Friday, April 24, 2009

အတ္တမဲ့လိပ်ပြာရဲ့တမ်းခြင်း

ဝတ်မှုံကူးတဲ့ကာလမှာ သမာရိုးကျလိပ်ပြာတွေလိုမျိုး
အလိုရှိရာ ပန်းပွင့်စီကို ပျံသန်းဆက်သွယ်
ဝတ်မှုံတွေကို လိုရာသယ်ဆောင်သွားတဲ့
လိပ်ပြာမျိုး ငါ ........... မဟုတ်ပါ
အချိန်တိုင်း ရာသီတိုင်း မြတ်နိုးတန်ဖိုးထားရာ
ပန်းပွင့်လေး မင်းအနားမှာ ငါ အမြဲတမ်း ပျံသန်းနေချင်ခဲ့သူပါ
အပျံလွန်လို့ တောင်းပံကျိုးပြီး သေရမယ်ဆိုရင်တောင်မှ
ငါရဲ့နောက်ဆုံးထွက် သက်ထိ့တိုင်း မင်းအတွက်ငါ............
အမြဲတမ်းမရပ်မနား ပျံသန်းနေဦးမှာပါ............................

ယုံတမ်းပြောတဲ့ လိပ်ပြာပုံပြင်
တစ်ပုဒ်လို့တော့မယူစနဲ့ ချစ်သူ......................
ဒါဟာ ငါ့ ......... နှလုံးသွေးနဲ့ တည်ဆောက်ခဲ့တဲ့
အချစ်ရဲ့ ပုံဆောင်ခဲပါ.................................
အနည်ကျ ကျောက် မဟုတ်သလို့
ပုံသွင်းထုဆစ်ထားတာလည်း မဟုတ်ခဲ့ပါ
ကုန်ကုန်ပြောမယ်ကွာ
မင်းထင်သလို ကစားနေတယ်ဆိုရင်
ငါ့ရဲ့ လက်တွေကို ရိုက်ချိုးပြီး
Disabel တစ်ယောက်အဖြစ် တစ်ဘ၀လုံး
နေပြလိုက်ချင်တာ ရင်ထဲက ကိုယ့်ဆန္ဒပါ..........
တစ်ကယ့်လက်တွေ့မှာတော့ မင်းပြောသလို
ကိုယ့်ဘ၀လေးဘဲ ကောင်းပါတယ်လို့
ဖြစ်ညှစ်ပြီး ခံယူနေ ရတယ်ချစ်သူ..................


လေပြေလေးတွေ မင်းအနားက
ဖြတ်သန်းသွားတာ တောင်မှ
မနာလိုဖြစ်ခြင်ခဲ့သူပါ...............


အဲသလို့နဲ့ ဘ၀တွေကို ခ၀ါချ
လုံးပါး ပါးရမယ်ဆိုရင်တော့
ဖြစ်ခြင်တာဆန္ဒ
ဖြစ်နေတာဘ၀လို့တော့
မပြောနဲ့ တော့ချစ်သူ.................


အဲဒါ
မင်းနဲ့ငါ အသုံးမကျလို့ ဖြစ်တည်ခဲ့ခြင်းမျှသာ
ဖြစ်ပါလိမ့်မယ် ချစ်သူ.......................