Thursday, April 22, 2010

ငါပိုက်ဆံအတွက် Blog မရေးဘူး...
ဂုဏ်သိက္ခာအတွက် မရေးဘူး...
စည်းလွတ်ဝါးလွတ်လည်း မရေးဘူး...

ရူးသွပ်စွာရေးမယ်။
ငတ်မွတ်စွာရေးမယ်။
အမှန်တရားတွေရေးမယ်။

ငါရေးတာ ငါ့ကိုယ်ပိုင်ခံစားချက်၊ တွေ့ရှိချက် နဲ့ ငါကျွမ်းကျင်တာကို ချပြတာဖြစ်တယ်၊ ဘယ်တော့မှ သွေဖည်းပြီးလည်း ရေးဖြစ်မယ်မထင်ဘူး၊ ငါ့ကိုလှောင်ပြောင်နိုင်တယ်၊ သရော်နိုင်တယ်၊ ဝေဖန်နိုင်တယ်၊ တားစီး ပိတ်ပင်ခွင့်တော့ ဘယ်သူမျှမရှိ။

ထောက်ပြဝေဖန်တာကို ငါငံလင့်တယ်၊ မျှော်လင့်တောင်းတတယ်၊ ကြိုဆိုပါတယ်။

အသုံးအနှုန်းတွေ မာထန်ကောင်း မာထန်မယ်၊ မာနတက်တာမဟုတ်၊ ပြတ်သားခြင်းမျှသာဖြစ်တယ်၊ မပြတ်သားရင် ခံစားရမယ့် အတိုင်းအတာ ဘယ်လောက်ထိ့ရှိမလဲ ငါ့ကိုယ်တိုင်မသိ့၊ ခုရှုပ်မှ နောင်ရှင်းမယ်အဖြစ်မျိုးမို့ ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ဖော် ပြထားတာဖြစ်တယ်၊

ဆယ်စုနှစ် တော်တော်များများကို ငါဖြတ်ကျော်လာခဲပြီ၊ ခုထိငါ့ ဘာမှ မဖြစ်သေးဘူး၊ ဘယ်မှ မရောက်သေးဘူး မကျေနပ်ရင်တော့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်ရုံဘဲရှိတယ်၊ ငါတို့ဘာလို့ အဲ့လို ဖြစ်ခဲ့တာလဲ၊

စေ့စေ့တွေး ရေးရေးပေါ်ဆိုသလို အဲ့ဒီခေါင်မိုး မလုံတဲ့ကိစ္စဘဲ ပြန်ပြန်ရောက်လာတယ်၊ ဒီကြားထဲ လေကတိုက်လိုက်သေးတယ်၊ မလုံတဲ့ ဒီခေါင်းမိုး လေနဲ့ ပါသွားတာမှ အေးသေးတယ်၊ အခုထက်ထိ ဒီလောင်းရိပ်အောက်က ငါတို့ မလွတ်မြောက်နိုင်သေးဘူး၊

စာများများဖတ်ပါ၊ လူမှန်နေရာမှန် တွေးခေါ် ချင့်ချိန်စဉ်းစားပါ၊ မှန်တာပြော ဟုတ်တာလုပ်နေတာကို ထောက်ခံသင့်ပါတယ်၊ ရင်ထဲက ဆန္ဒတွေ ပြန်မျိုမချနဲ့ ကိုယ့်လူတို့ရေ၊ ဖွင့်ဟထုတ်ဖော်မှ အဲ့ဒီအသီးအပွင့်ကို ခံစားရမယ် မဟုတ်လား။

သေချာတာ ငါကတော့ ရပ်မနေဘူး၊ လက်တွေလှုပ်နေတယ်၊ ခေါင်းကစဉ်းစားတယ် အချိန်ရှိတိုင်းပေါ့လေ၊ ဒီသမုဒ္ဒရာ ၀မ်းတထွာ အတွက်လည်း လှုပ်ရှားရုန်းကန် ရင်းနဲ့ပေါ့။

ညီညွတ်စွာနဲ့ တွန်းလှန်ကျပါ၊ ဒီအတိုင်းနေရင် ခင်ဗျားတို့မျိုးဆက်တွေ ဒုက္ခများမယ်၊ အသိ့ပညာမဲ့မယ် နောက်ဆုံးဗျာ လူမျိုးတုံးမယ်...

ဘယ်နေရာ ဘယ်ဒေသရောက်ရောက် မျက်နှာငယ်ရမယ်၊ ကောင်းတာ တစ်ခုမှ မရှိ့ဘူး၊ ပိုဆိုးတာက လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်ကို လုံးဝအတိတ်မေ့သလို၊ တောင်းဆိုရကောင်းမှန်း သိ့မှာ မဟုတ်တော့ပါဘဲ။

အမှန်ကို အမှန်တိုင်း မြင်နိုင်ပြီး၊ ကြိုးစားတွန်းလှန်နိုင်ကျပါစေ

အားလုံးငြိမ်းချမ်းကျပါစေ....

No comments: