Wednesday, July 28, 2010

ခု ငါ့ရင်ထဲမှာ....

အနီးအဝေး မညီမျှခြင်းတွေ
ငါထပ်တူ မပြုခဲ့ရိုး အမှန်ပါ...

ညနက်နက်တိုင်းကို ငါမော့သောက်ခဲ့တာ
ခုဆို ရက်ပေါင်း တစ်သောင်းကျော်ခဲ့ပြီး....

ငါ့ရဲ့ အတိတ် စာမျက်နှာတိုင်းမှာ
မှင်နီတားခံရမှာစိုးလို့
ခဲဆိပ်သင့်စေခဲ့ပြီးသားပါ...

မသိ့တာလား မသိ့ချင်ခဲ့တာလား
မသိ့ခဲ့ရိုးအမှန်လား
ကံကြမ္မာကို ရိုးမယ်ဖွဲ့ပြီး
အပြစ်မတင်တော့ဘူး နှောင်ကြိုးရေ
ဓားသွားထက်ထက်နဲ့ ငါ့နှလုံးခုန်သံကို
ရပ်တန့်စေလိုက်ပါတော့ ချစ်သူ...



i,fjzL

Tuesday, July 13, 2010

ကမ်းမရှိတဲ့ ပင်လယ်

အပူရောင်နဲ့လူ ဘာဝတ်ထားသလဲ
သေသေချာချာကြည့်
သူ့ခါးက ရေဘူး ပေါက်နေတာတော့ သေချာတယ်
ငါ့နှုတ်ခမ်းတွေတောင် ခန်းခြောက်သွားသလိုဘဲ...

တစ်စ တစ်စနဲ့ ကန်ရေပြင် ပတ်ကြားအက်ရှာပြီ
ငါ တစ်ယောထိုးပြီး
တိမ်တွေကို ငိုခိုင်းလိုက်တော့မယ်...

မေတ္တာမိုးခေါင်တော့ လူ့ပြည်က ငဲရဲပြည်ဖြစ်
အဲ့ဒါ ဘယ်သူ့ အပြစ်ပုံချမတုန်း...

လနဲ့ကြယ် ဂဟေဆက်တာ အေးချမ်းခြင်း ပုံရိပ်ဆိုဘဲ
ကျွန်တော် ဗေဒင် မတတ်ပါဘူး
သင်ပုန်းကြီးတော့ ကြေပါတယ်...

မုတ်သုန် နောက်ကျလို့
ရေပြဿနာတက်တယ်
ဟော ခုတစ်ခါ
မိုးရေချိန်များလို့ ရေပြဿနာတက်တယ်
လောဘသားတွေ ကတော့
နဖူးတိုက်ဒူးတိုက် ဆွေနွေး ကောင်းနေတုန်း...


ပြဿနကို ပြဿနာနှင့် ရှင်းရင်း
တောင်ပုံရာပုံ မောဟတွေ
ကိုယ့်ကို ကိုယ်သတ်သေကျ ...


ငါတို့ဘာလုပ်ကျမလဲ
ကမ်းပျောက်တဲ့ ပင်လယ်ဆို
ဇွဲခတ်ပြီး ကူးလို့ရတယ်
အခုဟာက
ကမ်းမရှိတဲ့ ပင်လယ်...




i,fjzL

Tuesday, June 29, 2010

ကျွန်တော့် သစ်ခေါင်းအိမ်ကလေး

ကျွန်တော်အဲ့ဒီ အိမ်လေးကို မပိုင်ဆိုင်ရခင်ကတည်းက စွဲလန်းတက်မက်ခဲ့ရတာပါ၊ မြင်ရုံတွေရရုံနဲ့ လူတိုင်းရဲ့ စိတ်ကို အေးမြခြင်းဆိုတဲ့ နှစ်လိုဖွယ် စိတ်ခံစားမှုကို ပေးနေတဲ့ အိမ်ကလေးပါ...

အဝေးကဘဲကြည့်ကြည့် အနီးကပ်ကြည့်ကြည့် ဘယ်လိုမှ ပြောင်းလဲမှုမရှိခဲ့တဲ့ ကျွန်တော့် သစ်ခေါင်းအိမ်ကလေးပါဗျာ...

အဲ့ဒီအိမ်ကလေးကို စွန့်ခွာပြီး အခုလိုမျိုး အဝေးကြီးမှာ တစ်ယောက်တည်း အထီးကျန်ဆန်ဆန် လာနေရလိမ့်မယ်လို့ ဘယ်လိုမှ မတွေးခဲ့ဘူးရိုးအမှန်ပါဘဲဗျာ...

မှန်တာပြောရရင် ကျွန်တော့် ရင်ထဲက အလွမ်းအဆွေးတွေကို ချပြရရင်ဖြင့် အလင်းနှစ်သန်းချီပြီး အချိန်ယူတွက်ရေလို့ မရနိူင်ပါဘူးဗျ..

အခုကျွန်တော်ချရေးထားတာ ကျွန်တော့်ရင်ဘတ်ထဲက လက်ရှိခံစားမှုထက် ဆယ်ပုံတစ်ပုံမက နည်းနေပါသေးတယ်...

ကိန်းဂဏန်းတွေကို ကျွန်တော်အမုန်းဆုံးပါဘဲ လူကုန်ထန်တွေ နိူင်းပြု တိုင်းယှဉ်တာများလို့လေ...

အဲ့ဒီကိန်းဂဏန်းတွေများ မရှိခဲ့ရင် သူတို့ ဘယ်လိုများ အသက်ရှင်ကျမည်မသိ့...

အသိ့၊ အမြင် တွေက ခံစားချက်တွေကို ပုံစံပြောင်းစေတယ်ဆိုတာကို လက်ခံ သဘောတူနိူင်သူ မည်မျှရှိခဲ့ လေသနည်း ?

လူချင်းတူပေမဲ့ အသက်ရှုကွဲတယ်ဆိုတာ သူငယ်ချင်းတို့ လက်ခံယုံကြည် နိူင်ပါသလား ?

အခုအချိန်မှာ ကျွန်တော့်အတွက် တစ်ကယ်လိုအပ်နေတာ ကျွန်တော့်ရဲ့ သစ်ခေါင်း အိမ်ကလေးပါ...

ငါတစ်နေတော့ မင်းစီကို အရောက်ပြန်လာခဲ့မယ် အိမ်ကလေးရေ...

i,fjzL

အဆုံးမဲ့ ပျံသန်းခြင်း

ခေါင်းစည်မဲ့သော ညနက်နက်တွေထဲမှာ ပေါက်ကွဲစေတတ်တဲ့ ရေခဲတွေ အစုလိုက်အပြုံလိုက် ကျွန်တော် ရှိုက်ရှိုက်သွင်းနေရတာ သူမသိ့စေချင်လိုက်တာ...

ဖွာလက်စ ဆေးလိပ်တိုကို အသာဘေးချပြီးတော့ ခေါ်ဖီခါးခါး တစ်ကြိုက်လောက် အရသာခံပြီး ကျွန်တော်သောက်လိုက်မိ့တယ်၊ စိတ်ကူးထဲကနေ အဆက်အစပ်မရှိထွက်ကျလာတဲ့ စာသားတစ်ချို့လည်း အခု ဒီပိုစ်ထဲကိုရိုက်ထည့် ပြီးသားဖြစ်နေပြန်တယ်။ ကျွန်တော်အာရုံထဲ အတွေးထဲ ရုတ်တရက် ဟင်းလင်းပြင်ကြီး တစ်ခု ပြုတ်ကျလာပြန်တယ်၊ ကျွန်တော့် မပီဝိုးတဝါး တွေနေ့ရတာ အရောင်အသွေးစုံ လူမျိုးပေါင်းစုံ ပေါ်လာလိုက် ပျောက်သွားလိုက်၊ ကျွန်တော့်စိတ်တွေကို ပြန်စုစည်းဖို့ ကျွန်တော်ကြိုးစားတယ်၊ ဒါပေမဲ့ အချည်းနှီးပါဘဲ၊ အဲ့ဒီဟင်းလင်းပြင်ကျယ်ကြီးထဲက မပီဝိုးတဝါးမြင်ကွင်းတွေနောက်ကိုသာ စိုက်လိုက်မတ်တပ် လိုက်ပါစီမျှောနေပါတော့တယ်။

ကျွန်တော့်မြင်ကွင်းတွေ ေ၀ဝါးလိုက် ပျောက်သွားလိုက် အာရုံစိုက်လေ ပိုဆိုးလေဖြစ်နေပါတယ်၊ အဲ့ဒါနဲ့ ကျွန်တော့် စိတ်ကို လျှောချလိုက်တယ်၊ ဗြုန်းကနဲ့ဆို ကျွန်တော့်မှာ အတောင်တစ်စုံ ပေါက်လာတယ်၊ နေရင်ထိုင်ရင် လူလိုလို ငှက်လိုလိုဆိုတော့ “လူငှက်”ပေါ့ဗျာ...၊ ကျွန်တော်လည်း အကြိုက်တွေ့ သွားပါတယ်၊ ဟိုးငယ်ငယ် ကတည်းက ငှက်တွေလို လွတ်လပ်ပေါ့ပါးစွား ဝဲပျံနေချင်တဲ့ ်စိတ်တွေ ကိန်းအောင်နေခဲ့တာ၊ အခုတော့ကျွန်တော်ဆန္ဒတွေပြည့်ပြီဗျ...

စစချင်းတော့ အထာမကျသေဘူး၊ ကျွန်တော့် အတောင်ပံတွေကို ကောင်းကောင်း မထိန်းနိူင်သေဘူးဗျ...
နောက်တော့ တဖြေးဖြေးကျင့်သား ရလာတယ်...
ပျံသန်းခြင်း စတင်ခဲ့ပါပြီ...
မိုးတိမ်တွေရဲ့ အတွေ့အထိ့က ကျွန်တော်ကို ကြည်နှုးမှုတွေ ပေးတယ်ဗျ...
အဲ့ဒီလိုနဲ့ လေသင့်ရာ ဝဲပျံသွားလိုက်တာ ဘယ်ကို ရောက်လို့ ရောက်မှန်းမသိ့အောင်ပါဘဲ...

နောက်တော့ တဖြေးဖြေးခြင်း နိမ့်ဆင်းနေသလိုခံစားရတယ်၊ ကျွန်တော့် အတောင်ပံတွေကို တစ်စုံတစ်ရာသော စွမ်းအင်တွေက ထိန်းချုပ်နေသလိုဘဲ၊ သေချာတယ် ကျွန်တော် သူမစက်ကွင်းထဲ ဝင်မိ့သွားပြီး...

တဖြည်းဖြည်းမြေပြင်က အရာတွေ ပီပြင်လာတယ်၊ ကျွန်တော်တွေ့မြင်နေရတာက စိမ်းလွှလွှ မြက်ခင်းပြင်ရယ်၊ တောအုပ်တောင်တန်းတွေနဲ့ အတူ မြင်ခင်းနှင့် တောအုပ်အစပ်က အိမ်လေးတစ်လုံး
မီးခိုးငွေ့တွေ ထွက်နေပုံထောက် တစ်စုံတစ်ယောက် ရှိနေဟန်တူရဲ့...

ကျွန်တော်မြေပြင်နှင့် မထ့ိတွေ့ခင်လေးတင် ဗြုန်းဆို လွင့်ပျံနေတဲ့ မီးခိုးတွေ ပျောက်သွားပြန်ပါတယ်...
အဲ့ဒီနောက် ထူးခြားခြား သင်းပျံပျံ မွှေးရနံ့တစ်ချို့ ကျွန်တော့်ကို စီးကြို နှုတ်ဆက်ကျပြန်တယ်...
ကျွန်တော် အိပ်ပျော်သလို မူးမေ့သလိုဖြစ်သွားတယ်၊ ကျွန်တော် ပြန်သတ့ိရလာတော့ ကျွန်တော် အတောင်ပံတွေ မရှိတော့ဘူး၊ အားအင်တွေလည်း ယုတ်လျှော့နေသလို ခံစားရတယ်...
ကျွန်တော် ရောက်နေတဲ့ အခန်းက ခုနအိမ်းကလေးထဲက အခန်းတစ်ခု ဖြစ်မယ်ထင်တယ်...
ဘယ်သူ့မှ မရှိသလို အပ်ကျသံပင် ကြားရလောက်အောင် အိမ်ကလေးရဲ့ စိတ်ငြိမ်မှုက ကျွန်တော့်ကို သွေးပျက်စေတယ်...
ရယ်သံ သဲ့သဲ့ ကြားရတယ်၊ ပြီးတော့ ပျောက်သွားပြန်တယ်...

ကျွန်တော့် အသိ့စိတ်ဝင်လာပြီး၊ တအားကြုံးအော်မိ့တယ်...

“အတောင်ပံတွေ ပြန်ပေးပါ” အသံနက်ကြီးနဲ့ကို တအားအော်မိ့တယ်

ပြီးတော့ လေဟာနယ်ထဲ ရောက်သလို ခံစားရတယ်....

ဒုန်း ဒုန်း ဂ လုန်း.....

ကျွန်တော့်တစ်ကိုယ်လုံး ချွေတွေ ရွှဲရွှဲ စိုနေတယ်၊ ကျွန်တော်အိပ်ခန်ထဲကို အမေသောက်ရေ တစ်ခွက်နဲ့
အပြေးဝင်လာတယ်။

ဒီကလေးနှယ့်နော်၊ အိပ်ရာမဝင်ခင် ဒီဝထ္တုတွေ မဖတ်ပါနဲ့ဆိုတာ ပြောလို့ကိုမရဘူး
ခုမက်ပြန်ပြီးလား အိပ်မက်ဆန်းဆန်းတွေ...

အမေယူလာတဲ့ ရေခွက်ကို တစ်ကြိုက်မော့ချလိုက်ပြီး၊ အမေ့ကို ပြုံးပြီး ကြည့်နေမိ့တယ်။

အမေရယ် သားအိပ်ရာမဝင်ခင် စာမဖတ်ရင် အိပ်လို့ မပျော်လို့ပါဗျာ...
အမေယူလာတဲ့ သောက်ရေခွက်အတွက် ကျေးဇူးပါအမေ...


i,fjzL



Friday, June 4, 2010

မုသာဝါဒီများ

ဘဝဆိုတာ မျည်းဖြောင့် တစ်ကြောင်း မဟုတ်ခဲ့သလို
အမြဲတမ်းတော့ ကွေ့ကောက်မနေပါဘူး....

အဲ့လိုဘဲ အလှတရားဆိုတာလည်း ထာဝရ အမြဲ မတည်ရှိနိူင်ပြန်ဘူး

အို၊ နာ၊ သေ ဘာမှ မမြဲတဲ့ ဒီလောကကြီးထဲမှာ
အဲ့ဒီ ဒုက္ခသစ္စာကို လူတွေ ဘာကြောင့် မေ့ထားကျသလဲ...

အတ္တတွေ တစ်နင့်တစ်ပိုးနဲ့ ဖြစ်တည်မှုတစ်ခုအတွက်
အသက်ရှုနှုန်းတွေ ခလုတ်တိုက်သည့် အထိ့ အလုပ်ရှုပ်ကျ...

အတောမသတ်နိူင်တဲ့ အဲ့ဒီလောဘကြောင့်ဘဲ
လူ့အသက်ပေါင်းများစွာ စတေးခဲ့ကျ...

အနိမ့် အမြင့် အတက် အကျ
ဟာမိုနီမဖြစ်တဲ့ ဒီသဘာဝထဲမှာ
ငါအသက်မဆက်လိုတော့ဘူး...

နောက်ဆုံး
ငါသိ့လိုက်တာက
ငါလည်း ကိုယ့်ဘာသာကိုယ် အလိုလိုနေရင်
ညာနေမိ့တယ် ဆိုတာကိုဘဲ...



i,fjzL





Thursday, May 20, 2010

လိပ်ပြာတို့ရဲ့ အိပ်ရာဝင်ပုံပြင်

ကြက်ခြေခတ်တွေ

ငါ့မျက်လုံးထဲ ခဏခဏ

ဘာကြောင့် အလည်လာတာလဲ

အဖြေထုတ်မရလို့ ကူကျပါဦး...



အေ့ရှနှင့် အနောက် မညီမျှတဲ့

တွေးခေါ်ခြင်းတွေ

ကိုယ်တော်ဘာလို ဖန်ဆင်းခဲ့တာလဲ...



လိုက်လေ ဝေလေး ပြေနေလည်း

ဆက်လိုက်နေမိ့တယ်...


သေချာတာကတော့

ချမ်းသာချင်ယောင် ဆောင်နေတဲ့

ဒီမြို့လေးမှာ ကျွန်တော် မပျော်တော့ဘူး...



မာယာတွေ ကိုအရည်ကျိုသောက်

အတ္တတွေကို ခေါင်းမှာ ပန်ထားတဲ့

ဒီလိုရမက်မီး တောက်လောင်နေသူတွေ

ပြောလိုက်ချင်တာက ခင်ဗျားတို့လည်း

အချိန်တန်တော့ မြေကြီးထဲ သွားရမှာဗျ...



နိူင်းမြစ်ရှည်တယ်ဆိုတာ

ငါ့စကားလုံးတွေ အိပ်နေသလောက်သာ

ရှိရှိသမျှ ချရေးရရင်

ငါ့ထွက်သက်တွေ အမောဖောက်

ဒီဝိဉာဏ်က ဒီကမ္ဘာကို

ထာဝရ မခွဲခွာ အမြဲသာ

လိပ်ပြာသန့်နေမှာ...



i,fjzL



မီးလျှံလိပ်ပြာ

Wednesday, May 19, 2010

ငြိမ်းချမ်းရေးသံစဉ်

ကမ္ဘာကြီး ပူနွေးလာတာ
လူတွေရဲ့ အတ္တကြောင့်
အပေးအယူ မညီမျှတဲ့
သဘောတရားတွေလည်းပါတယ်
မမျှတတဲ့ ဒီစိတ်ရိုင်း
ဘယ်သူ အသက်သွင်းခဲ့သလဲ
ကိုယ့်အတ္တအတွက်
သဘာဝကို ကြက်ခြေမခတ်ပါနဲ့
အိုင်စတိုင်းဆိုတဲ့သူကို
တော်တော် စိတ်နာတယ်
E = mc2 ကြောင့် လည်းပါတယ်

ကမ္ဘာမြေဆွဲငင်အား အကြောင်းလဲ
သူတို့ သတိမရပါစေနဲ့
စိတ်နဲ့ ဒီအတိုင်းလွင့်ချင်ရာ လွင့်ခွင့်ကိုတောင်
ထိန်းချုပ်လိုက်ကြမှာစိုးလို့ပါ
အချိန်အတော်ကြာ အနည်ထိုင်နေတဲ့
စိတ်မီးတောင် ပေါက်ကွဲတဲ့အခါ
ကောင်းကင်ကြီး ခံစစ်မဲ့နေခဲ့
ကဲ...မမျှတတဲ့အကြောင်းတွေကို
မျှမျှတတဘဲ ဆွေးနွေးကြရအောင်..မိတ်ဆွေ။ ။

Saturday, May 15, 2010

'' ညပျောက်ငှက် ''

ငါ မပိုင်ခဲ့ရတဲ့
အဲ့ဒီ ညနေခင်း ခါးခါးတွေကို
နင်သယ်ယူပြီး
ဘယ်ကို ထွက်ပြေးသွားသလဲ
ကောင်မလေးရေ…



ငယ်ဖြူ

Thursday, May 13, 2010

ငါဘယ်တော့မှ မမေ့ဘူး


အရာအားလုံး
အဲ့ဒီ သေနတ်တွေ စစ်ဖိ့နပ်တွေအောက်မှာ
ကျဆုံးခဲ့ရတဲ့ ၁၉၈၈ အိမ်မက်ဆိုးများလိုပေါ့...

ငိုရယ် ရီမော၊ မျက်ရည်စတွေနဲ့
ကြည်နူးခွင့် ရခဲ့ဖူးတယ်
၁၉၉၀ နှစ်များစီကပေါ့...

သံဃာတွေ သွေးမြေကျချိန်
ပြည်သူတွေ မျက်ရည်ကျချိန်
စစ်ခွေးတွေ သောင်းကျန်ခဲ့တဲ့
စက်တင်ဘာ ၂၀၀၇
ငါ့အသိ့ထဲမှာ ရှိနေတုန်းဘဲ...

နာဂစ်ဆိုတဲ့ ဆိုင်ကလုန်း
ငါ့အိမ်ခေါင်ကို ဝါမျိုးသွားတဲ့နောက်
ခုနှစ်ရက်ကြာ ငရဲစခန်းထဲ
တော်တော်ဒုက္ခများခဲ့ဘူးတဲ့
၂၀၀၈ ကပ်ဘေးဆိုးကြီးကို
ငါဘယ်တော့မှ မမေ့နိူင်ဘူး...

ဟားတိုက် ရီမော၊ ဒေါသတွေမြိုသိပ်
ကြိန်ဆဲအခါခါ မိုက်ရိုင်းနေရတယ်
၂၀၁၀ ရက်စွဲများကိုပေါ့...

မြန်မာပြည်က လာတာပါလို့
မပြေမိစေနဲ့
မင်းကို လှောင်ပြံးတွေနဲ့
ကြိုဆိုကြမယ့် ၂၀၁၃ ရက်စွဲများအတွင်
ငါရင်နာခဲ့ရတယ်

၁၉၉၀ တုန်းကအောင်ပွဲ
၂၀၁၅ ရောက်မှ ဒို့ လက်သန်းတွေရဲ့အား
အပြတ်အသတ် ဒိုင်ပွဲရပ်နိူင်ခဲ့တယ်

မကြာခင် ၂၀၁၆ ကို နှုတ်ဆက်ပြီ
၂၀၁၇ မှာ စိတ်လှုပ်ရှားဖွယ်ရာ
တစ်ပွေ့တစ်ပိုက်နှင့် ငါတို့ အသက်ငွေ့ငွေ့တွေ
မျှော်လင့်ချက် တစ်စုံတစ်ရာအတွက်
ဆက်ရှင်သန်ခွင့် ပေးသနားပါ...




ငယ်ဖြူ



သန်းခေါင်ယံ အတွေး

ကဗျာမပီ စာမညီတဲ့ ကျွန်တော့်အတွေးတွေ ဟော့ဒီ ညနက်နက်တွေထဲမှာ မှန်မီးအိမ်ကိုယ်စီနှင့် ပျောက်ဆုံးနေတဲ့ အမှန်တရားကို... 

လိုက်ရှာနေတုန်း အမှန်တရားအတွက် ကြွေလွင့်သွားတဲ့... လွတ်လပ်ရေး သူရဲကောင်း ကြယ်ပွင့်တွေ ဘယ်ရင်ခွင်မှာ အိပ်စက်နားခိုနေကျသလဲ? မမေ့သင့်ဘူး... 

အချိန်တန် အိမ်ပြန်ရမဲ့ သူချင်းအတူတူ စောလျှင်စွာ ခရီးနှင်းသွားကျသူများ ရောက်လေရာဘုံဘဝမှ ငံလင့်နေတဲ့ ဒီပန်းတိုင် ငါတို့ အတူတူ ချီတက်ကျဖို့ အမြဲအသင့် ပြင်ထားပါ သူငယ်ချင်း.... 

 

 

ငယ်ဖြူ

Monday, May 10, 2010

“ပူတယ်လေ ဆယ်နွေကဲ၊ နာဂစ်ရဲ့ နောက်ဆက်တွဲ”

“ပူတယ်လေ ဆယ်နွေကဲ၊ နာဂစ်ရဲ့ နောက်ဆက်တွဲ” ဆိုသလို ဖြစ်နေပြီး၊ ကမ္ဘာနဲ့ အဝှမ်း စိမ်းလန်းစိုပြည်ဖို့ တိုက်တိုက်တွန်းတွန်း လုပ်နေချိန်မှာ ကျွန်တော်တို့ ရနု်ကုန်မြို့ကြီးကတော့ဖြင့် သစ်ပင်တွေကြိုးတို့ကျဲတဲနဲ့ တော်တော်လေးကို ပြင်းပြင်းပြပြ ပူလောင်မှုကို ခံစားနေရပါတယ်၊ စိတ်မကောင်းစရာဘဲ....

သဘာ၀ သယံဇာတ အရင်းအမြစ်တိုင်းတွင် အတိုင်းတာ ပမာဏရှိစမြဲပင်ဖြစ်သည်၊ သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲပြီးလျှင် ပြန်လည်ထိန်းသိမ်း ဖြည့်တင်းဖို့ရာလိုအပ်ပါသည်၊ မဖြည့်တင်းပါက သစ်တောပြုန်းတီခြင်း၊ မြစ်ချောင်းများ ရေခန်းခြောက်ခြင်း၊ မြေအောက်ရေ၏ အရည်အသွေးနိမ့်ကျခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း စသော သဘာဝဘေးအန္တာရာယ်များ ပေါ်ပေါက်လာနိူင်ပေသည်။

ဥတုရာသီ တောကိုမှီ ဆိုသည့်စကားအတိုင်း သစ်တောပြုန်းတီးရာမှစ၍ မြေဆီလွှာပျက်စီခြင်း၊ မြေအောက်ရေခမ်းခြောက်ခြင်း၊ မြစ်ချောင်းများ တိမ်ကော ပပျောက်ခြင်း ဆက်တိုက်ဆိုသလို မမြင်နိူင်သည့် ဆုံးရှုံးမှုများစွားကို ရင်ဆိုင်ရနိူင်ပေသည်။ တောတောင် ရေမြေ အနေအထားသည် နေရာဒေသ၏ ရာသီဥတုနှင့် တိုက်ရိုက်ဆက်နွယ် ပတ်သက်နေသည်ဆိုလျှင် လွန်မည်မထင်၊ ဤကဲ့သိုပင် ဤတော ဤတောင်များကို မှီတင်းနေထိုင်ကျက်စားနေသော ကျေးငှက် သာရကာများ၊ တောကောင်ကြီးငယ်များ သည်ပင်လျှင် ပျောက်ကွယ်၍ ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့သွားနိူင်သော ကြီးစွာသော အရင်းအမြစ်ဆုံးရှုံးမှုများပင် ဖြစ်ပေါ်လာနိူင်ဘွယ်ရာရှိပေသည်။

အခုလက်ရှိ ကျွန်တော်တို့ မြန်မာပြည်တွင် အချို့နေရာတွေဆိုရင် သောက်သုံးရေပြတ်လတ်မှုနဲ့ ကြုံတွှေ့နေရပါတယ်၊ ရန်ကုန်မြို့လို မြို့ကြီးမှာလည်း လွန်စွာဆိုးရွားတဲ့ ပူလောင်မှုကို ခံစားနေရပါတယ်၊ မုတ်သုံ အဝင်နောက်ကျလိမ့်မယ်လို့ ပညာရှင်တွေကလည်း ခန့်မှန်းနေကျပါတယ်၊ စလာပါပြီ သဘာ၀ အရင်းအမြစ်ဆုံး`ရှုံးမှုတွေ

လောပိတလို နေရာမျိုးရေခန်းသွားရင်၊ ဧရာဝတီမြစ်ကြီး ကောသွားခဲ့ရင်၊ သစ်တောတွေ တောင်ဂတုံးဖြစ်သွားခဲ့ရင်...

အဲ့ဒါတွေကို မသိ့ကျိုးကျွန်ပြု လစ်လှူရှူ့ထားမယ်ဆိုရင်ဖြင့် မတွေးဝံလောက် အောင်ကို အန္ဆာရာယ်ကြီးမား လာနိူင်ပါတယ်....

သဘာဝကိုချစ်သော စိတ်များဖြင့် ဝိုင်းဝန်းထိန်းသိမ်းစောင့် ရှောက်နိူင်ကျပါစေဗျာ...

Friday, May 7, 2010

ဟင်းလင်းပြင်ကြီးထဲ ကျွန်တော်...

ဒေါက် ဒေါက် ဒေါက်

အခန်းတံခါးကို ဘယ်သူလာခေါက်နေသလဲ ? ငါတံခါးခေါက်သံ ကြားလိုက်ရတာ တစ်ကယ်လား ?

ဇဝေဇဝါနဲ့ အိပ်ရာထက်မှာ ထထိုင်ပြီး လမ်းထလျှောက်ဖို့ ကျွန်တော်ကြိုးစားတယ်၊ ဗြုန်းကနဲဆို အခန်းထောင့် အမှောင်ထုထဲ ကျွန်တော်ကိုယ်တိုင် နွံနစ်သလို စီးဆင်းသွားတယ်၊ ကျွန်တော် အသည်းအသန် ရုန်းထွက်ဖို့ ကြိုစားတယ် ချွေးစေးတွေ တဒီးဒီး ကျလာသည့်တိုင်း အချည်းနှီးပါဘဲ၊ တဖြည်းဖြည်း အမှောင်ထုထဲ တိုးဝင်သွားလိုက်တာ ကျွန်တော် ခုတင်နဲ့တော်တော်လေးဝေး သထက်ဝေးလာခဲ့ပါပြီ၊

ငါဘာဖြစ်တာလဲ၊ ကိုယ့်ကို ကိုယ်ပြန်စန်းစစ်ကြည့်တော့လည်း၊ အိပ်မက်လိုလို တစ်ကယ်လိုလိုပါဘဲ။

အဲလိုနဲ့ ကျွန်တော် အလိုက်သင့်ကလေ မျှောပါသွားလိုက်တာ ကျွန်တော် အခန်းမဟုတ်တဲ့၊ ကျွန်တော် တစ်ခါမှ မရောက်ဘူးတဲ့ နေရာတစ်ခုကို ရောက်သွားတယ်၊ အဲ့ဒီနေရာက စီမ်းလန်း စိုပြည်နေတာကတော့ တော်တော်လေး ထူးခြားတယ်၊ ကျွန်တော့် အိပ်မက်ထဲက စိတ်ကူးယာဉ်ဖူးတဲ့ ပန်းခြံလေးထဲ ရောက်နေသလိုခံစားရတယ်ဗျ၊ စောစောလေးက ညစ်ငြူးနေတဲ့စိတ်တွေ တစ်ခဏအတွင်း ပြန်လည်လန်းဆန်းလာတယ်ဗျာ။ ကျွန်တော်လည်း မသိ့စိတ်စေရာ လိုက်ပါသွားရင်းက၊ လူတွေပြုပြင်ထားတဲ့ ရေတံခွန် အသေးစားလေး တစ်ခုအနား ရောက်မှန် မသိ့ရောက်လာခဲ့တယ်၊ ကျွန်တော့်စိတ်တွေ ရေအလျှင်အတိုင်း စီးဆင်း လိုက်ပါသွားပြန်တယ်၊ အဲ့ဒီအချိန်မှာ ကျွန်တော်တမ်းတ မိ့တာက ရွက်လှေတစ်စင်းနဲ့ ရွက်လွှင့်လိုက်ချင်တဲ့ ဆန္ဒတစ်စုံပါဘဲ။

အဲ့ဒီနောက်....

ကျွန်တော့်အာရုံထဲမှာ ဖြူ၊ ပြာ၊ နီ၊ ဝါ အရောင်ပေါင်းစုံ စီုးမိုးလာပြန်ပါတယ်၊ အာရုံတွေလည်း အရောင်တွေနောက် ကောက်ကောက်ပါ အပြေးကလေး ကပ်ညိ့သွားပြန်တယ်၊ အရောင်တွေ တစ်ခုနဲ့တစ်ခု ဖြည်းဖြည်းခြင်း ရောစပြုလာတယ်၊ အဲ့ဒီလိုနဲ့ ပိန်းပိတ်မှောင်သွားပြန်တယ်၊ အမှောင်ထုထဲက ပြာလဲ့လဲ့ မီးတောက်ငယ်တစ်ခု ရှေးရိုး ဂီတသံစဉ် တစ်ပုဒ်နဲ့ အတူကခုန်နေတာကို
ကျွန်တော်မြင်နေရတယ်၊ သံစဉ်နောက်ကို အာရုံတွေ အစုအလိုက်အပြုံလိုက် လဲပြို ကျသွားပြန်ပါတယ်၊ တေးသွားတွေက နိမ့်လိုက်မြင့်လိုက်နဲ့ ဂီတရဲ့ အရာသကို အစွမ်းကုန် ကျွန်တော်ခံစားမိ့နေတယ်၊ မျက်စိ့တွေလည်း အလိုလိုမှိတ်လျှက်နဲ့ ကျွန်တော်ကိုယ်တိုင် တေးသွားတွေနှင့် တစ်သားတည်းဖြစ်သွားတယ်ဗျာ၊ အဲ့ဒီအခိုက်အတန့်ကို ကျွန်တော် တော်တော်လေးနှစ်ခြိုက်မှန်းကို နောင်တော်တော်လေးကြာမှ သိ့ခဲ့ရပါတယ်။

ဗြုန်းကနဲ့ဆို ရုတ်တရက် တိတ်ဆိတ်သွားပြီး၊ ကျွန်တော် မျက်လုံး ပြန်ဖွင့်ကြည့်လိုက်တော့ ဘာမှ မရှိတဲ့ ဟင်းလင်းပြင်ကြီးထဲမှာ အလင်းရောင်တွေနဲ့ ကျွန်တော်ဘဲကျန်ခဲ့တယ်၊ ကျွန်တော့်ရင်ဘတ်ထဲမှာလည်း အလားတူ ဟင်းလင်းပြင်ကြီး တစ်ခုရှိနေခဲ့ပါတယ်၊ ဘာဆက်ဖြစ်မယ်၊ ဘယ်လိုခရီးဆက်ရမယ် ကျွန်တော်တစ်ကယ့်ကို မသိ့ခဲရိုးအမှန်ပါ၊ ကျွန်တော်စိတ်တွေလည်း ဟာလာဟင်းလင်းဖြစ်ကုန်တယ်၊ ဗလာကျင်ဖြစ်နေတဲ့ နှလုံးသားကို ကျွန်တော်မေးကြည့်တယ်၊ သူဘာမှ ပြန်မဖြေဘူး....

ကျွန်တော်မေးခွန်းသုံးခွန်းက

ငါဘယ်ရောက်နေတာလဲ ?

ငါဘာဖြစ်နေပြီလဲ ?

ငါဘာ့အတွက် ရှင်သန်တာလဲ ?

ဖြေကြည့်သင်ပါတယ်.....

Monday, May 3, 2010

“ဒီလိုပါဘဲ”

အခု ဒီ post လေးကို စစချင်း ဘာမှမရေဘဲ post အလွတ်တစ်ခုအနေနဲ့ ခေါင်းစဉ်တပ်ပြီး Draft ထဲသိမ်းပြီးတော့မှ ကျွန်တော်ဘာသာ ပြုံးမိ့သေးတယ်၊ အေးပေါ့လေ ခေါင်းစဉ်ကိုက “ ဒီလိုပါဘဲ ” ဆိုမှတော့ အဲ့လောက်တော့ ဖြစ်သင့်ပါတယ်ဗျာ..

ရင်းနှီးခင်မင်ရတဲ့ အပေါင်းအသင်း မိတ်ဆွေတွေ ဆုံတွေ့တိုင်း မေးလေ့ရှိကျတယ်၊ ဟေး ဘယ်လိုလဲဗျ၊ အလုပ်အကိုင် အခြေအနေ အစစ အရာရာ အဆင်ပြေရဲ့လား ဆိုတော့ ပြန်ဖြေဖြစ်ကျတဲ့ အဖြေလေးကတော့ “ ဒီလိုပါဘဲ” တဲ့ဗျ၊ လူတိုင်းလူတိုင်း ကိုယ်ပိုင် အချိန်တွေကို အရင်းအနှီးလုပ် ဝမ်းစာအတွက်ရှာဖွေသလို၊ ရှေးရေးအတွက်စုဆောင်းနိူင်ဖို့ ကြိုစားရုန်းကန်နေရပါတယ်၊ ဒါပေမဲ့ ရုတ်တရက်အဲ့လို မေးလာရင် ဖြေစရာ အဖြေတော်တော်လေးအခက် တွေ့ရပါတယ်၊ ပိုက်ဆံအရင်းအနှီး ရှိတဲ့သူများလည်း ထို့အတူပါဘဲ အရောင်း အဝယ်တွေ ထိုင်းရင် အဲ့လိုဘဲဖြေတတ်ကျတယ်ဗျ။

အဲ့လို မေးခွန်းမျိုးကို တစ်ချို့တွေကျတော့ တိ့တိ့ကျကျ ပြန်ဖြေတတ်ကျတယ်၊ သူတို့တွေကတော့ အစောကြီးကတည်းက အကွက်ချပြီး စံနစ်တကျ စီစဉ်ထားတတ်သူတွေ ဖြစ်ပါတယ်၊ ကျွန်တော်တို့ မြန်မာ လူမျိုးတွေမှာ ပြီးစလွယ် လုပ်တပ်၊ ပြောတပ်တဲ့ အလေ့အကျင့်ဆိုးကြီးက တော်တော်လေးကို ဆိုးရွားပါတယ်၊ တိုးတက်နေတဲ့ နိူင်ငံက လူတွေဆိုရင် စီးပွားရေးတစ်ခု၊ အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် စံနစ်တကျ အစီအစဉ်တွေစွဲ တွက်ချက်ပြီးမှ လုပ်ကျ ကိုင်ကျတယ်ဗျ၊ အဲ့ဒီတော့ သူတို့တွေ အောင်မြင်တာပေါ့၊

ကျွန်တော်ကိုယ်တိုင်လည်း အဲ့လိုဘဲ လွယ်လွယ်ဖြေတတ်တဲ့ အကျင့်ဆိုးက ရှိနေပြန်ပါတယ်၊ ကျွန်တော်တို့ ဘဝမှာ အောင်မြင်ချင်ရင်တော့ စံနစ်တကျ အကွက်ချပြီး ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတဲ့ Future Plan ကောင်းကောင်းတစ်ခုရှိဖို့လို အပ်ပါတယ်၊ ကျွန်တော် ကိုယ်တိုင်လည်း ကိုယ့် Personal Calendar တစ်ခုမှာ ဘယ်အချိန် ဘယ်အတိုင်းအတာ ရောက်ရင်ဖြင့် ငါဘယ်လို လက်မှတ်ယူမယ်၊ ဘယ်စာမေးပွဲတွေဖြေမယ်၊ အဲ့ဒီစာမေးပွဲတွေ ဖြေဖို့ လေ့လာချိန် ဘယ်လောက် စသည်ဖြင့် သတ်သတ်မှတ်မှတ်၊ ကိုယ့်ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို စံနစ်တကျ အကွက်ချ ပိုင်းခြားပြီး လုပ်ဆောင်နိူင်အောင် ကျိုးစားနေပါတယ်...

အောင်မြင်တိုးတက် ချင်းသော သူငယ်ချင်းများကိုလည်း၊ စံနစ်တကျ အစီအစဉ်များရေးဆွဲ၍ မိ့မိ့လိုရာ ပန်းတိုင်ကို လျှောက်လှမ်း နိူင်ကျပါစေဗျာ....

Monday, April 26, 2010

လူ့တန်ဖိုးကို ခွဲခြမ်းစိတ်ဖြာ ကြည့်ခြင်း

“တန်ရာ တန်ရာ ” နှင့် “မတူမတန်” ဆိုတဲ့ စကားနှစ်လုံး ဘယ်လိုကွာခြားသလဲ၊ လူတိုင်းလူတိုင်း မှာ ကိုယ်ပိုင် အခွင့်အရေး လုပ်ပိုင်ခွင့်၊ ပြောဆိုခွင့်ရှိမှသာ လူမည်ပါလိမ့်မယ်၊ ဒီလူတစ်ယောက်နှင့် ထိုက်တန်တယ် မတန်ဘူးဆိုတာကို လူမှု အသိုင်းအဝန်းမှာ ဘယ်လို ပေတံမျိုးနဲ့ တိုင်းတာလေ့ရှိသလဲ ဆိုတာကို စမ်းစစ်ကြည့်ကြရအောင်။

အမိ့နှင့်အဖ တို့မှမွေဖွားဆင်သက်ပေါက်ဖွားလာသော လူသားမျာပီပီ၊ ရှင်သန်နေထိုင်ရာ ပတ်ဝန်ကျင်းအသိုင်းအဝိုင်းမှ ကောင်းကျိုး ဆိုးမွေများကို ခံစားရမြဲပင်၊ ထို့အတူ မိမိ့တို့ရှင်သန် နေထိုင်ရာ ပတ်ဝန်းကျင်မှ အကျင့်စရိုက်များသည်လည်း ထိုသူများထံသို့ ကူးစက်စမြဲပင်၊ ဤသို့ဆိုလျှင် လူဆိုး၊ လူမိုက်တို့ နှင့် ပေါင်းသင်းနေထိုင်တိုင်း လူဆိုး၊ လူမိုက်ဟူ၍ ယူစ မရနိူင်ပါ၊ လူ၏အတွင်းစိတ်သည်သာလျှင် အဓိကဖြစ်ပေသည်။

လူသားမည်လျှင် အသက်အရွယ်နှင့် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို လိုက်၍ ခံယူချက်၊ ရပ်တည်ချက်၊ ရည်မှန်းချက်များ ပြောင်းလဲ တတ်ကျပေသည်။ လုပ်ငန်းပိုင်ဆိုင်ရာ အလေ့အထ များသည်လည်း လူကို ပြောင်းလဲစေတတ်ပါတသည်၊ သို့ပါ၍ အသက်အရွယ် ကြီးရင့်လာလေလေ အတွေ့အကြုံ ပိုများလာလေလေ ရင့်ကျက်မှု ပိုလာလေလေပင်ဖြစ်ပေသည်။ လူဆိုသည်မှာ အတ္တကိုယ်စိ ရှိတတ်ကျပေသည်၊ အတ္တဟူသည် လောဘ ဒေါသ မာန တို့၏ နောက်ဆုံး ရလဒ်ပင်ဖြစ်ပေလိမ့်မည်။ တစ်သီးပုဂ္ဂလဆန်သော အတ္တကြောင့် လူအများ ဒုက္ခသုက္ခ ရောက်သည်ဆိုလျှင် ထိုသူ၏ ကံကြမ္မာသည် မည်မျှဆိုးရွာလိမ့်မည်ကို ခန့်မှန်း မရနိူင်တော့ပါ၊

တစ်ချို့သောသူများကျတော့ သူတို့ရဲ့တန်ဖိုးကို ငွေကြေးနှင့်တိုင်းတာ တတ်ကျတယ်၊ သေသေချာချာ စဉ်စားကြည့် ကမ္ဘာပေါ်မှာရှိတဲ့ သန်းကြွယ်သူဌေးတွေ သေသွားတိုင်းသူတို့ ပိုင်ဆိုင်တဲ့ ငွေဘယ်လောက်များ ယူသွားနိူင်တယ်လို့ကြားဖူးပါသလဲ၊ မသေခင်ကာလမှာသာ ဥစ္စာပစ္စည်းနဲ့ ယှဉ်ပြီး မောက်မာ ထောင်လွှာနိူင်ပေမယ့်၊ သေသွားရင်တော့ အားလုံးအတူတူပါဘဲ။

"လူ+ငွေ=တန်ဖိုး???
လူ+တန်ဖိုး=ငွေ???
ငွေ+တန်ဖိုး=လူ???
ယုံကြည်မှုကို ငွေဆိုတဲ့ ပေတံနှင့်တိုင်းရင် ဘယ်လိုအဖြေထွက်မလည်း ???
အယူအစလေးတွေ အားမနာစတမ်း မန့်ခဲကြပါ....
အာလုံးတစ်နေ့ မြေကြီးထဲရောက်မှာ ငွေစကားပြောရင် ဘယ်လိုတုန့်ပြန်သင့်ပါသနည်း??? "

လူတိုင်း လူတိုင်း ကိုယ်ချင်းစာ တရားရှေ့ထား၍ ဤလောက လူ့ဘောင်ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်သင့်ပေသည် မဟုတ်ပါလား ခင်ဗျား

"လူမည်သည်ကား ထာဝရဘုရား၌ တည်လျှင် အသစ်ပြုပြင်သော အရာဖြစ်၏"

လူတိုင်းလူတိုင်း အတ္တ၊ မာန လျှော့ပါး၍ ဘုရားအလိုတော်နှင့် အညီ အချင်းချင်း စည်းလုံးညီညွတ် ရိုင်းပင်း ကူညီနိူင်ကျပါစေ...

Friday, April 23, 2010

ကျွန်တော်နှင့် မသက်ဆိုင်သော အတွေးအခေါ်များ...

၁။ ဝတ်အစား ဝတ်ဆင်မှုဆိုင်ရာ ခံယူချက် အတွေးခေါ်နှင့်ပတ်သက်၍

ကျွန်တော်တို့ မြန်မာလူမျိုး အများစုမှာ ပြည်ပရောက်ရင် ကိုယ့်လူမျိုး ဝတ်စားဆင်ယင်မှု နဲ့ပတ်သက်ရင် အယူလွဲတတ်ကျတယ်ဗျ၊ ဘယ်နေရာရောက်ရောက် တော်သင့်ရုံ သေသေသပ်သပ်နဲ့ ဝတ်စားဆင်ယင်ဖို့ အဓိကကျပါတယ်၊ ဘယ်ဟာမဝတ်ရဘူး ဘယ်ဟာဘဲဝတ်ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုး ကျွန်တော်လုံး၀ မနှစ်သက်ပါဘူး၊ မှားနေတယ်လို့ ယူဆပါတယ်၊ အဲ့ဒီအရပ်ဒေသနဲ့ မလိုက်ဘက်တဲ့ မြန်မာဆန်ဆန် အကီၤျ လုံချည် ဝတ်စား ဆင်ယင်သူကို မှားယွင်းစွာ လှောင်ပြောင်ကျသည်မှာ အလွန်တရားမှားယွင်းသော အတွေးအခေါ်အယူအဆဖြစ်ပေသည်။

၂။ ဘာသာရေးဆိုင်ရာ အယူသီးမှုနှင့် ခံယူမှုပြင်းထန်ခြင်းနှင့်ပတ်သက်၍

လူမည်လျှင် မိ့မိ့တို့ ယုံကြည်သက်ဝင်ကိုးကွယ်ရာ ဘာသာကိုစီရှိကျသည်၊ မိ့မိ့ ယုံကြည်ကိုးကွယ် သောဘာသာအား သူတစ်ပါး ယုံကြည်သက်ဝင်အောင် တရာလွန်း ဟောပြော စည်းရုံးခြင်း၊ သူတစ်ပါးယုံကြည်ချက်အပေါ် တစ်ဖက်သက် ယူစတွေးခေါ်ခြင်း မလုပ်အပ် မလုပ်သင့်ပေ၊ လူတိုင်း လူတိုင်း ဘာသာတရား အဆုံးအမ လိုအပ်သည် ရှိအပ်ပါသည်၊ သို့ပါသော်လည်း လိုအပ်သည်ထက် ပိုလွန်းပါကလည်း မလိုလားအပ်သော အငြင်းပွားစရာ ကွဲလွဲစရာများ ကို ဖြေရှင်းရခက်တတ်ပါသည်။

၃။ ဗေဒင်၊ ရှေးဖြစ် အကြားအမြင် အပေါ် အလွန်အမင် ယုံကြည်သက်ဝင်ခံစားမှု

လူတိုင်း မိ့မိ့အကြောင်း မိ့မိ့ထက်ကို ပိုသိ့နိူင်သောသူကို ပိုအထင်ကြီးတတ်ပေသည်၊ ဤသည်မှာ ထိုသူတို့၏ ပညာပါရမီ ဖြစ်ကောင်းဖြစ်ပေမည်၊ သို့သော် ထိုကဲ့သို့သော အရာများအပေါ်တွင် အလွန်အမင်း စွဲလန်းပါကလည်း ဘဝပျက်မတတ် ခံစားရနိူင်ပေသည်၊ ဘုရားမှ လွဲ၍ မိ့မိ့ထက် မိ့မိ့အကြောင်းကို ပိုသိ့နိူင်သူ ရှိမည်ဟုမထင်ပါ၊ ပညာရှင်များကို စော်ကားခြင်းမဟုတ်၊ ယုတ္တိ တန်စွာ စဉ်းစား ဆင်ခြင် မှုသာဖြစ်ပါသည်။


၄။ သိမ်ငယ်နိမ့်ပါးသူများအပေါ် အထင်သေးအမြင်သေး မောက်မောက်မာမာ ဆက်ဆံခြင်းနှင့်ပတ်သက်၍

ဘာလဲဗျာ ဇာတ်နိမ့်၊ ဇာတ်မြင့်၊ အီဖဲလ် မျော်စင်ပေါ်တက်နေမှ အဆင့်အတန်းမြင့်မှာလား၊ ဖိုက်စတား ဟိုတယ် တက်စားမှလား၊ သိန်ထောင်ချီတဲ့ ဇိမ်ခံကား စီးနိူင်မှလား၊ နောက်ဆုံး လူဟာလူဘဲ ဆိုက်ကားဆရာလည်းလူဘဲ၊ သူဌေးသားလည်းလူဘဲ ပစ္စည်း ဥစ္စာ မကြွယ်ဝပေမဲ့ စိတ်ချမ်းသာဖို့ အရေးကြီးတယ်၊ အရမ်းချမ်းသားပြီ ဥစ္စာမာန မောက်မာနေရင် လူမဟုတ်ဘူး၊ အောက်ခြေလွတ်နေတဲ့ “လွတ်” ဖြစ်မယ်၊ အားရှိတိုင်း လေပေါ်မှာ နေချင်တာကိုးဗျ၊ မကြာသေးခင်ကဘဲ သန်းကြွယ်သူဌေး တစ်ယောက် ရှိသမျှအကုန်လှူပြီး စိတ်ချမ်းသာ အောင်နေတယ်ဆိုဘဲ၊ သူကဘဝရဲ့ စစ်မှန်တဲ့ အတွေးအခေါ်ကို ရသွားလို့ဖြစ်မယ်၊ ပြောမယ့်သာပြောတယ် ကျွန်တော် ကိုယ်တိုင်လည်း အတ္တတော့ သိပ်မကင်းပေဘူးဗျ၊ လူထဲက လူဘဲလေဗျာ၊ ဒါပေမဲ့ အတ္တမကြီးဖို့ အရေးကြီးတယ်။ ပြောချင်တာကို လူတိုင်းကို လူလူသူသူ ဆက်ဆံတတ်ရင် ကိုယ်လည်း စိတ်ချမ်းသာသလို၊ ကိုယ့်ပတ်ဝန်ကျင်းလည်း အေးချမ်းမယ်ဗျာ။ လူကို လူလို ဆက်ဆံပေါင်းသင်း ဆက်ဆံနိူင်ကျပါစေ။

၅။ တစ်ပါးသူများအပေါ် အလွန်အမင်း ယုံကြည် စိတ်ချခြင်းနှင့်ပတ်သက်၍

ခက်တယ်ဗျာ ကျွန်တော်ကိုယ် ကျွန်တော် တော်တော်လေးကို စိတ်ကုန်တယ်။ လူတိုင်း လူတိုင်းကို ကိုယ်လိုချည်းဘဲတွေး ထင်တတ်တာကိုးက ကျွန်တော့်အားနည်းချက်ပါဗျာ၊ ကိုယ်က အကောင်းဆုံ့း အတတ်နိူင်ဆုံး ပေးဆပ်ပေမယ့်၊ ကိုယ့်ကို ကောင်းကောင်း ဆုံးမသွားတဲ့ သူတွေချည်းဘဲဗျ၊ အဲ့ဒီတော့လည်း နောင်များဆိုရင်တော့၊ အတတ်နိူင်ဆုံး အဲ့ဒီအတွေးအခေါ်မျိုးကို မစဉ်းစာ မတွေးခေါ်ဘဲ ချင့်ချိန်ရပါတော့မယ်။

၆။ မထားသင့်သော မာနများနှင့် ပတ်သက်၍

မာနဆိုတာ ကိုယ့်ကို ကိုယ် အခြောက်တိုက် အထင်ကြီးခြင်း တစ်မျိုးဟူ၍ ကျွန်တော်ခံစားမိ့ပါသည်။ မာနဟူလျှင် မကောင်းသော အချက်များသာ ပါဝင်စီးမျှောနေတတ်ပါသည်။ ပညာရှိမာန၊ ပညာမဲ့မာန ဟူ၍ လူများခေါ်ဝေါ်သမုတ်တတ်ကျပါသည်။ ပညတတ်ခြင်း၊ မတတ်ခြင်းသည် လူမှုပါတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့်သာ အဓိက တိုက်ရိုက် အချိုးကျ သက်ဆိုင်ပါသည်။ မိ့မိ့ကိုယ်တိုင် ကိုက ပညာ လိုလားလျှင်လည်း ထူးချွန် ဖြစ်မြောက်နိူင်စွမ်း လူတိုင်း လူတိုင်း အတွက် အသင့်ရှိနေပါသည်။ မာနမီး လောင်မြိုက်ပါက အဘယ်ကဲ့သို့သော ဆေးမျှ ကူညီခြင်းကာ မတတ်စွမ်းနိူင်ရာ။ မာနဆိုသည်ကာ အတ္တကြီးခြင်း၏ နောက်ဆက်တွဲ ကိုယ်ပွားပင်ဖြစ်ပေတော့သည်။

၇။ မှားယွင်းသော အလှူဒါနများနှင့် ပတ်သက်၍

မရှိ့လိုမလှူ၊ မလှူလို့မရှိတဲ့ဗျ...

ရှိတဲ့လူတွေကလည်း ကိုယ့်ဂုဏ်တက်ဖို့ အတ္တကိုရှေ့တန်းတင်၊ ပကာသနတွေကို ဦးစားပေး သဒ္ဒါတရား ထက်သန် ချင်ယောင် ဆောင်ပြီး အလှူအတန်းကြီးများ ထမင်းရေချောင်းစီး မောင်းတီးပြီး လှူကျလေရဲ့၊ ကျွန်တော့်အထင်တော့ မုဆိုးမအိမ်က ထွက်လောင်းတဲ့ အာရုံ ဆွမ်းလောက် မမွန်မြတ်ပေးဘူးနော်၊ လှူကတည်းကိုက စေတနာသုံးတန် ပြတ်မှ မပြတ်ပေဘဲကိုးဗျ၊ ငါ့ရှိလို့ ငါလှူတာ ဆိုတာကလည်းပါသေးတယ်၊ စေတနာပါမှ လှူတာ ပိုထိ့ရောက်ပါတယ်၊ အလှူခံတဲ့ပုဂိုလ်ရော၊ အလှူပြုတဲ့သူပါ အဲ့ဒါမှ ဒါနမြောက်ပေမပေါ့ဗျ။ ခုတော့ဗျာ ခက်နေတာက အလှူခံတဲ့သူကလည်း ဒေါ်လာပါမှ၊ လှူတဲ့သူကလည်း ငါ့မိုလို့ ဒေါ်လာလှူတာ ဆိုသလိုမျိုးတွေ့တွေ့ နေရသကိုးဗျ၊ ခက်တော့ နေပြီ ဒေါ်လှရေ...

Thursday, April 22, 2010

ငါပိုက်ဆံအတွက် Blog မရေးဘူး...
ဂုဏ်သိက္ခာအတွက် မရေးဘူး...
စည်းလွတ်ဝါးလွတ်လည်း မရေးဘူး...

ရူးသွပ်စွာရေးမယ်။
ငတ်မွတ်စွာရေးမယ်။
အမှန်တရားတွေရေးမယ်။

ငါရေးတာ ငါ့ကိုယ်ပိုင်ခံစားချက်၊ တွေ့ရှိချက် နဲ့ ငါကျွမ်းကျင်တာကို ချပြတာဖြစ်တယ်၊ ဘယ်တော့မှ သွေဖည်းပြီးလည်း ရေးဖြစ်မယ်မထင်ဘူး၊ ငါ့ကိုလှောင်ပြောင်နိူင်တယ်၊ သရော်နိူင်တယ်၊ ဝေဖန်နိူင်တယ်၊ တားစီး ပိတ်ပင်ခွင့်တော့ ဘယ်သူမျှမရှိ။

ထောက်ပြဝေဖန်တာကို ငါငံလင့်တယ်၊ မျှော်လင့်တောင်းတတယ်၊ ကြိုဆိုပါတယ်။

အသုံးအနှုန်းတွေ မာထန်ကောင်း မာထန်မယ်၊ မာနတက်တာမဟုတ်၊ ပြတ်သားခြင်းမျှသာဖြစ်တယ်၊ မပြတ်သားရင် ခံစားရမယ့် အတိုင်းအတာ ဘယ်လောက်ထိ့ရှိမလဲ ငါ့ကိုယ်တိုင်မသိ့၊ ခုရှုပ်မှ နောင်ရှင်းမယ်အဖြစ်မျိုးမို့ ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ဖော် ပြထားတာဖြစ်တယ်၊

ဆယ်စုနှစ် တော်တော်များများကို ငါဖြတ်ကျော်လာခဲပြီ၊ ခုထိငါ့ ဘာမှ မဖြစ်သေးဘူး၊ ဘယ်မှ မရောက်သေးဘူး မကျေနပ်ရင်တော့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်ရုံဘဲရှိတယ်၊ ငါတို့ဘာလို့ အဲ့လို ဖြစ်ခဲ့တာလဲ၊

စေ့စေ့တွေး ရေးရေးပေါ်ဆိုသလို အဲ့ဒီခေါင်မိုး မလုံတဲ့ကိစ္စဘဲ ပြန်ပြန်ရောက်လာတယ်၊ ဒီကြားထဲ လေကတိုက်လိုက်သေးတယ်၊ မလုံတဲ့ ဒီခေါင်းမိုး လေနဲ့ ပါသွားတာမှ အေးသေးတယ်၊ အခုထက်ထိ ဒီလောင်းရိပ်အောက်က ငါတို့ မလွတ်မြောက်နိူင်သေးဘူး၊

စာများများဖတ်ပါ၊ လူမှန်နေရာမှန် တွေးခေါ် ချင့်ချိန်စဉ်းစားပါ၊ မှန်တာပြော ဟုတ်တာလုပ်နေတာကို ထောက်ခံသင့်ပါတယ်၊ ရင်ထဲက ဆန္ဒတွေ ပြန်မျိုမချနဲ့ ကိုယ့်လူတို့ရေ၊ ဖွင့်ဟထုတ်ဖော်မှ အဲ့ဒီအသီးအပွင့်ကို ခံစားရမယ် မဟုတ်လား။

သေချာတာ ငါကတော့ ရပ်မနေဘူး၊ လက်တွေလှုပ်နေတယ်၊ ခေါင်းကစဉ်းစားတယ် အချိန်ရှိတိုင်းပေါ့လေ၊ ဒီသမုဒ္ဒရာ ဝမ်းတထွာ အတွက်လည်း လှုပ်ရှားရုန်းကန် ရင်းနဲ့ပေါ့။

ညီညွတ်စွာနဲ့ တွန်းလှန်ကျပါ၊ ဒီအတိုင်းနေရင် ခင်ဗျားတို့မျိုးဆက်တွေ ဒုက္ခများမယ်၊ အသိ့ပညာမဲ့မယ် နောက်ဆုံးဗျာ လူမျိုးတုံးမယ်...

ဘယ်နေရာ ဘယ်ဒေသရောက်ရောက် မျက်နှာငယ်ရမယ်၊ ကောင်းတာ တစ်ခုမှ မရှိ့ဘူး၊ ပိုဆိုးတာက လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်ကို လုံးဝအတိတ်မေ့သလို၊ တောင်းဆိုရကောင်းမှန်း သိ့မှာ မဟုတ်တော့ပါဘဲ။

အမှန်ကို အမှန်တိုင်း မြင်နိူင်ပြီး၊ ကြိုးစားတွန်းလှန်နိူင်ကျပါစေ

အားလုံးငြိမ်းချမ်းကျပါစေ....

Wednesday, April 21, 2010

Deposit ကစတယ်....

ကျွန်တော်ကံဇာတာ တက်လာတာပေါ့ဗျာ

ဆွေးမျိုးနီးစပ် ညီတစ်ယောက် ကျောင်းလာတက်တယ်ဗျာ၊ မလာခင် ကတည်းက အခန်းရှာပေးရတယ်၊ ပြီးတော့ လေဆိပ်သွားကြိုပြီး အခန်းလိုက်ပို့ပေးရတယ်၊ နောက်တော့ အတူတူနေဖို့ဖြစ်လာတယ် တတ်နိူင်ရင်ကျွန်တော်က ကိုယ့်ထက် အသက်ငယ်သူတွေနှင့် တရင်းတနှီး မနေချင်ပါ၊ အရိုအသေတန်မှာစိုးလို့လေ ကျွန်တော်ကိုယ်တိုင်လည်း လူကြီးတစ်ယောက်လို့ ခန့်ခန့်နဲ့ စန့်စန့်ကြီး မနေချင်တာလည်းပါမှာပေါ့လေ။ အဲဒီလိုနဲ့ အတူတူနေမှ စရိုက်ကပေါ်လာတယ် အကြောင်းလည်း ပိုသိ့လာတယ်၊ ပျင်းလိုက်တာမှလွန်ရော
စားသောက်ပြီးတဲ့ ပုဂံခွက်ယောက်တွေကို တော့ဆေးကြောပါရဲ့၊ ချက်ပြုတ်ပြီး ဒီအတိုင်းထားတယ် တစ်ခါတစ်လေ မှိုတောင်တက်တယ်၊ ထမင်းသိုးတာကတော့ အရည်ကိုထွက်လို့၊ နောက်ဆုံးတော့ ဒီငပွကြီးဘဲ အကုန်လိုက်ရှင်းရတယ်၊ အလုပ်ကမောမော ပန်းပန်း ပြန်လာတိုင်း အဲ့ဒါကို ရှင်းလင်းရေးလုပ်ရတယ်ဗျ၊ ကျွန်တော် တစ်ခါမှ အပြစ်တင် စကား မပြောလိုက်ပါဘူးနော်။

အဲ့လိုနဲ့ ဖုန်းလိုင်းလျှောက်ချင်တယ် ဆိုတော့ သွားလျှောက်ကျတယ်၊ ကျောင်းသားဆိုရင် Deposit ၂၀၀ တင်ရမယ်ဆိုလို့၊ ကျွန်တော်ဘဲဖုန်းလျှောက်ပေးလိုက်ပါတယ်၊ ဖုန်းစာချုပ်က ၂ နှစ် သက်တမ်းဆိုတော့၊ မလုပ်ခင်ကတည်းက နှုတ်ကတိ့နဲ့ နောင်ဖြစ်လာမယ့် အရာတွေကို တာဝန်ယူပါတယ်လို့ ပြောလာတော့၊ မျက်စိ့မှိတ်ပြီး လုပ်ပေးလိုက်မိတယ်၊ အဲ့ဒီ Deposit ကစတာဘဲ....

၁ နှစ်ကျော်ကျော်လေးမှာ ကျောင်းပြီးသွားတော့၊ ဖုန်းလိုင်းပိတ်ဖို့ တွန်းတွန်းတိုက်တိုက်ပြော ပေမယ့် တစ်ကယ်တန်း ပြန်ခါနီးကျတော့ သူ့လက်ထဲ ပိုက်ဆံလက်ကျန် နည်းမှာ စိုးတာနဲ့ ဖုန်းလိုင်မပိတ်ဘဲ ၂ လ၊ ၃ လ လောက် ခေတ္တ ရပ်ထားခဲ့တယ်၊ လိုင်းပြန်ပွင့်တာနဲ့ ကျွန်တော့်စီကို Reminder နဲ့ Bill တွေတန်းစီလာတော့တာဘဲ၊ နောက်ဆုံး Bill ကို မေးလ်ပို့လိုက်သေးတယ်၊ ရှေ့နေရုံးက စာလာရင်တော့ မင်းရှင်းရမှာလို့ပြောတော့၊ အဲဒီအထိ့ကို အေးအေးဆေးဆေးဘဲ။

နောက်ဆုံးသတိ့ပေးစာ ပို့ပြီးရှင်းဖို့ပြောတော့မှ ဇာတ့ိကစတာဘဲ၊ ဧပြီလ သင်္ကြန်ပြီးမှ ပေးပါရစေတဲ့၊ ဘယ်လိုမှ မဖြစ်နိူင်ဘူး ကျွန်တော်စွဲဆန့်လာတဲ့ အချိန်တွေကများပြီ၊ နောက်ဆုံးတော့ ကျွန်တော်ကဘဲ လူလည်ကျပြီး မတော်မတရားလုပ်သလို ဖြစ်ကုန်ရော၊
မိ့ဘများ သားသမီးစကား ရုံတော့ စုံလုံးကန်းဆိုသလိုပေါ့လေ၊ ကျွန်တော့်ကို စစ်မယ်ဆေးမယ်ဖြစ်ကုန်ရော၊ ကျွန်တော်ကလည်း ရှိသမျှ စာရွက်စာတမ်း အပြည့်အစုံ ပို့ပေးလိုက်ပါတယ်၊ နောက်ဆက်တွဲ ရလဒ်ကတော့ ကျွန်တော့် သိက္ခာထိ့ခိုက်မယ် စကားတွေကို သပုတ်လေလွင့် ယောကျာ်းတန်မဲ့ ပြောကုန်ရောဗျာ၊ ပိုက်ဆံရှိတိုင်း အရာရာကို အနိူင်ရလိမ့်မယ်လို့ ထင်ထားရင်မှားမှာပေါ့၊ ကိုယ့်စေတနာ ကိုယ်အကျိုးပေးမှာပါဘဲ၊

အဲလိုနဲ့ စောင့်လာလိုက်တာ တစ်လကျော်ကျော်ကြာသွားတယ်၊ ကျွန်တော်ယုံကြည်ရတဲ့ အဲ့ဒီကောင်လေးရဲ့ အဖေကပါ ရှောင်ပြေးပါတော့တယ်၊ အော် ပိုက်ဆံရှိတဲ့ လူတွေများ ပိုက်ဆံနဲ့ ပတ်သက်လာရင် လိမ်ဖို့ ဝန်မလေးကျပါလား လို့ ကျွန်တော် ကောက်ချက်ချမိ့တယ်၊ ကျွန်တော့်ကိုယ်နှိုက်က သူတစ်ပါး အပေါ်မှာ သဘောထားပြည့်ဝလွန်းတာပါလေ၊ ဘယ်သူမပြု မိ့မိ့မှု ကိုယ့်ဘာသာ ကိုယ်ဘဲရှင်းလိုက်ရပါတော့တယ်ဗျာ။

Saturday, April 17, 2010

စိတ်ဓာတ် Pollution (Ethic Pollution)

လေထုညစ်ငြမ်းတာ၊ ရေထုညစ်ငြမ်းတာ ထက် စိတ်ဓာတ်တွေ ညစ်ငြမ်း ကြမ်းတမ်းကုန်တာက ပိုပြီးဆုံးရှုံးမှုပိုများပါတယ်၊ ကျွန်တော်တို့ အမြဲပြောလေ့ရှိကျတယ် “လူ့သဘာ၀ ဘဲလေ”ဆိုတဲ့စကားတစ်ခွန်း သေသေချာချာ ပြန်တွေကြည့်ရင်၊ မဟုတ်တာ လုပ်ပြီးမှ အဲ့ဒီခေါင်းစဉ်ကို တပ်မယ်ဆိုရင်တော့၊ အတော်လေးကို လွဲချော်နေသလိုခံစားရပါတယ်၊

တစ်ချို့ကျတော့ ပိုက်ဆံချမ်းသာတယ် စိတ်ဓာတ် အောက်တန်းကျတယ်၊ ယုတ်မာတယ်။ သက်ဆိုးရှည်တယ်ဗျ။

တစ်ချို့ကျပြန်တော့လည်း ဆင်းရဲတယ်၊ စိတ်ထားမြင့်မြတ်တယ်၊ စိတ်ချမ်းသာတယ်၊ အသက်မရှည်တတ်ဘူး။

လူဆိုတာ သဘာဝပတ်ဝန်းကျင်အလိုက် မှီတင်းနေထိုင်ပြီး အပြန်အလှန် လေးစား၊ စာနာမှု ရှိမှသာလျှင် ဤလောကလူဘောင် အတွင်းဝယ် သာယာချမ်းမြေ့သော နေများစွာ ပေါ်ပေါက်လာမှာ အမှန်ပင်ဖြစ်ပေသည်။

Friday, April 9, 2010

ကျွန်တော်နှစ်သက် ခုံမင်သောအရာများ

ကမ္ဘာကြီး လုံးသလား၊ ပြားသလား ကျွန်တော်မသိ့ချင်ဘူး

သူ့ကိုချစ်တတ်ဖို့ဘဲ ကျွန်တော်ကြိုးစားတယ်ဗျ...

အဲ့လိုဘဲ ငှက်အမျိုးအစား တော်တော်များများကို ကျွန်တော်ကွဲကွဲပြားပြား

မသိ့မေယ့်၊ သူတို့ကို ရှာရှာဖွေဖွေလိုက်ကြည့်ရတာကို ကျွန်တော်နှစ်သက်တယ်...

ဂစ်တာတစ်လက်နဲ့ သံစဉ်ရှာပြီး သီးချင်း မစပ်တတ်ပေမယ့်

ရစ်သမ်ညက်ညက်ကလေးခေါက်ပြီ သီချင်းငြီးနေရတာကိုလည်း ခုံမင်ပါတယ်.....

ကင်မရာ အကောင်းစားတစ်လုံး လွယ်ပြီး စတိုင်ကျကျရှိုးမထုတ်နိူင်ပေမယ့်

သဘာဝထဲက ပြန်မရယ် ပုံရိပ်တွေကို ဖမ်းယူထားနိူင်တဲ့အတွက် ကျွန်တော်နှစ်ခြိုက်ပါတယ်...

အဲလိုဘဲ စိတ်တိုင်းကျ အလိုရှိရာ စကားလုံးတွေကို ရေးတင်ထားနိူင်တဲ့

Blogger စာမျက်နှာတွေကို ကျွန်တော်မြတ်နိုးတယ်.....

သင်္ကြန်ဘယ်လဲ ? သင်္ကြန်ဘာလဲ ?

ဆောင်းအကုန် နွေအကူ ပူပြင်းလှတဲ့ရာသီမှာ၊ လူတိုင်းလူတိုင်း အပူတွေငြိမ်းစေဖို့ မြန်မာ့ နှစ်ကူး အတာသင်္ကြန် အချိန်အခါ ရောက်လို့ လာပြန်ပါပြီ၊ နေရာ ဒေသအလိုက် ရိုးရာ အတာသင်္ကြန်ဆင်နွှဲပုံ ကွားခြားတာ မြန်မာလူမျိုးတိုင်းသိ့ပြီးဖြစ်ပေသည်။

သို့သော်...

ကျွန်တော်ဒီမှာတွေ့ နေတာကတော့ မထူးပါဘူး၊ မူးပြဲကွဲပြီး ကျွဲတွေလို့ ရွှံလူးနေကျတာဟာ တော်တော်လေး စိတ်ညစ်စရာကောင်းသလို့ သရုပ်ပျက်လှပါတယ်၊ ကိုယ့်ရိုးရာ ယာဉ်ကျေးမှုကို ထိန်းသိမ်းရမယ့်အစား အခုလိုအရှက်မဲ့တဲ့ အလုပ်မျိုးကို ဘာလို့များ လုပ်နေကျပါလိမ့်လို့ တွေးမိ့တယ်။

တို့ဘိုးဘွားတွေရဲ့ နှစ်သစ်ကူ အတာသင်္ကြန်မှာ DJ မပါဘူး၊ Whiskey မပါဘူး၊ ခွက်စောင်းခုတ်တာ မပါဘူး၊ ရွှံလူးတာ မပါဘူး၊ ငွေခွက်ထဲက နံ့သာရေကို သပြေခက်နဲ့ ပက်တဲ့ ချစ်စရာ အလေ့အထ ဘယ်ပျောက်ကုန်ပြီ မသိ့....

ဒိမယ် ကိုယ့်လူတို သောက်ချင်ရင် ခေါင်းစဉ်တပ်စရာမလိုဘူး ပိုက်ဆံရှိလို့ကတော့ ပုလင်းလဲ လူလဲစွဲလို့ရတယ်၊ မရောထွေးပါနဲ့၊ မဖျက်စီးပါနဲ့။

သင်္ကြန်ရဲ့ အေးချမ်းခြင်း ပုံရိပ်ကို အပူတွေလောင်းမထည့်ပါနဲ့၊


အေးချမ်းပါစေ သင်္ကြန်ရေ...

Sunday, April 4, 2010

“ည”ကို ရင်ခွဲကြည့်ခြင်း

ညကတဖြည်းဖြည်း နက်လာပြီ၊ ကျွန်တော်အိပ်မပျော်သေးဘူး၊ ထထိုင်ပြီး စာရေးဖို့ကြိုးစားတော့လည်း ခေါင်းထဲက ဘာမှ ထွက်မလာဘူး၊ ကိုယ့်ရင်ဘတ် ကိုယ်ငုံကြည့်တော့ အိပ်ချင်မူးတူး ဖြစ်နေလေရဲ့.....

သူအိပ်ချင်ပေမဲ့ ကျွန်တော်က အိပ်ပျော်ဖို့ စိတ်ကူးလို့တောင်မရဘူး ဖြစ်နေတာ့၊ အခန်းထောင့်က စာကြည့်စားပွဲစီ ခြေထောက်တွေ သယ်ဆောင်ရာ အလိုက်သင့် သွားထိုင်လိုက်မိ့ပါတယ်၊ လက်တွေကလည်း သူအလိုလို ကျွန်ပျူတာ မော်နီတာကို ဖွင့်ပြီးသား တစ်ဆည်တည်း ဆိုသလိုမျိုး ခေါင်းထဲက စာသားတစ်ချို့ထွက်ကျလာတယ်၊ စာစရိုက်မလို့ လုပ်နေတုန်း ကျွန်တော်စိတ်ထဲ တစ်မျိုးလေးဖြစ်သွားသမို့ ကျွန်တော့်ရဲ့ ညာဘက်အခန်းထောင့်ကို သေသေချာချာ စူးစိုက်ကြည့်မိ့တယ်၊ သေချာပါတယ် လူတစ်ယောက် ကြုံကြုံလေးထိုင်နေတယ်၊ နောက်တစ်ခု ပိုသေချာတာကတော့ အဲ့ဒီကောင် သူခိုးလုံးဝမဖြစ်နိူင်ဘူးဗျ၊ သူရောက်နေတာ တော်တော်လေးကြာ နေပြီဗျ၊ ကျွန်တော်သတိ့ မထားမိ့လိုဖြစ်လိမ်မယ်။

ဒါနဲ့ကျွန်တော်လည်း

“ဟေး ... မင်းဘယ်သူလဲ၊ ဘာဖြစ်လို့ ငါ့အိပ်ခန်းထဲရောက်နေရတာလဲ”

ဘာမှပြန်မဖြေဘူး၊ ပေကပ်ကပ်လုပ်နေတယ်၊ ကျွန်တော်လည်း Flash Light ယူပြီး ထိုးမယ်လုပ်တော့မှ၊

“ဟေ့လူ ... ဓာတ်မိးနဲ့တော့မထိုးပါနဲ့ဗျာ၊ ကျွန်တော် တစ်ခါတည်း မာလကီးယားသွားလိမ့်မယ်ဗျ၊ ကျွန်တော်က...” “ည” ပါ....

“ဟေး..... မင်းစိတ်မှကောင်းသေးရဲ့လားကွ”

“ဟုတ်ပါတယ် ကျွန်တော် ည ပါ”

ခက်တော့နေပါပြီ၊ ဒီအရူးတစ်ကောင် ဘယ်လို လုပ်ပြီး အခန်းထဲဝင်လာပါလိမ့်၊ အလိမ္မာသုံးမှ ဖြစ်မယ်....

“ဒါဆိုလဲကောင်းပြီ မင်းဘာလို့ ငါ့အခန်းထဲဝင်လာပြီး ခုလိုတိတ်တိတ်လေး ထိုင်နေရတာလဲ”

“ကျွန်တော် တွေ့ကရာတွေသွားစားပြီး၊ ဗိုက်ထဲအခံရခက်တာနဲ့၊ ဂျွမ်းထိုးလိုက်တာဗျ၊ အထိုးလွန်ပြီး ခင်ဗျား အခန်းထဲရောက်လာတာဘဲ”

“ပြန်ထွက်မယ်လုပ်တော့၊ ခင်ဗျား အခန်းဝက အဘိုးကြီးက ပေးမထွက်ဘူး”

ဟေး.. ကြားသားမိုးကြိုး ငါလည်း ဘယ်သူ့ကိုမှ အိပ်ဖန်စောင့် မခန့်ထားရပါကလား၊ ခက်တော့နေပြီ

အိပ်ချင်စိတ်တို့ ဘယ်လို့ အငွေ့ပျံသွားသည် မသိ့။

“မင်း ဝင်လာတုန်းက ဂျွမ်းထိုးဝင်လာရင် ဂျွမ်းထိုးပြီး ပြန်ထွက်သွားပေါ့ကွ...”

“ဟုတ်သားဘဲ.... ကျွန်တော်ကြိုးစား ကြည့်လိုက်ဦးမယ်”

ဒုန်း ဒုန်း ဂ လုန်း......

ဟိုက် အကျိုးနည်း ဘယ်ကဘယ်လို ရောက်လည်သည် မသိ့သသေား Royal Whiskey ပုလင်းပြားလေး ကျွန်တော့ ခြေထောက်နား လာကျတယ်လေ...

“ကဲ ခင်းဗျားတွေ့ပြီးလား အဲ့ဒါ ကျွန်တော့်ဗိုက်ထဲက ထွက်ကျလာတာဗျ၊ ဘာတွေးမှန်း မသိ့ဘူး စွတ်ရွတ်ပြီး ဝါးမိ့တာ”
“ အခုတော့ ဒုက္ခရောက်ပြီး၊ ခင်ဗျား အခန်းထဲရောက်ကတည်း ကဘာဖြစ်တယ် မသိ့ဘူး၊ ကျွန်တော်ဂျွမ်းထိုးလိုမရတော့ဘူး”
“ထိုးလိုက်တိုင်း ဇောက်ထိုးကြီးဖြစ်ပြီး ရပ်ရပ်သွားတယ်”
“အဲ့လို ထွက်ကျလာတာတော့ ပထမဆုံး အကြိမ်ဘဲ”

ဘုရားရေ၊ သူပြောတာတွေ နားထောင်ပြီး ကျွန်တော်တောင် ရူးကြောင်ကြောင် ဖြစ်လာသလိုဘဲ...

ကြောက်စိတ်တော့ မဝင်မိ့ဘူး၊ ထူးထူးဆန်းဆန်း ဆိုစိတ်ဝင်စားတတ်တဲ့ အကျင့်ကြောင့်ထင်တယ်၊ ထပ်မေးမိ့တယ်...

“ဟုတ်ပါပြီ၊ ဒါဆို မင်းဗိုက်ထဲမှာ ခုနပုလင်းပြားလေး လိုမျိုး အရာဝတ္ထုပညစ္စည်းတွေ ဘယ်လောက်ရှိနေသေလဲ”

“အင်း အနည်း ဆုံးခြောက်မျိုးလောက်တော့ ကျန်နေဦးမယ်ဗျ”

ဒီတစ်ခါတော့ ကျွန်တော်လည်း မျက်လုံးပြူးသွားတယ်ဗျာ..

“ခင်ဗျား မျက်လုံးကြီး အဲ့လိုပြူးနေတာ တော်တော်ရီစရာ ကောင်းတယ်နော်” တဲ့

သေတော့မှာဘဲ၊ အရေးထဲ အဲ့ဒီ “ည”ဆိုတဲ့ကောင်က ရီနေသေးတယ်၊ သတိ့ထားမိ့တာ သူ့ရီသံကိုက ခြောက်ခြောက် ကပ်ကပ်ဖြစ်နေတယ် ဆိုတာကိုဘဲ....

“မင်းကရီနိူင်သေးတယ်နော်၊ ငါမင်းကို ဘယ်လို ကူညီရမလဲ လို့စဉ်းစားနေတာဟ”

“အေးဗျာ တစ်ခုတော့ရှိတယ်၊ ခင်ဗျားမရွံတတ်ဘူး ဆိုရင်တော့ ကျွန်တော့်ရင်ဘတ်ထဲကနေ တစ်ခုပြီး တစ်ခု နှိုတ်ထုတ်ပေးပါလားဗျာ”

“ကျေးဇူးတင်လို့ကို ဆုံးမှာမဟုတ်ဘူး”

အရေးထဲ ကျေးဇူးတွေလှိမ့်တင်နေပြန်ပါပြီ၊ ကျွန်တော် အပြေးအလွှား စဉ်းစားနေတာက တစ်ခါသုံးလက်အိတ်တွေ ဘယ်နားမှာပါလိမ့် ဆိုတာကိုဘဲဗျ

“အေး... ကောင်းပြီလေ၊ ဒါဆိုမင်းခနစောင့်၊ ငါပြန်လာခဲ့မယ်”

ပြောပြောဆိုဆို မီးဖိုချောင်းကို ထထွက်လာလိုက်ပါတယ်၊ တစ်ခါသုံး လက်အိတ်တစ်စုံ အကျနအဝတ်ပြီး ပြန်ဝင်လာတာမြင်တော့။

“ခင်ဗျား လက်အိတ်ကြီးက အသည်းယားစရာကြီးဗျာ၊ အဲ့ဒါကြီး ကျွန်တော်ဗိုက်ထဲကျန်ခဲ့ရင် သုံးနှစ်လောက်တော့ ကောင်းကောင်း ခံစားရဦးမှာဗျ”

တော်တော်လျှာရှည်တဲ့ ကောင်းဘဲနော်.....

“ကဲပြော ဘယ်နေရာက နှိုတ်ထုတ်ရမှာလဲ၊ မင်းရင်ဘတ်ကို မခွဲဘဲနဲ့ ဘယ်လိုနှိုက်လို့ ရမလဲဟ”

“ရပါတယ် ခင်ဗျားနဲ့ကျွန်တော်က ပါဝါမတူဘူးလေဗျာ၊ ဒီအတိုင်းသာနှိုက်လိုက် သူအလိုလို ရင်ကွဲသွားလိမ့်မယ်”

“ကောင်းပြီလေ၊ ဒါဆိုငါစတော့မယ်နော်”

“အိုကေ၊ စတော့ဗျာ”

ကျွန်တော်လည်း မချင့်မရဲနှင့် သာသာယာယာ ညရင်ဘတ်ကို လက်အိတ်စွတ်ထားတဲ့ လက်ဖြင့် နှိုက်လိုက်တယ်ဆိုရင်ဘဲ၊ ပုလင်းပုပု သေးသေးလေး တစ်လုံးစစမ်းမိ့တယ်၊ အသာဆွဲထုတ်ကြည့်လိုက်တော့၊ Spirulina ဘီယာ ပုလင်းပုလေး ဖြစ်နေတယ်ဗျာ။

“အဲ့ဒီပုလင်းပုလေး ကျွန်တော့်ကို ဒုက္ခ အပေးဆုံးဘဲ”

“ကဲ ဒီတစ်ခါ တတိယမြောက် အရာဝထ္တကို နှိုက်ထုတ်မယ်”

“အဆင်သင့် ဖြစ်ပြီလား”

“အဆင်သင့် ပါဘဲဗျာ”

ဒီတစ်ခါစမ်းမ့ိတာက ရှည်ရှည်မျှောမျှောနဲ့ ရဘာဘူဖောင်းလိုအရာ ဝထ္တုတစ်ခု၊ ဆွဲထုတ်ပြီးကြည့်လိုက်တော့ ဟိုက်ရှားဘား ပုတ်သင်ညိုပါလား။

“ဂျယ်လီ မှတ်လို့ ဝါးမိ့ပါတယ်၊ ကြော်ငြာတွေ့မှ ပုတ်သင်ညိုဖြစ်မှန်သိ့တယ်”
“ပြောရင်းဆိုရင် အံချင်လာပြီး”
“ထွီဝေါ့....”

“ဟေး ဟေး ငါ့အိပ်ခန်းထဲ မအံချနဲ့လေကွာ”
“ဒုက္ခပါဘဲကွာ....”

“ကဲကဲ မင်းလက်မြန်မြန် သက်သာအောင်၊ ငါမင်းရင်ဘတ်ကို ဆွဲခွဲထားမယ်၊ မင်းကနှိုက်ထုတ် ဟုတ်ပြီလား”

“အင်း အဲဒါပိုကောင်းတယ် မြန်မြန်ပြီးတာပေါ့”

“ကဲစခွဲပြီဟေး နှိုက်ထုတ်ပေတော့”

ကျွန်တော် ညရဲ့ရင်ဘတ်ကို ဆွဲခွဲလိုက်တယ်ဆိုရင်ဘဲ၊ ညနှိုက်ထုတ်လိုက်သော လက်ကျန်ပစ္စည်းလေမျိုးကတော့ဖြင့်

ဟော့ဒေါ့ အမှတ်ဖြင့် မျိုချလိုက်တော့ အတောင်ပံပါတဲ့ Eva ရယ်၊ ကြေမွနေတဲ့ ရီးစားစာ တစ်ထုပ်ရယ်၊ မှင်ကုန်နေတဲ့ ဘောလ်ပင်တစ်ချောင်းရယ်၊ ပြီးတော့ ကွဲနေတဲ့ကြည့်မှတ်တစ်ချပ်ရယ်ပေါ့။

“ဟေး ကုန်ပြီလား”

“ကုန်သွားပြီးဗျ ခုမှဘဲရင်ထဲပေါ့သွားတော့တယ်”

“နောက်ကျုပ်ခုလို ဒုက္ခရောက်ရင်၊ ခင်ဗျားစီကိုလာမှ ထင်တယ်”

“ဒီမှာကိုယ့်လူ မင်းလာရင် ငါအိပ်ရေးပျက်တယ်၊ သန်းခေါင်မတိုင်ခင်လာချင်ရင်လာခဲ့”

“အဲ့ဒါတော့ မဖြစ်ဘူးဗျ၊ ကျွန်တော့်က သန်းခေါင်ကျော်မှ စပြီးဝါတီးဆွဲလို့ ရတာလေဗျာ”

“စိတ်ချပါ ကျွန်တော်ညတိုင်း ဒုက္ခမပေးပါဘူးဗျ”

“တစ်လ တစ်ခါလောက်ပေါ့၊ စိတ်ပေါက်ပေါက်နဲ့ တွေ့သမျှ စွတ်ရွတ်မျိုချလိုက်တာ ခုလိုဖြစ်ကုန်ရောဗျာ”

“မင်းကို ကူညီပြီးစကားပြောရတာ ငါအိုက်သလိုလိုဘဲ၊ ပြတင်းပေါက်ဖွင့်ဦးမှပါ”

“ဟေး... ၊ ညဆိုတဲ့ကောင်ထအော်တယ်”

ဘယ်လုအူကြောင်ကြောင်ကောင်လဲဆိုတဲ့ အကြည့်နှင့် ကျွန်တော်သူ့ကိုကြည့်တော့ ပြုံးပြတယ်၊ ဒီကောင့်သွားတွေး ဖြူဖွေးနေတာ သတိ့ထားမိ့တယ်။

“ဟေ့ကောင် အလန့်တကြားဘာဖြစ်တာလဲဟ”

“ကျွန်တော်လစ်လို့ ရပြီလေ၊ ခင်ဗျားက ကျွန်တော့်အတွက် တံခါးဖွင့်ပေးလိုက်ပြီးလေ”

“ကျေးဇူးဘဲဗျာ၊ ကျွန်တော်ဆိုတဲ့ညကို ရင်ခွဲကုသပေးတဲ ခွဲစိတ်ဆရာခင်ဗျားကို ကျေးဇူးပါ”

“မင်းကျေဇူးတွေ ငါ့အိပ်ခန်းထဲပြည့်သွားဦးမယ်ဟ ဖြေးဖြေး”

“ကဲရောင်နီလာတော့မယ်၊ ကျွန်တော်သွားပြီးဗျာ”

“နောက်လည်း ခုလို ဒုက္ခတွေရင်လာခဲ့ပါရစေနော်”

“ငါကူညီနိူင်တာဆိုရင် ဘယ်သူ့ကိုမဆို ငါအကောင်းဆုံးကူညီပါတယ်၊ အချိန်မရွေး မင်းလာနိူင်ပါတယ်”

“ကဲကဲ သွားပေးဦးတော့”

ညထွက်သွားတော့မှ ကျွန်တော်လည်း အခန်းရှင်းလင်း၊ ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ခဲ့ပါတယ်၊
မနက်နေတော်တော် မြင့်တောမှ ကျွန်တော်အိပ်ရာနိူးပါတယ်၊ ညတုန်းကေတော့ ခွဲစိတ်ခန်းဖြစ်ခဲ့တဲ့ ကျွန်တော်အိပ်ခန်း၊ အခုတော့ သူဘာမှ မသိ့သလိုနဲ့ အေးအေးဆေးဆေးဘဲဗျ။

ပြီးတော့သတိ့ထားမိ့တာက၊ အိပ်ရာဘေးကဖတ်လက်စ စာအုပ်တစ်အုပ်၊ စာအုပ်အမည်က “ညကို ရင်ခွဲကြည့်ခြင်း”တဲ့ဗျ....

Wednesday, March 31, 2010

ဘယ်သူလွန်သလဲ ?

မင်းဒီကို မလာခင်၊ မင်းကစ ဆက်သွယ်တာလား၊ ငါဆက်သွယ်တာလား၊ မင်းနေဖို့ အခန်းဆိုလို ငါ့မှာ အလုပ်တစ်ဖက်နဲ့ လိုက်ရှာရတယ်၊ လာတော့လည်း လေဆိပ်ဆင်းကြိုပြီး လိုက်ပို့ရတယ်။ နောက်တော့ မင်းအဲ့ဒီအခန်းမှာ အဆင်မပြေဘူး၊ ငါလည်း အလုပ်နဲ့ နီးနီး နေမလို အခန်းရှာတော့ မင်းအတူတူ နေချင်တယ်ဆိုတာနဲ့ ငါတို့ အတူနေဖြစ်ကျတယ်၊ အဲ့ဒီတုန်းက မရှိအတူ ရှိအတူ ငါတို့နေခဲ့ကျတယ်။

မင်းစဉ်းစားကြည့်စမ်းပါ ဟင်းချက်စရာ ဝယ်လည်းငါ၊ ဘီယာဝယ်လည်းငါ၊ တစ်ခါတစ်ခါ ငါမသောက်ဖြစ်ရင် မင်းသောက်ဖို့သက်သက် ဝင်ဝယ်ပြီး ငါသယ်လာတာပါ။ မင်းကို ငွေရေးကြေးရေး နဲ့ပတ်သက်ပြီ ငါပေးစရာရှင်းစရာမရှိပါဘူး၊ မင်းသာ အသုံးကြမ်းလို့ ပြတ်လတ်ရင် ငါ့စီကချေးတယ်၊ နေပြီး တော်တော်နဲ့ ပြန်မရဘူး၊ ငါအိမ်ကို ပိုက်ဆံပို့ပြီး လက်ကျန်နည်းနေတော့မှ ငါမတောင်ချင်းဘဲနဲ့တောင်းရတာပါ။

ငါလည်းတစ်ခါတစ်ခါ မင်းစီကချေးပါတယ်၊ ငါကအကြီးဆိုတော့ မင်းတောင်းစရာမလိုဘဲ ပြန်ဆပ်ပါတယ်။ ငါဘယ်တုန်းကမှ မင်းစီမှာ အကြွေးတင်မကျန်ပါဘူး၊ လေဆိပ်မှာ တောင်းတဲ့ ၂၀ မင်းမေ့နေတာပါ၊ မင်းစီက ငါရစရာရှိတယ်၊ မင်းပြန်ခါနီး အိမ်မှာ သောက်မလို့ ပစ္စည်းတွေ ဝယ်တုန်းက ဘယ်လောက်ကုန်လဲ လိုရင်ကျွန်တော်ပြန်ပေးမယ် ဆိုတာ မှတ်မိ့လား၊ အဲ့ဒီတုန်းက မင်းကိုငါပေးစရာရှိတာကို မပေးနဲ့တော့ အစ်ကိုစိုက်ဝယ်လိုက်ပါ လိုတာကျွန်တော် ထပ်ပေးမယ်လိုပြောတာ ဘယ်သူလဲ ? နောက်ပြီးတော့ မင်းနဲ့ငါ အသက် (၁၀) နှစ်လောက်ကွာတယ်ငါ့ညီ မင်းမူးမူးလာရင် ငါအိမ်ကို ငါဘာသာငွေပို့တဲ့ကိစ္စ မင်းနဲ့ဘယ်လိုပတ်သက်လို ဆရာလုပ်တာလဲ ငါစဉ်းစားလို့မရဘူး၊ ငါဘယ်သူ့စီကမှ ပိုက်ဆံချေးပြီး အိမ်ကိုမပို့ဖူးပါဘူး၊ ငါ့ပညာနဲ့ငါ ထိုက်တန်တဲ့လစာကို ခြိုးခြံသုံးပြီး အိမ်ကိုပိုတာပါ၊ ငါ့လိပ်ပြာငါသန့်ပါတယ်။

အခုဖြစ်တဲ့ဖုန်းကိစ္စ လိုင်းမလျှောက်ခင်ကတည်းက ငါမင်းကိုပြောတယ် ဖြစ်လာတဲ့ပြဿနာ မင်းတာဝန်ယူပါမယ်ဆိုတဲ့ စကားကြောင့် ငါလျှောက်ပေးလိုက်တာပါ၊ ငါကိုယ်တိုင် ဖုန်းခ SGD 1700 လောက် ဆောင်ခဲ့ရတော့၊ ငါလည်းကြောက်တယ်၊ ငါပိုက်ဆံလာရှာတာပါ၊ ပိုက်ဆံဖြုန်းဖို့လာတာ မဟုတ်ပါဘူး၊ မင်းမပြန်ခင် မင်းလိုင်းပိတ်မယ်ပြောတယ်၊ တစ်ကယ့် တစ်ကယ့်တမ်းကျတော့ မင်းမပိတ်သွားဘဲ ခေတ္တလိုင်း pause လုပ်သွားတာပါ၊ အဲ့ဒါမင်းသိ့ပါတယ်။ မင်းပြောတော့ ဖုန်းခကြေပြီးပြောတယ်၊ မင်းပြန်မှ ကြွေးကျန်တယ်စာလာလို့ မင်းစီတောင် ငါပို့လိုက်ပါသေးတယ်။
လယ်ပြင်မှာ ဆင်သွားသလိုရှင်းရှင်းကြီးဘဲကွာ မင်းလိုင်းပိတ်သွားတယ်ဆိုခဲ့ရင် ငါကဘယ်လိုလုပ်ပြီး မင်းဖုန်းနံပါတ်ကို ဆက်သုံးလို့ရမလဲ၊ လူတိုင်းတွေးရုံနဲ့တင်သိ့သာပါတယ်။

မင်းကိုငါဖုန်းဆက်တော့ ပထမတော့ အချိုသပ်ပြီးပေးမယ်ပြောတယ်၊ နောက်တော့ သင်္ကြန်ပြီးမှ ပေးပါရစေလို့ပြောတယ်၊ နောက်တော့ နေမိုးသန့်စီလွှဲမယ်လို့ပြောတယ် မင်းစဉ်စားကြည့်စမ်းပါ ဘယ်သူလွန်သလဲလို့၊ ငါမင်းအဖေ စီဖုန်းဆက်တော့လည်း၊ ငါ့အသံမှန်း မင်းသိ့သိ့နဲ့ ဘယ်သူလဲ၊ အဖေအိမ်မှာ မရှိဘူးလို့ ပြောတာလည်းမင်းပါဘဲ။

ငါဘက်ကို စဉ်းစာကြည့်လေ၊ ငါဒေါသထွက်တော့ ဆဲမိ့တယ်၊ အဲ့ဒါကို မင်းကအခွင့်ကောင်းယူ ပုံကြီးချဲပြီး မင်းအပြစ်လွတ်အောင် ကလိမ်ကကျစ်ဉာဏ်သုံးတယ်၊ ငါမင်းအမေကို တောင်းပန်ဖို့ ဝန်မလေးပါဘူး၊ အချိန်မရွေးနေရာမရွေး တောင်းပန်နိူင်တယ်၊ မင်းငါ့ကို ပြောဆိုတာတွေကိုလည်း ပြန်တောင်းပန်ဖို့စဉ်းစားထားပါ၊ ငါကဆဲလိုရိုင်းတယ်ဆိုရင် မင်းကငါ့ထက် ပိုအောက်တန်းကျတယ်၊ မင်းကငါ့ရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ငါ့ကိုပါ သပုတ်လေလွင့် သတောင်းစား သာသာပြောတယ်၊ လူဆိုတာကိုယ့်ဘက်ကိုယ် ကြည့်ကျရင်တော့မှန်တယ်ထင်မှာဘဲ၊ မင်းသေသေချာချာ စဉ်းစားကြည့်ပါ၊ ငါ့ညီ လူရဲ့ တန်ဖိုးက ပိုက်ဆံနဲ့ တိုင်းတာလို့မရဘူး၊

မင်းမပေးလည်း အဲ့ဒီပိုက်ဆံ ငါဆောင်ရမှာဘဲ၊ ဘာဖြစ်လို့လဲဆိုတော့မင်းကို ငါ့ကညီတစ်ယောက်လို သဘောထားပြီး ယုံကြည်မိ့တာကို၊ ငါ့အလုပ်ကို အထိ့ခိုက်မခံနိူင်ဘူး၊ ပိုက်ဆံရှာရတာလွယ်ပါတယ်၊ နာမည်ကောင်းရဖို့မလွယ်ဘူး၊ ပြောရရင် ငါတော်တော်လေးကို အံ့သြ နောင်တရမဆုံးဖြစ်ရတယ်။ အခုငါကိုယ်တိုင်တောင်မှ Prepaid ကဒ်ဖုန်းဘဲကိုင်ထားပါတယ်၊ အားလုံးကို သေသေချာချာ ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင်လို့ ဒီစာကို နောက်ဆုံးအနေနဲ့ မင်းစီကို ပို့တာပါ။

Monday, March 29, 2010

ကျွန်တော် စာမရေးတတ်ဘူး၊ သူများတွေဖတ်ကောင်းအောင် ရေးချင်တယ်၊ စာဖတ်အားနည်းတာလည်းပါမှာပေါ့လေ။

ကျွန်တော်လက်တွေလှုပ်ရှားပြီးတိုင်း ကျွန်တော်နောင်တမရချင်သလို၊ သိပ်လည်းအားမရဘူးဗျာ၊ သူငယ်ချင်းတွေထဲမှာ စာရေးဆရာဖြစ်နေတဲ့သူ ရှိသလို၊ တရားဟောဆရာလည်း ရှိတယ်ဗျ၊ ငယ်ငယ်တုန်းကတော့ သံယောဇာဉ်တွယ်တာစရာ မရှိခဲ့ရင် တရားဟောဆရာ လုပ်မယ်လို့ စိတ်ကူးမိ့တယ်၊ ဘုရားအလိုတော်မရှိဘူး ထင်တယ်ဗျ။

အလွန်တရာမြတ်နိုးတွယ်တာစရာ ကောင်းတဲ့ မိ့သားစုလေးကို ၂၀၀၂ မှာ ကျွန်တော်နဲ့သူမ စတင်တည်ဆောက်ကျတယ်၊ အခုထက်ထိ့ကို တက်ညီလက်ညီ ရှိတုန်းပါဘဲ။ နားလည်မှုတွေကိုယ်စီ ရှိထားလေးတော့ ဘယ်နေရာ ဘယ်ကိုရောက်ရောက် အဲ့ဒီသံယောဇာဉ်လေး နှစ်မျှင် ကျွန်တော့်ရင်ထဲ အမြဲတမ်းရှိနေတယ်ဗျ၊

အားတိုင်း ချချရေးဖြစ်တယ်၊ သိပ်အဆင်မပြေတာတွေတော့ Draft ထဲမှာ ခုထိ့တော်တော်များများ ရှိနေသေးတယ်၊ အသက်အရွယ်ရလားလို့ ဖြစ်မယ်၊ တစ်ခါတစ်ခါ ကိုယ့်ခေါင်းထဲမှာ စာသားတွေကောင်းတွေ ပေါ်လာတတ်တယ်၊ ခက်တာက ချမရေးထားမိ့ရင် အငွေပျံသွားတာဘဲဗျ၊ မှတ်စု စောင့်လေ့မရှိတော့လည်း ခက်သားလား

တစ်ချို့တွေက ကျွန်တော့်ကိုလှောင်ကျတယ်၊ တစ်ချို့တစ်လေကတော့ အားပေးပါတယ်။ အဲ့ဒါတွေကို ကျွန်တော်သိပ်ပြီး ဂရုမစိုက်အားဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်လက်ရာတွေက သိပ်ပြီး ချာတူလန်နေသေးတယ် ထင်လို့ပါ၊ ငယ်ငယ်တုန်းက စားကျက်စာဖတ်ပြင်းနဲ ဒဏ်တွေလည်းပါမယ်ထင်တယ်။

နောက်တစ်ခု သေချာက ကျွန်တော့်လက်ရေးကို မြင်ရင်ရီကျလိမ့်မယ်၊ ပဲပင်ပေါက်ကို အမြှီးဖြတ်ပြီး စာရွက်မှာ ကပ်တာ ပိုတောင် လှနေနိူင်ပါတယ်၊ တော်သေးတာက ကျွန်တော် မြန်မာစာ ကောင်းကောင်းရိုက်နိူင်တယ်ဗျ၊ ပြောချင်တာ လူငယ်တွေ ခေတ်ကို အမှီလိုက်နေတဲ့ လူငယ်တွေ စာများများဖတ်ပါ၊ မှတ်ပါ၊ ကောင်းသင့်သော် အတွေးအခေါ်များကို ဆန်းသစ်သထက် ဆန်းသစ်အောင်
ထပ့်ဆင့်တွေးခေါ်ကြည့်ပါ၊ ရတာကို ချရေး အဲ့ဒါ တစ်ကယ်လိုအပ်ပါတယ်။

Sunday, March 21, 2010

မသိ့ကိန်းများ စုံစည်းရာ ???

မနက်မိုးလင်းတိုင်း စရူမိ့တဲ့ ဝင်သက်ထွက်သက်တိုင်းမှာ လိုအပ်ချက်တွေ တော်တော်များ ပါဝင်လာတဲ့နေ့ရက်တွေ ဘယ်တော့များမှ ကုန်ဆုံးမည်မသိ့.... 

နေ့ရက်တိုင်းပုံမှန် လည်ပတ်နေကျ စက်ယန္တရားများကဲ့သို လှုပ်ရှားသွားလာရသည်မှာ လွန်စွာခက်ခဲလှပေသည်၊ ခင်မင်တွယ်တာ တတ်သော နှလုံးသားတစ်စုံ ဘုရားသခင်က အဘယ်အတွက်ကြောင့် ပေးအပ်ခဲ့လေသိမသိ့... ဒီအသိ့ဉာဏ်၊ ခံစားမှု နှင့် အတတ်ပညာ များကို ဖန်ဆင်းခဲ့သော ဘုရားသခင်ကကို အပြစ်တင်ရမည်ဆိုလျှင် မည်ကဲ့သို တုန့်ပြန်ကျမည်မသိ့...

ဒီခရီး ဘယ်အတိုင်းအတာ အထိ့ ငါဆက်သွားရဦးမှာလဲ၊ ဘယ်ပုံနဲ့ ခရီးဆက်ရဦးမလဲ၊ ကြမ်းတမ်းမယ်၊ ဒုက္ခများမယ်၊ အဆင်ပြေကောင်းပြေမယ်၊ ကြုံတွေ့ရသမျှ ကြံ့ကြံ့ခံနိူင်ဖို့ ကြင်သူနှစ်ယောက် ငါ့မှာရှိတယ်၊ ငါ့ရဲ့ မသိ့ကိန်းတွေကို သူတို့လည်းမသိ့... အသွေးအသားကို ဈေးကစားသလိုမျိုး ကံကြမ္မာကို ဈေးကစားခဲ့ရင် အရှုံးအမြတ်အတွက် ခင်ဗျားဘယ်လိုစဉ်းစားသလဲလို့ မေးခဲ့ရင် ဖြေစရာ အဖြေကို မသိ့... ကျွန်တော်အလိုချင်ဆုံး ကင်မရာတစ်လုံးရယ်၊ ကွန်ပျူတာ တစ်လုံးရယ်၊ ဂစ်တာတစ်လက်ရယ် ကျွန်တော့် မိ့သားစုလေးရယ် တစ်စုတစ်စည်းတည်း ဘယ်တော့မျာ ပိုင်ဆိုင်ခွင့် ရမည်မသိ့... ကိုယ့်အတ္တကိုယ် ထမ်းပိုးပြီး ဘဝခရီးရဲ့ ရေစုန်ရေဆန်ထဲမှာ ခရီးသွားဧည့်သည်ချင်း ကူညီရိုင်းပင်းရမယ်အစား ဘယ်အတွက်ကြောင့် ထိုင်ခုံလုတမ်း ကစားချင်ကျသည်ကို မသိ့... လူဘဝဟာရခဲးလွန်းလှသလို တိုးတောင်လွန်းတာ လူတိုင်းသိ့ပေမယ့်၊ ကြိုတင်မသိ့နိူင်တဲ့ မနက်ဖြန်ပေါင်းများစွာကို ဖြတ်ကျော်ဖိုး အားအင်များ ဘယ်ကရမည်ကို မသိ့... ငါဟာ ငါမဟုတ်တော့သလို၊ ငါမရှိတဲ့နေ့ရက်များစွာ ငါကိုယ်တိုင် ဘယ်လိုဖြတ်ကျော်ခဲ့လေသည် မသိ...

Saturday, March 20, 2010

Blogger နဲ့ ကျွန်တော်...

ကျောက်ခေတ်မှာ ကျောက်သားပေါ် စာထွင်းတယ်၊ နောက်တော့ ကျောက်သင်ပုန်း၊ ပြီးတော့ စာရွက် စာအုပ်တွေ ဖြစ်လာခဲ့တယ်၊ အဲ့ဒါ စာပေ နဲ့ ပတ်သက်တဲ့ Media တွေကို ကျွန်တော် သိ့မြင်သမျှပေါ့လေ၊ အခု IT ခေတ်ကြီးထဲရောက်ပြန်တော့ ကမ္ဘာရွာကြီး ဖြစ်လာသမို့ Forum, Portal & Blog ဆိုပြီးတော့ Media အသစ်အသစ်တွေ တစ်ခုပြီး တစ်ခု မိတ်ဆက်လာကျပါတယ်။ အဲ့ဒီအထဲမှာ ကျွန်တော့်အသည်းစွဲ ကတော့ Blogger ပါဘဲ၊ လွယ်ကူတယ် ရိုးရှင်းတယ် လုံခြုံစိတ်ချရတယ်၊ စသုံးမိ့ကတည်းက တစ်နေ့ တစ်ခေါက်လောက် မသုံးရရင် ကျွန်တော် တစ်မျိုးကြီး ဖြစ်ဖြစ်နေတယ်၊ Blogger တစ်ယောက်ရဲ့ ကျင့်ဝတ်တွေကို ကျွန်တော်လိုက်လေ့လာမိ့တယ်၊ အမှန်တော့ဗျာ ကျွန်တော်တို့လို့ Blogger တွေက True Story ကိုပိုပြီး Contribute လုပ်သင့်တယ်လို့ ကျွန်တော်ယူစပါတယ်၊ အဲ့ဒါမှလည်း ကိုယ့်ရဲ့ စာဖတ်ပရိသတ်ကို လေးစားရာ အကျိုးပြုရာရောက်မှာပေါ့၊ ကျွန်တော့်လို စကားပြေဘဲ ရေးတတ်တဲ့သူအဖို့တော့ ကျွန်တော့် အယူအစက မှန်ကောင်း မှန်ပါလိမ့်မယ်၊ တစ်ချို့ တွေကျပြန်တော့ ရသမြောက်အောင် ရေးတတ်သမို့ ဖတ်ပြီးတာနဲ့တင် ခေါင်းထဲမှာစွဲမြဲနေလောက်ပါတယ် ကျွန်တော့်ရဲ့အားလပ်ချိန်တော်တော်များများကို Blogger ကပိုင်ပါတယ်၊ GTalk လာပြောမယ့် ကြင်နာသူကို စောင့်ရင်း Blogger ပေါ်မှာ ကျွန်တော့် ခံစားမှုတွေကို အံချနေရတာ ခုဆိုရင် ၁နှစ်နှင့် ၇လ တင်းတင်းပြည့်ပြီဗျ၊ အိမ်မှာဆိုရင် မီပြတ်တာနဲ့ ကိုယ့်ဝင်ငွေကလည်း Computer တစ်လုံး ဝယ်သုံးနိူင်ဖို့ မပြောနဲ့ မိ့သားစု အတွက် မနည်းကို ကျားကန်ထားရတာနဲ့တင်ကို ဘာမှ စိတ်မကူးနိူင်ဘူးလေ၊ စိတ်ကူးတယ်ဆိုလို့ စိတ်ကူးယာဉ်သက်သက် လိုတော့ မယူစပါနဲ့ဦးဗျ၊ တစ်ခါတစ်ခါ ကိုယ်သိ့တာ တတ်တာကို ဝေမျှတယ်၊ ခံစားချက်ကို တင်ပြတယ်၊ ရသတစ်ခုခုလည်း ရစေချင်ပါတယ်။ ဒီမှာက ကိုယ့်မြေကိုယ့်ရေ မဟုတ်လေတော့ စိတ်ဖိ့စီးမှုက နှစ်စလောက်ပိုပါတယ်၊ သွားလာ နေထိုင်စားသောက်တာကို အမြဲသတိ့မပြတ်နေရသလို အလုပ်ခွင်မှာ အဆင်ပြေအောင် ပိုပြီး ကြိုးစားရတယ်၊ တစ်ခါတစ်ခါ ကိုယ့်စိတ်ထဲ ရူသွင်းနေရတဲ့လေကိုက တစ်မျိုး ဖြစ်ဖြစ်နေတယ်ဗျာ၊ မိ့သားစုကို လွမ်းပြီဆိုရင်တော့ ပိုလို့တောင်ဆိုးပါသေးတယ်၊ တစ်ခါ တစ်ခါ ရန်ကုန်က ပုလင်းတူ ဗူးဆို့ ညီအစ်ကိုတွေကို သတိ့ရတယ်၊ သူတို့နဲ့ ဝိုင်းဖွဲ့ဖို့ ဆိုတာ ကျွန်တော့်အတွက် မဖြစ်နိူင်ဘူးလေဗျာ၊ ဒီမှာက အဲ့ဒီဇိမ်ခံပစ္စည်း အသုံးအဆောင်တွေက ဈေးတအားကြီးလွန်းလှပါတယ်၊ အလွန်အကျွံလုပ်လိုက် ရင် တစ်လလုံး ရေသောက် ဗိုက်မှောက် ဆိုသလို ဖြစ်နိူင်တယ်ဗျ၊ အိမ်မှာဆိုရင်တော့ ကိုယ်စိတ်ကြိုက်ပေါ့ဗျာ၊ ကိုယ့်မြေ ကိုယ့်ရေမဟုတ်ဆိုတဲ့ အသိ့က တစ်ခါတစ်ခါ လုံခြုံမှု သိပ်မရှိသလိုခံစားရပါတယ်၊ အဲ့ဒါတွေကြောင့် စိတ်ဖိ့စီးမှုနှစ်စပိုတယ်လို့ ဆိုတာပါ။ အလုပ်အဆင်ပြေပေမယ့် နေထိုင်စရိတ်ကထောင်း မိ့သားစုကို စိတ်တိုင်းကျ မထောက်ပံ့နိူင်တဲ့အခါ ကျွန်တော့်ကို ကျွန်တော်အလိုမကျ ဖြစ်ဖြစ်လာတယ်၊ ငါဘာလို့ အဲ့လောက် အသုံးမကျသလဲပေါ့လေ၊ စိတ်သွားတိုင်း ကိုယ်မပါလေတော့ သေသေချာချာ ပြန်စမ်းစစ်ဖြစ်တယ်၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အစစ အရာရာ ငါတို့ ဘာလောက်နောက်ကျန်နေခဲ့သလဲ ဆိုတာကိုပေါ့ဗျာ၊ ခေါင်မိုးမှ မလုံတာ မိုးယိုတာ မဆန်းဘူးပေါ့ဗျာ၊ မလုံတဲ့ခေါင်ကို ပြုပြင်မွမ်းမံဖို့ နိူင်ငံသားတိုင်း တာဝန်ကိုယ်စီရှိတယ်လို့ ကျွန်တော့်ခံစားမိ့တယ်ဗျာ၊ တတ်နိူင်တဲ့ဘက်ကပေါ့လေ။ ကျွန်တော်ကတော့ ကိုယ့်ဘက်က အကောင်းဆုံး အတတ်နိူင်ဆုံး ဖြစ်အောင်လုပ်တယ် ကူညီတယ် လုပ်ဆောင်တယ်ဗျ၊ အဲ့ဒါကျွန်တော့်ရင်ဘတ်ထဲက အမှန်တရားပေါ့လေ၊ စိတ်ထားကောင်းကောင်း ထားတော့ ကိုယ့်အတွက်လည်း မကောင်းမသင့်တာတွေ မဖြစ်နိူင်ဘူးလေဗျာ၊ ဖြစ်ခဲ့ရင်တောင်မှ ကူညီစောင်မမည့်သူ တစ်ယောက်မဟုတ်တစ်ယောက် ပေါ်လာလိမ့်မယ်လို ကျွန်တော်ယုံကြည်ပါတယ်၊ လူတိုင်း လူတိုင်း စိတ်ထားကောင်း၍ ကံကောင်းနိူင်ကျပါစေဗျာ။ 

 

 

ငယ်ဖြူ

မှော့်ဆရာအိပ်မက်များ အစ...

နာဂစ်အလွန် ကိုယ်ထူကိုယ်ထ ပြုပြင်ရေးတွေ ပြီးကာစမှာ ကျွန်တော် ပြည်ပကို ထွက်ပြီး အလုပ်လုပ်ဖို့ ပြင်းပြင်း ပြပြ စဉ်းစားပြီး အာရုံစိုက် လုပ်ကိုင်လာပါတယ်၊ ဒီလိုနဲ့ဘဲ ၂၇ မေလ ၂၀၀၈ မှာ ကျွန်တော် ဒီကျွန်းပေါ် စရောက်လာပါတော့တယ်၊ ကျွန်တော်မိ့သားစုနဲ့ အတူလေယာဉ်ကွင်းဆင်းတော့ သားသားရယ်၊ မြတ်ကလေးရယ် ဘာမှ မဖြစ်သလို့ တည်တည်ငြိမ်ငြိမ်ဘဲဗျ၊ Check in counter ကိုတက်သွားတော့မှ စတာဘဲ သားသားကလည်းငို၊ မြတ်ကလေးလည်းငိုလို့ ကျွန်တော်လည်း မျက်ရည်ဝဲလို့ပေါ့ဗျာ၊ Boarding Lobby ရောက်တော့ ကျွန်တော်ဖုန်းခေါ်ဖို့ ရပ်စောင့်နေတယ် ကိုယ်အရှေ့က ဖုန်းဆက်နေတဲ့ အမျိုးသမီးက တော်တော်နဲ့ မပြီးနိူင်ဘူး၊ သားသားနဲ့ မြတ်ကလေးကို နှုတ်ဆက်မလို့ပါ၊ တော်တော်ကြာတော့မှ လက်စသတ်သွားတော့ ဖုန်းကို အမြန်ကောက်ကိုက်ပြီး ခေါ်လိုက်မိ့တယ်၊ တစ်ဖက်က ငိုသံတွေကို ကြားရပြန်တော့ ကျွန်တော်ပါ ငိုချင်လာပြန်တယ်၊ သားသားနဲ့ မြတ်ကလေး ကျန်းမာရေးကို ဂရုစိုက်ဖို့ အထပ်ထပ်မှာပြီး ဖုန်းကို မချင် ချချင်နဲ့ ချပြီး လှည့်ထွက်ခဲ့ပါတယ်၊ ကိုယ့်နောက်က တန်းစီနေတဲ့သူတွေကို လေးစားရမယ်လေ။ ထိုင်ခုံအစွန်းဘက် နေရာလွတ်တစ်ခုမှာ ဝင်ထိုင်ရင်း တစ်ယောက်တည်း တိတ်တိတ်ကြေကွဲနေလိုက်တယ်ဗျာ၊ လေယာဉ်ပေါ်တက်ပြီး လေပေါ်စတက်တော့ ကျွန်တော့်ရင်ဘတ်ထဲက တစ်ခုခု ကျကန်ခဲ့သလို ခံစားနေရတယ်၊ မျက်စီမှိတ် အံကြီတ်ပြီး ခနလောက်တော့ နားလိုက်တယ်ဗျာ တော်တော့ကို ပင်ပန်းလွန်းလှပါတယ်၊ ဒီလိုနဲ့ Changi ကိုရောက်တော့ မြင်ကွင်းတွေ ကအပြောင်ပြန်ဖြစ်ကုန်တယ်ဗျ၊ Public phone တွေကလည်း နေရာတိုင်း နီးပါး ရှိတယ်၊ Local နံပါတ်တိုင်းကို ကောက်နှိပ်ပြီးခေါ်လို့ရတယ်ဗျ၊ အဲ့ဒီမှ စတွေ့ တာဘဲဗျာ... ဒီလိုနဲ့ လာကြိုတဲ့သူငယ်ချင်း လင်မယားကို ဖုန်းဆက်ရတယ်၊ အဲ့ဒီတုန်းက အရက်ဝယ်ဖို့ မသိ့သေးဘူးဗျ၊ ကျွန်းပေါ်မှာ .75 ဘဲရှိတယ်ဆိုတာနောက်မှ သိ့တာကိုဗျ။ အဲ့လိုနဲ့ Check Point ရောက်တော့ လူများနေတဲ့ queue  မှာမစီဘဲ တော်သင့်တဲ့ queue မှာသွားစီဖြစ်တယ်၊ လေယာဉ်ပေါ်မှာ white card မဖြည့်ဖြစ်ခဲ့လို့ check point နားရောက်မှဖြည့်ရတယ်ဗျာ၊ ကျွန်တော် queue စိနေတုန်း Singaporean and PR Only ဆိုတဲ့ counter က officer ကလှမ်းခေါ်တယ်ဗျ၊ အဲ့ဒါနဲ့ ကျွန်တော်လည်း သူ့ counter ကို ရောက်သွားတာ့ပေါ့ဗျ၊ passport ပေးလိုက်တယ် ပြီးတော့ air ticket တောင်းကြည့်တယ်၊ " How long you want to stay in Singapore ?"  လို့မေးတယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် air ticket က တစ်နှစ်စာဖြစ်နေတာကိုး၊ ကျွန်တော်ကလည်း "I would like to stay one month only" လို့ဘဲ ခပ်တည်တည် နဲ့ ပြန်ဖြေလိုက်တယ်ဗျာ၊ အဲ့ဒီတော့မှ သူ့အလုပ်သူဆက်လုပ်တယ် ပြီးတော့မှ ကျွန်တော်လည်း Lagged Belt ရှိရာကို ဆက်ထွက်လာလိုက်ပါတယ်၊ ကိုယ်ပစ္စည်းတွေ ကောက်ပြီးတော့ အထွက်ရောက်ခါနီးမှာ xray ဖတ်တယ်ဗျ၊ အပြင်ရောက်တော့ သူငယ်ချင်းစုံတွဲက ငါတို့ MRT နဲ့ဘဲသွားမယ်ဆိုတော့ သွားလေလို့ ပြန်ပြောတယ်၊ ကျွန်တော့်မှာက ဘာမှ သိပ်များများစားစား ပါတာမှမဟုတ်တာကိုးဗျ၊ Service counter ရောက်တော့ e-Zlink ကဒ်ဝယ်တယ် Card Reader မှာ Tapping လုပ်ပြီး ရထား ပလက်ဖောင်းပေါ် ထွက်ခဲ့ပါတော့တယ်၊ MRT ပေါ် စတက်တက်ခြင်း ကျွန်တော့်ခံစားမိ့တာက လေကောင်းလေသန့်တွေကို တစ်ဝကြီးရှုလိုက်ရတာကိုပေါ့ဗျာ၊ သူတို့ အခန်းကိုရောက် ကျွန်းအချိန် 5:45 pm ဖြစ်နေပြီဗျ ရောက်ရောက်ချင်း GTalk နဲ့ဘဲ စကားပြောရတာပေါ့ဗျာ၊ ကောင်းကောင်းမွန်မွန်ရောက်တယ်၊ အဆင်ပြေတယ် ပါတယ်ပေါ့။ ညနေကျရင် ကျွန်တော်နေရမယ့် အခန်းကို အခန်းဖော်ညီလေး တစ်ယောက်နဲ့ ပြောင်းရဦးမယ်ပေါ့ဗျာ။ အဲ့လိုပြောပြီး ထပ်မှား မိ့တယ် သားသားနဲ့မြတ်ကလေးကို ကျန်းမာရေးကို ဂရုစိုက်ဖို့ပါ။ ရေမိုးချိုးပြီးတော့ သူငယ်ချင်းက ဖုန်းကဒ် လိုက်ဝယ်ပေးတယ်ဗျ၊ အခန်းဖော်ညီလေးကလည်း သူ့မှာ ပိုနေတဲ့ hand set ကို ဌားပေးပါတယ်၊ အဲ့ဒါနဲ့ ဖုန်းကိစ္စ ကအဆင်ပြေသွားတယ်။ ညနေရောက်တော့ ကျွန်တော်တို့ နေမယ့် အခန်းကို ချီတက်ကျတယ်ပေါ့ဗျာ ရောက်ရောက်ချင်းဘဲ အခန်းခနဲ့ စပေါ်တစ်လစာ ထွက်ပါလေရောဗျာ၊ ငါတော့ အလုပ်ရမှ ဖြစ်မယ်ဆိုတဲ့အတွေးတွေက ကျွန်တော့်ကို တစ်နင့်တစ်ပိုးနှိပ်စက်ကျတယ်ဗျာ၊ နှစ်ပတ်လောက်သာ ကြာတယ်ဘာမှ သိပ်မထူးခြားသလိုဘဲ၊ သုံးပတ်မြောက်တဲ့နေမှာ Walk in တစ်ခုရတော့ သွားဗျူးပါတယ် CCTV ကုမ္ပဏီတစ်ခုမှာပါ၊ အဆင်ပြေတယ် Job Training စဆင်းဆိုတော့ ကျွန်တော် အတော်ပျော်သွားပါတယ်၊ အဲ့ဒီမှာလည်း မြန်မာညီလေး တစ်ယောက်ရှိနေတော့ ကျွန်တော့်အတွက်က အဆင်ပြေသွားတာပေါ့ဗျာ၊ နှစ်ပတ်လောက် အလုပ်ဆင်းနေတုန်း နောက်ရုံးတစ်ခုကလည်း Interview ထပ်ခေါ်တယ်ဗျ၊ အဲ့ဒါနဲ့ ဘဲ အပြေသွားဗျူးဖြစ်တယ်၊ သွားဗျူးပြီးကတည်းက ကျွန်တော်စိတ်ကူးထဲ အဲ့ဒီရုံးမှာ အဆင်ပြေရင်ကောင်းမယ်လို့ စဉ်းစားပြီး ဆုတောင်းမိ့တယ်ဗျ၊ နောက် CCTV ရုံးက S-Pass တင်တော့ Reject ဖြစ်ပါလေရောဗျာ၊ အဲ့ဒီနေ့ ကျွန်တော် စိတ်ညစ်နေတုန်း ကျွန်တော်လိုချင်တဲ့ရုံးက Second Interview ခေါ်တော့ ကျွန်တော် တော်တော်လေး ပျော်သွားတယ်ဗျ၊ နောက်ဆုံးတော့ ကျွန်တော်လိုချင်တဲ့အလုပ်ကို ဘုရားအလိုတော်ရှိလို့ရခဲ့ပါတယ် အခုဆိုဘာလိုလိုနဲ့ ၂ နှစ်ပြည့်ခါနီးပြီဆိုတော့ တော်တော်လေးတော့ ကျင့်သားရနေပြီဗျ၊ အိမ်လွမ်းတာတော့ အရင်အတိုင်းပါဘဲဗျာ၊ တစ်ခါ တစ်ခါ တော်တော့်ကို ဆိုးဆိုးရွားရွား ခံစားရပါတယ်၊ ဘာဘဲပြောပြောခုလို ရင်ဖွင့်ခွင့်ရလို့ ကျေးဇူးပါ၊ အားလုံးရွှင်လန်း ချမ်းမြေ့ကျပါစေဗျာ။ 

 

 

ငယ်ဖြူ 

SAT 3:00 pm


Friday, March 19, 2010

''မော်ဖင်းယဉ်ပါးသွားတဲ့ စိတ်ရိုင်း''

ငါအံချလိုက်တဲ့ စကားလုံးတွေ

င့ါကို ပြန်မော့ကြည့်နေတုန်း

အရုပ်ကြိုးပြတ်ပါဘဲ..............



ဘဝမှာ ငါ ဘာတွေ...

ဘယ်လိုကြုံတွေ့ခဲ့သလဲ

ချိုမြိန်ခြင်း၊ ချစ်ခြင်း

ခါသီးခြင်း၊ မုန်ခြင်း ဆိုတဲ့ တရားတွေကို

ငါ ဘယ်လောက်စုဆောင်း မိ့ခဲ့သလဲ



ငါ့ရဲ့အချိန်နဲ့ ငွေကိုလဲရသလို

ငါ့ရင်ထဲချစ်ခြင်းတွေ စွဲထုတ်ခံနေရသလို

မောဟိုက်တုန်ရီ နွမ်းလျှလှပါတယ်...




ငယ်ဖြူ
10:30 am

Friday, March 12, 2010

“စဉ်းစားပါ”

မြေကြီးကလာတဲ့သူ မြေကြီးထဲ ပြန်ဝင်ရမှာ နောက်တွန့်နေသလား တွေဝေနေသလား နောင်လာ နောက်သားတွေ အတွက် ငါတို့ စဉ်းစားသင့်ပါတယ်..... 

ကျွန်တော့်အတွေးကို နည်းနည်းမှ ပျက်ရယ်ပြုဖို့ မကြိုးစားပါနဲ့ သေချာစဉ်းစားပါ တွေးကြည့်စမ်းပါ...... 

ဆယ်စု နှစ်တွေ တစ်ခုပြီး တစ်ခု ဖြတ်ကျော်လာခဲ့သူတွေ ချင်းအတူတူ အရူးကတစ်မူးသာ တယ်လို မထင်လိုက်ပါနဲ့ ရူးရူး မူးမူးကို စဉ်းစားစေချင်ပါတယ် ပြီးရင် ဘယ်လိုခံစားရတယ်ဆိုတာကိုတော့ ပြန်ပြောပေးပါဦးဗျာ..... 

 

 

ငယ်ဖြူ 

12:00 am on Earth !

Wednesday, March 3, 2010

“ ဖောင်းပွခြင်း သီအိုရီ (၁)”

ငါ့စိတ်ကူးထဲက စကားလုံးတွေ လေထုနဲ့ တွေ့ထိ့မှ ဘာလိုများ ဖောင်းပွကုန်ပါလိမ့် အကြိမ်ကြိမ်ပြန်စဉ်းစားတိုင်း သူတို့ ငါ့ကို ရန်တွေကျပြန်တယ် ငါဘာများမှားသွားလို့လဲ................ 

ဖောင်းပွမှုနဲ့ ဖောက်ပြန်မှု ဘယ်လိုခြားနားသလဲ သူငယ်ချင်း တစ်စိတ်လောက် ရှင်းပြပေးပါ ငါမရှိတော့တဲ့နောက် စကားလုံးတွေ ဖောင်းပွမှာလား ဖောက်ပြန်မှာလား ငါမသိ့ခဲရိုးအမှန်ပါ ဒါပေသိ့ ငါ့ရင်ထဲက မေတ္တာ တရား ဘယ်တော့မှ မဖောင်းပွသလို ဖောက်ပြန်မှုကင်းတဲ့ အဖြစ် ငါတိုင်းတည် သစ္စာပြုပါ၏.............. 

 

 

 

ငယ်ဖြူ 

11:00 am

Thursday, February 25, 2010

“ ကမ္ဘာတည် သရွေ့”

ငါဖြစ်တည်နေသရွေ့ ငါဆိုတဲ့မာန ဘယ်တော့မှ အရှေ့ကို မရောက်စေရဘူး ဟေ့ အဲ့ဒါ ငါ့သစ္စာတရား................... 

လူတိုင်းလူတိုင်း တစ်ခါတစ်လေ ဖြစ်ဖူးကျတယ်ဗျ စိတ်ထဲမှာ ငါကွလို့ကြွေးကြော် ပြန်စန်းစစ်တော့ ချွတ်ခြုံကျနေတဲ့ စိတ်ပုံရိပ်ကို တွေ့မြင်သိ့ကာ ရှက်မိ့မယ် ထင်ပါရဲ့ တစ်ကယ်တော့ ငါဟာ ငါမဟုတ်ဘူးဆိုတာ ငါကိုယ်တိုင် သိ့အောင် ကြိုးစားနေတုန်း သူငယ်ချင်း................. 

ကမ္ဘာကြီး ပူနွေးလာတာ ငါတို့ ဘာတတ်နိူင်ခဲ့သလဲ ပတ်ဝန်းကျင် သဘာဝကို ခဏထားပြီး ကိုယ့်ကိုယ်ကို ပြန်စန်းစစ် အရင်ဆုံး ပြုပြင် ထုဆစ် ကမ္ဘာမြေ အတွက် လာခြင်း ကောင်းပါစေ သူက ငါတို့ ကို တစ်ချိန်လုံး ထမ်းပိုးထားရတယ်ဆိုတာ ကိုတော့ မမေ့သင့်ပါဘူးလေ............................

 

 

Wednesday, February 24, 2010

“ အိပ်မက်ဆိုးရဲ့ ဒိုင်ယာရီ ”

ငိုရယ် ရီမော၊ မျက်ရည်စတွေနဲ့ ငါမြင်ခြင် ကြားခြင်တာတွေ ငါမသေခင် တွေ့ရပါ့မလား တစ်ခါ တစ်ခါငါတွေမိ့တယ် ..............

အဲ့ဒီအတွေး ခေါင်းထဲမှာ သောင်းကျန်းနေရင် ငါ့ရင်ဘတ်ပေါ် ကမ္ဘာပြိုကျလာတယ်............... 

ကမ္ဘာမကြေကို ငါမဆိုနိူင်တာ နှစ်ပေါင်း ၂၀ မကတော့ဘူး ငါ့ဘိုးဘွား အမွေတွေလည်း ရောင်းစားတာ ကုန်ပြီထင်ပါ့...................... 

တူဖြစ်တုန် နှံထားပေါ့ကွာ ပေဖြစ်ရင် အရည်ကျိုပြစ်မယ် ကမ္ဘာမြေကောင်းကျိုး အတွက် ရည်စူးပြီး တိုက်ဖျက် ကျမယ်ဟေ့ ................ 

တရားတယ် မတရားဘူး အော်နေရုံကတော့ ငါလို လူပြိန်းတောင်လွယ်လွယ် လုပ်တတ်ပါတယ် အဓိကကို ကျတော့ မေ့ချင်ယောင် ဆောင်ကောင်းနေတုန်းဗျ....................... 

ငါ့ဘဝသက်တမ်း ၁၀ စုနှစ်ကျော်က ဆက်စုတ်ဖွယ် အိပ်မက်ဆိုး ငါ့အိပ်မက်ထဲက ငရဲခန်းတွေပေါ့...................... 

ငရဲခွေးတွေ ကိုက်ကျ ဟောင်ကျ သောင်းကျန်း ကျပုံများ အော့ နှလုံး နာစရာမို့ အဲ့ဒီ့ သမိုင်း မှတ်တိုင်းဆိုးကို ရိုက်ချိုးပြီး ခေါက်သိမ်းထား မယ့်အစား မြင်သာအောင် ရုပ်လုံးဖော်ဖို့ မင်းတို့ ငါတို့ မှာ တာဝန်ရှိတယ် သူငယ်ချင်း................................. 

 

 

ငယ်ဖြူ 

12:00 pm

“ ဖြတ် ”

ဖြတ်တောက်ခြင်း သည်းခံပါ.............. 

အော်နေရင်း လေဖြတ်သလိုခံစားရတယ် ငါတို့အားလုံး ဖြတ်တောက်ခြင်း ခံရတာ နှစ် ၂၀ ဆယ်ကျော်လာပြီဟ.............. 

နောက်ဆုံးတော့ အချင်းချင်း ခေါင်းပုံဖြတ် တာရှိသလို ဆွေဖြတ် မျိုးဖြတ် လူမျိုး နှင့် နိုင်ငံကို ပါ ဖြတ်တောက် ကျတော့မည် ထင်ပါ့............... 

 

 

ငယ်ဖြူ 

11:00 am

Tuesday, February 23, 2010

“ အမှားများ နှင့် ကခုန်ခြင်း ”

ငါ့လက်တွေ ငါ့ပြန်ကြည့်တယ် အမှားတွေ ရေးချနေတာများတော့ 

သူတို့တောင် ငါ့ကို တော်တော် မုန်းတီးနာကျဉ်း နေလောက်ပြီ 

တော်သင့်ပြီလို့ ထင်ပေမဲ့ နှစ်ပေါင်းများစွာ ကြက်ခြေခတ်တွေ ချချရေးခဲ့တဲ့ ဒီခေါင်းထဲမှာ 

အမှားများစွာ Char Char ကနေလေရဲ့ 

ငါတွေးမိ့တယ် အဲ့ဒီအမှားတွေနဲ့ ငါ့လက်တစ်စုံ ရန်ဖြစ်ခဲ့ရင် ငါ........... 

ဘယ်လိုဖြေရှင်းရမလဲ အဲ့ဒီ Equation ကို.... 

ဘယ်ပညာရှင် အဖြေထုတ်ခဲ့သလဲ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ငါရှာဖွေ မှီငြမ်းရ မလဲဆိုတာ Online တက်ပြီး မီးကုန်ယမ်းကုန် ရှာဖွေသော်လည်း အချည်းနှီး ဖြစ်ချေပြီ တကား................... 

 

 

ငယ်ဖြူ 

8:15 am

Monday, February 22, 2010

" လူကျောက်ရုပ် များသို့ ပေးစာ (၁) ”

ပြောစရာ ပါးစပ်ရှိပါလျှက်နှင့် ဘာလိုများ ငါတို့ ပြောခွင့်မရှိတာလဲ............. 

မြင်သမျှ ကြားသမျှ မှန်ရာဟုတ်ကြောင်း မပြောတတ်အောင် ပုံသွင်းခံထားရတဲ့ လူကျောက်ရုပ်တွေလား.................... 

ရပိုင်ခွင့် လုပ်ပိုင်ခွင့် ရှိပါလျှက်နှင့် ဘာလိုများ ငါတို့ လုပ်ကိုင်ခွင့် မရှိတာလဲ.................. 

လူအခွင့်အရေးဆိုပြီး အော်အော် နေတတ်တဲ ငနဲတွေ ဘယ်များ သွားသေနေကျပြီလဲ........................ 

ဒီမြေပေါ်နေ ဒီမြေကိုမြတ်နိုး ဖက်တွယ်ပြီး ခင်ဗျားတို့ လူဖြစ်အရှုံး ခံမလား ? ကိုယ်ပိုင်အခွင့် အရေးအတွက် ကိုယ့်ဘာသာကိုယ် ထုဆစ်မလား ? လူတိုင်း လူတိုင်း ကိုယ်ပိုင် အိပ်မက် တစ်ခုစီတော့ ရှိတတ်ကျပါတယ် ဘာလုပ်မယ် ညာလုပ်မယ်ပေါ့ဗျာ ဒါပေသိ့ ကိုယ့် ကိုယ် ကို ညာနေသူတွေ များပါတယ်................. 

ပြန်စန်းစစ် ကိုယ့်လူတို့ရေ ဘဝမှာ အခွင့်အရေးဆိုတာ နှစ်ခါမရတတ်သလို လူဘဝဟာ ရခဲးပါတယ်.................. မြေကြီးကလာတဲ့သူ မြေကြီးထဲ ပြန်သွားရမှာ ဘာဖြစ်လို့ တွေဝေနေမတုန်း နောင်လာ နောက်သား ကိုယ့် ရင်သွေးတွေ အတွက် ခင်ဗျားတို့ ကျွန်တော်တို့ စတေးသင့်ရင့် စတေးကြစို့လား............. 

 

 

ငယ်ဖြူ 

11:00 am

Sunday, February 21, 2010

“ငါတို့ ကမ္ဘာမြေအတွက်”

ငါရေးချထားတဲ့ ဒီစာသားတွေ ပြန်ကောက်ကြည့်တိုင်း နီစွေနေလေရဲ့ အဲ့ဒါ င့ါသွေးတွေဖြစ်ပါလိမ့်မယ်................

 မြင်ရ ကြားရသမျှ ရေးချပြဖို့ စာမျက်နှာ ဘယ်လောက်များများ ငါပိုင်ဆိုင်မလဲဆိုတာကို ငါကိုယ်တိုင်မသိ့တဲ့အဖြစ်............. 

သွေးနဲ့ ရေးတဲ့ဒီစာသားတွေ ငါဆက်ရေနေဦးမယ် ခြောက်ခန်းသွားတဲ့အထိ.......... 

အဲ့ဒီလို အပြင်းစာဝိုင်တစ်ခွက် ဝယ်သောက်ဖို့ ငါ့မှာ အဿပြာမရှိ ဒါပေမဲ့ မပူပါဘူးလေ နောက်ဆုံးညစာတော့ ငါတို့ အတူတူစားဖြစ်မှာပါ........... 

ကမ္ဘာမြေအတွက် ငါ ဘာတွေ ပေးဆပ်နိူင်ခဲ့လဲ ၁၀ စုနှစ် သုံးခုစာငါရှင်သန်ခဲ့တဲ့ ဒီဂြိုလ် ပြာပြာကြီးအတွက်ပေါ့ နောက်ဆုံး ဘာမှ မကျန်ခဲ့ဖြစ်ရင် ငါ့ ခြေရာတွေတော့ မင်းတို့ တွေ့မှာပါ ကမ္ဘာမြေကြီး ကျန်းမာပါစေဗျာ .............. 

 

 

ငယ်ဖြူ

Friday, February 19, 2010

ဒီလိုပါဘဲ

လူရယ်လို့ ဖြစ်လာကတည်းက ဟော့ဒီကမ္ဘာကြီးပေါ်မှာ တောင်ပြေး မြောက်ပြေးနဲ့ ရုန်းကန်လှုပ်ရှားနေခဲ့ရတယ်..................... လူ လူခြင်းအတူတူ ခင်ဗျားတို့ ကိုယ့်ဘာသာကိုယ် ပြန်မေးကြည့်စမ်းပါ ဘာသေချာတာရှိသလဲလို့...................... ကျွန်တော်ကိုယ်တိုင်လည်း မေးခွန်ကိုသာစဉ်းစာမိ့တာ သေချာတာ ကျွန်တော့်မှာလည်း အဖြေမရှိသေးဘူးဗျ................... လောဘ ဒေါသ မာန်မာနတွေ မချိ့မဆန့်ကျော်ပေါ်တင် ခေါင်းမာပြီးမိုက်လုံး ကြီးနေသူတွေကလည်းရှိသလို ကိုယ်ကျိုးစွန့်ပြီး အများအတွက် စတေးနေသူတွေလည်းရှိတယ်ဗျ ဘယ်သူကမှန်ပြီး ဘယ်သူကမှားတယ်ဆိုတာ ကျုပ်တို့ ဆုံးဖြတ်စရာမလိုဘူး အချိန်ဆိုတဲ့ ဒိုင်လူကြီး ဝီစီမှုတ်ပြီး ပွဲသိမ်းပေးလိမ့်မယ် လက်ပိုက်သာကြည့်နေ ပေတော့ဗျို့ အဲဒီလို့နဲ့ ဝင်သက်ထွက်သက်တွေ မရပ်သေးသရွေ ကာလပတ်လုံး ဒုက္ခဆိုတဲ့ ငနဲ ခဏခဏ နှိပ်စက်တာ ခံရပါများလို ကျွန်တော် အရေခွံတောင် တော်တော်ထူလာပြီ တစ်ခါတစ်ခါ အထီးကျန်ဆန်လွန်းလှတဲ့ ကျွန်တော့် ဂီတာအိုလေးကို သတိ့ရတယ် တစ်နေ့ တစ်နေ့ နေဝင်မိုးချုပ် ရုံးဆင်းလို့ အိမ်အပြန် သားသားနဲ့ မြတ်ကလေးကို သတိ့ရတိုင်း မေကြောထောင် အံကြီတ်ပြီး သက်ပြင်းရှည်ကြီးတွေ အခါခါချနေရတာ ကျွန်တော့်ကျောပိုးအိတ်ကလေးတောင် Ear Plug တပ်ထားရတယ် ဒီလိုနဲ့ဘဲ....................... 

 

ငယ်ဖြူ

“ အလင်းအိမ်ရဲ့ နောက်ဆုံးနေများ”

အလင်းရောင် ပျပျ ဟိုးရှေးမှာ ရှိနေတယ် ရှေ့ဆက်လျှောက်မလား နောက်လှည့် ပြန်မလား စဉ်းစာ ကိုယ့်လူ.................... လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေး ကိုယ်ရေးကိုယ်တာ မစွက်ဘဲ အများအတွက် တောင်းဆိုရဲ လုပ်ကိုင်ရဲတဲ့သူ ခင်ဗျားတို့ ကျွန်တော်တို့ ကြားမှာ ဘယ်နှစ်ယောက်ရှိလဲ ? လက်ချိုးရေကြည့် ကျုပ်ကိုယ်တိုင် ဘေးထွက် ထိုင်ရတဲ့အဖြစ်မျိုး ရေငုံနှုတ်ပိတ် စိတ်ဓာတ်တွေခြစား စာရိတ္တတွေ ချချရောင်းနေရတဲ့ အဖြစ် ဘယ်သူက နှစ်မျိုပါမလဲဗျာ ဒါပေသိ့.......... ဒီပုတ်ထဲက ဒီပဲ၊ ဒီပဲနဲ့ ဒီပုတ် လုံးလည်ချာလည် လိုက်နေတဲ့ ဘဝတွေ ဘယ်လောက်များများ ချချနင်းခဲ့ပြီလဲ စဉ်စားပါကိုယ့်လူတို့ ရေ သူတို့အလှည့်ပြီးရင် ခင်ဗျား တို့ကိုယ်တိုင် ချနင်းခံရဖို့မြင်တယ်ဗျ............. 

 

 

ငယ်ဖြူ

လေသင့်ရာသို့

လေထမ်းလမ်းလျှောက်နေတဲ့ ကျွန်တော် လေထဲမှာ တိုက်အိမ် ဆောက်တာ အခါခါ လေပွေဆိုးတွေ ဒုက္ခပေးပြီးရင် လေပြေညှင်းတို့ ရဲ့ ပွေ့ဖက်နှုတ်ဆက်မှု ကို မျှော်လင့်မိတာ တော့အမှန်ပါ ကြာလာတော့လည်း မှုန်တိုင်းထန်မှာကို မကြောက်တော့သလို လေပြေကိုလည်း မမျှော်လင့်တော့ဘူး အချိန်ရှိခိုက် လေထဲမှာ လမ်းလျှောက်ကြစို့ သူငယ်ချင်း အိမ်မရောက်ခင် မင်းနဲ့ ငါ တစ်ခွက်တစ်ဖလား လောက်တော့ "One for the road" လုပ်လိုက်ကျရအောင် ပွဲမဝင်ခင် အပြင်ကကျင်းပဆိုသလိုပေါ့ သွေးပူလေ့ကျင့်ခန်းပြီးမှ အိမ်ပြန်ကျမယ်ဟေ့ ဘာဘဲပြောပြော လစာထုတ်ရက်ဆိုတော့ အိမ်ရှင်မ မျက်နှာ သကာရေ လောင်းထားသလိုမျိုး မင်းကို စီကြိုနေပါလိမ့်မယ်...... ကိုယ်ကတော့ အတိတ်ကို အရိပ်လိုဘဲ နောက်မှာ ထားခဲချင်တယ် သူ့ကိုဖက်တွယ်ထားရတာ ကြာတော့ အော်ဂလီ ဆန်လှပေါ့ ဒါတွေ မပြောတာဘဲ ကောင်းပါတယ် သူငယ်ချင်းတို့လည်း သိ့ပါတယ်လေ............... ငယ်ဖြူ