Friday, June 15, 2007

2004's Little Yellow Lamp

27-Sep-04

" ၂၀၀၄ ခုနှစ်ရဲ့ ဖန်မီးအိမ် "



နံနက်မိုးသောက် အလင်းရောက်ရင်

သူပျောက်ကွယ် သွားတတ်တယ်

ခုနှစ်ဆင်ကြယ်ပြောင် အမြှီးထောင်ရင်

သူ့ရဲ့အိမ်ပြန်ချိန်ပေါ့ ….

ကျွန်တော်သူ့ကို လွမ်းလွန်းလို့

ထိုင်ထိုင်ငိုရတာ …..

တစ်ထောင့်တစ်ည မကတော့တဲ့အကြောင်း

အိမ်ထဲက Electronic Equipment တွေ

ပိုနားလည်း လိမ့်မယ်ထင်ပါရဲ့။

သောမတ်(စ်) အယ်(လ်)ဗာ အယ်ဒီဆင်ရေ

ခင်ဗျားသူကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့

ရှာတွေ့ခဲ့ပါသလဲ …?

ဖော်မြူလာ တစ်စိတ်တစ်ပိုင်းလောက်

ယစ်မူးရအောင် ပေးသနားပါအုံးလေ …

ဒါပေမဲ့ ကျွန်တော့်ရင်ထဲက

ပို့(စ်)မော်ဒန် လျှပ်စစ်မီးအိမ်ငယ်

ဝါ၀ါကလေး ကတော့ဖြင့်

ညညထမင်းဝိုင်းတွေမှာ

သူ့ရဲ့ကိုယ်ရောင် ကိုယ်ဝါတွေနဲ့

ကိုလေးဖြူရဲ့ သီချင်းကိုဆိုရလွန်းလို့

အမောဖောက်နေပါပြီ

လောကကြီးရေ …

ငယ်ဖြူ

1:37 Am

No comments: