ခေါင်းဆောင်ဆိုလို့ ရပ်ကွက်လူကြီးတွေကို ကြည့်မလား၊ အဖွဲ့အစည်းမှာ ထိပ်သီးပုဂ္ဂိုလ်တွေကို ကြည့်မလား

နောက်ဆုံးဗျာ ဆယ်အိမ်ခေါင်းဆိုတဲ့ လူတောင် ရှိသမျှ အာဏာကို မီးကုန်ယမ်းကို သုံးကျတယ်ဗျ...

အဲ့ဒါကို ကြည့်ခြင်းအားဖြင့် ကျုပ်တို့တိုင်းပြည်က လူတွေရဲ့ တွေးခေါ်ပုံ Concept တွေအများကြီးလွဲနောတကိုတွေ့ရတယ်...

ကျုပ်စိတ်ဥာဏ်မှီသလောက်တော့ အဲ့လို လွဲနေတာကို မပြင်နိုင်သမျှ ကာလပတ်လုံး ဒီမိုကရေစီ ဆိုတာကို ဘယ်နှယ့်လုပ်ပြီး ဖော်ဆောင်ကျမှာတုန်း...

မမေ့သင်းဘူးနော် ”ဒီမိုကရေစီဟာ လူတိုင်းနဲ့ ဆိုင်တယ်” ဆိုတာကို လေးလေးနက်နက် စဉ်းစားကြည့်စေချင်ပါတယ်...