Saturday, March 20, 2010

မှော့်ဆရာအိပ်မက်များ အစ...

နာဂစ်အလွန် ကိုယ်ထူကိုယ်ထ ပြုပြင်ရေးတွေ ပြီးကာစမှာ ကျွန်တော် ပြည်ပကို ထွက်ပြီး အလုပ်လုပ်ဖို့ ပြင်းပြင်း ပြပြ စဉ်းစားပြီး အာရုံစိုက် လုပ်ကိုင်လာပါတယ်၊ ဒီလိုနဲ့ဘဲ ၂၇ မေလ ၂၀၀၈ မှာ ကျွန်တော် ဒီကျွန်းပေါ် စရောက်လာပါတော့တယ်၊ ကျွန်တော်မိ့သားစုနဲ့ အတူလေယာဉ်ကွင်းဆင်းတော့ သားသားရယ်၊ မြတ်ကလေးရယ် ဘာမှ မဖြစ်သလို့ တည်တည်ငြိမ်ငြိမ်ဘဲဗျ၊ Check in counter ကိုတက်သွားတော့မှ စတာဘဲ သားသားကလည်းငို၊ မြတ်ကလေးလည်းငိုလို့ ကျွန်တော်လည်း မျက်ရည်ဝဲလို့ပေါ့ဗျာ၊ Boarding Lobby ရောက်တော့ ကျွန်တော်ဖုန်းခေါ်ဖို့ ရပ်စောင့်နေတယ် ကိုယ်အရှေ့က ဖုန်းဆက်နေတဲ့ အမျိုးသမီးက တော်တော်နဲ့ မပြီးနိူင်ဘူး၊ သားသားနဲ့ မြတ်ကလေးကို နှုတ်ဆက်မလို့ပါ၊ တော်တော်ကြာတော့မှ လက်စသတ်သွားတော့ ဖုန်းကို အမြန်ကောက်ကိုက်ပြီး ခေါ်လိုက်မိ့တယ်၊ တစ်ဖက်က ငိုသံတွေကို ကြားရပြန်တော့ ကျွန်တော်ပါ ငိုချင်လာပြန်တယ်၊ သားသားနဲ့ မြတ်ကလေး ကျန်းမာရေးကို ဂရုစိုက်ဖို့ အထပ်ထပ်မှာပြီး ဖုန်းကို မချင် ချချင်နဲ့ ချပြီး လှည့်ထွက်ခဲ့ပါတယ်၊ ကိုယ့်နောက်က တန်းစီနေတဲ့သူတွေကို လေးစားရမယ်လေ။ ထိုင်ခုံအစွန်းဘက် နေရာလွတ်တစ်ခုမှာ ဝင်ထိုင်ရင်း တစ်ယောက်တည်း တိတ်တိတ်ကြေကွဲနေလိုက်တယ်ဗျာ၊ လေယာဉ်ပေါ်တက်ပြီး လေပေါ်စတက်တော့ ကျွန်တော့်ရင်ဘတ်ထဲက တစ်ခုခု ကျကန်ခဲ့သလို ခံစားနေရတယ်၊ မျက်စီမှိတ် အံကြီတ်ပြီး ခနလောက်တော့ နားလိုက်တယ်ဗျာ တော်တော့ကို ပင်ပန်းလွန်းလှပါတယ်၊ ဒီလိုနဲ့ Changi ကိုရောက်တော့ မြင်ကွင်းတွေ ကအပြောင်ပြန်ဖြစ်ကုန်တယ်ဗျ၊ Public phone တွေကလည်း နေရာတိုင်း နီးပါး ရှိတယ်၊ Local နံပါတ်တိုင်းကို ကောက်နှိပ်ပြီးခေါ်လို့ရတယ်ဗျ၊ အဲ့ဒီမှ စတွေ့ တာဘဲဗျာ... ဒီလိုနဲ့ လာကြိုတဲ့သူငယ်ချင်း လင်မယားကို ဖုန်းဆက်ရတယ်၊ အဲ့ဒီတုန်းက အရက်ဝယ်ဖို့ မသိ့သေးဘူးဗျ၊ ကျွန်းပေါ်မှာ .75 ဘဲရှိတယ်ဆိုတာနောက်မှ သိ့တာကိုဗျ။ အဲ့လိုနဲ့ Check Point ရောက်တော့ လူများနေတဲ့ queue  မှာမစီဘဲ တော်သင့်တဲ့ queue မှာသွားစီဖြစ်တယ်၊ လေယာဉ်ပေါ်မှာ white card မဖြည့်ဖြစ်ခဲ့လို့ check point နားရောက်မှဖြည့်ရတယ်ဗျာ၊ ကျွန်တော် queue စိနေတုန်း Singaporean and PR Only ဆိုတဲ့ counter က officer ကလှမ်းခေါ်တယ်ဗျ၊ အဲ့ဒါနဲ့ ကျွန်တော်လည်း သူ့ counter ကို ရောက်သွားတာ့ပေါ့ဗျ၊ passport ပေးလိုက်တယ် ပြီးတော့ air ticket တောင်းကြည့်တယ်၊ " How long you want to stay in Singapore ?"  လို့မေးတယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် air ticket က တစ်နှစ်စာဖြစ်နေတာကိုး၊ ကျွန်တော်ကလည်း "I would like to stay one month only" လို့ဘဲ ခပ်တည်တည် နဲ့ ပြန်ဖြေလိုက်တယ်ဗျာ၊ အဲ့ဒီတော့မှ သူ့အလုပ်သူဆက်လုပ်တယ် ပြီးတော့မှ ကျွန်တော်လည်း Lagged Belt ရှိရာကို ဆက်ထွက်လာလိုက်ပါတယ်၊ ကိုယ်ပစ္စည်းတွေ ကောက်ပြီးတော့ အထွက်ရောက်ခါနီးမှာ xray ဖတ်တယ်ဗျ၊ အပြင်ရောက်တော့ သူငယ်ချင်းစုံတွဲက ငါတို့ MRT နဲ့ဘဲသွားမယ်ဆိုတော့ သွားလေလို့ ပြန်ပြောတယ်၊ ကျွန်တော့်မှာက ဘာမှ သိပ်များများစားစား ပါတာမှမဟုတ်တာကိုးဗျ၊ Service counter ရောက်တော့ e-Zlink ကဒ်ဝယ်တယ် Card Reader မှာ Tapping လုပ်ပြီး ရထား ပလက်ဖောင်းပေါ် ထွက်ခဲ့ပါတော့တယ်၊ MRT ပေါ် စတက်တက်ခြင်း ကျွန်တော့်ခံစားမိ့တာက လေကောင်းလေသန့်တွေကို တစ်ဝကြီးရှုလိုက်ရတာကိုပေါ့ဗျာ၊ သူတို့ အခန်းကိုရောက် ကျွန်းအချိန် 5:45 pm ဖြစ်နေပြီဗျ ရောက်ရောက်ချင်း GTalk နဲ့ဘဲ စကားပြောရတာပေါ့ဗျာ၊ ကောင်းကောင်းမွန်မွန်ရောက်တယ်၊ အဆင်ပြေတယ် ပါတယ်ပေါ့။ ညနေကျရင် ကျွန်တော်နေရမယ့် အခန်းကို အခန်းဖော်ညီလေး တစ်ယောက်နဲ့ ပြောင်းရဦးမယ်ပေါ့ဗျာ။ အဲ့လိုပြောပြီး ထပ်မှား မိ့တယ် သားသားနဲ့မြတ်ကလေးကို ကျန်းမာရေးကို ဂရုစိုက်ဖို့ပါ။ ရေမိုးချိုးပြီးတော့ သူငယ်ချင်းက ဖုန်းကဒ် လိုက်ဝယ်ပေးတယ်ဗျ၊ အခန်းဖော်ညီလေးကလည်း သူ့မှာ ပိုနေတဲ့ hand set ကို ဌားပေးပါတယ်၊ အဲ့ဒါနဲ့ ဖုန်းကိစ္စ ကအဆင်ပြေသွားတယ်။ ညနေရောက်တော့ ကျွန်တော်တို့ နေမယ့် အခန်းကို ချီတက်ကျတယ်ပေါ့ဗျာ ရောက်ရောက်ချင်းဘဲ အခန်းခနဲ့ စပေါ်တစ်လစာ ထွက်ပါလေရောဗျာ၊ ငါတော့ အလုပ်ရမှ ဖြစ်မယ်ဆိုတဲ့အတွေးတွေက ကျွန်တော့်ကို တစ်နင့်တစ်ပိုးနှိပ်စက်ကျတယ်ဗျာ၊ နှစ်ပတ်လောက်သာ ကြာတယ်ဘာမှ သိပ်မထူးခြားသလိုဘဲ၊ သုံးပတ်မြောက်တဲ့နေမှာ Walk in တစ်ခုရတော့ သွားဗျူးပါတယ် CCTV ကုမ္ပဏီတစ်ခုမှာပါ၊ အဆင်ပြေတယ် Job Training စဆင်းဆိုတော့ ကျွန်တော် အတော်ပျော်သွားပါတယ်၊ အဲ့ဒီမှာလည်း မြန်မာညီလေး တစ်ယောက်ရှိနေတော့ ကျွန်တော့်အတွက်က အဆင်ပြေသွားတာပေါ့ဗျာ၊ နှစ်ပတ်လောက် အလုပ်ဆင်းနေတုန်း နောက်ရုံးတစ်ခုကလည်း Interview ထပ်ခေါ်တယ်ဗျ၊ အဲ့ဒါနဲ့ ဘဲ အပြေသွားဗျူးဖြစ်တယ်၊ သွားဗျူးပြီးကတည်းက ကျွန်တော်စိတ်ကူးထဲ အဲ့ဒီရုံးမှာ အဆင်ပြေရင်ကောင်းမယ်လို့ စဉ်းစားပြီး ဆုတောင်းမိ့တယ်ဗျ၊ နောက် CCTV ရုံးက S-Pass တင်တော့ Reject ဖြစ်ပါလေရောဗျာ၊ အဲ့ဒီနေ့ ကျွန်တော် စိတ်ညစ်နေတုန်း ကျွန်တော်လိုချင်တဲ့ရုံးက Second Interview ခေါ်တော့ ကျွန်တော် တော်တော်လေး ပျော်သွားတယ်ဗျ၊ နောက်ဆုံးတော့ ကျွန်တော်လိုချင်တဲ့အလုပ်ကို ဘုရားအလိုတော်ရှိလို့ရခဲ့ပါတယ် အခုဆိုဘာလိုလိုနဲ့ ၂ နှစ်ပြည့်ခါနီးပြီဆိုတော့ တော်တော်လေးတော့ ကျင့်သားရနေပြီဗျ၊ အိမ်လွမ်းတာတော့ အရင်အတိုင်းပါဘဲဗျာ၊ တစ်ခါ တစ်ခါ တော်တော့်ကို ဆိုးဆိုးရွားရွား ခံစားရပါတယ်၊ ဘာဘဲပြောပြောခုလို ရင်ဖွင့်ခွင့်ရလို့ ကျေးဇူးပါ၊ အားလုံးရွှင်လန်း ချမ်းမြေ့ကျပါစေဗျာ။ 

 

 

ငယ်ဖြူ 

SAT 3:00 pm


No comments: