Saturday, March 20, 2010

Blogger နဲ့ ကျွန်တော်...

ကျောက်ခေတ်မှာ ကျောက်သားပေါ် စာထွင်းတယ်၊ နောက်တော့ ကျောက်သင်ပုန်း၊ ပြီးတော့ စာရွက် စာအုပ်တွေ ဖြစ်လာခဲ့တယ်၊ အဲ့ဒါ စာပေ နဲ့ ပတ်သက်တဲ့ Media တွေကို ကျွန်တော် သိ့မြင်သမျှပေါ့လေ၊ အခု IT ခေတ်ကြီးထဲရောက်ပြန်တော့ ကမ္ဘာရွာကြီး ဖြစ်လာသမို့ Forum, Portal & Blog ဆိုပြီးတော့ Media အသစ်အသစ်တွေ တစ်ခုပြီး တစ်ခု မိတ်ဆက်လာကျပါတယ်။

အဲ့ဒီအထဲမှာ ကျွန်တော့်အသည်းစွဲ ကတော့ Blogger ပါဘဲ၊ လွယ်ကူတယ် ရိုးရှင်းတယ် လုံခြုံစိတ်ချရတယ်၊ စသုံးမိ့ကတည်းက တစ်နေ့ တစ်ခေါက်လောက် မသုံးရရင် ကျွန်တော် တစ်မျိုးကြီး ဖြစ်ဖြစ်နေတယ်၊ Blogger တစ်ယောက်ရဲ့ ကျင့်ဝတ်တွေကို ကျွန်တော်လိုက်လေ့လာမိ့တယ်၊ အမှန်တော့ဗျာ ကျွန်တော်တို့လို့ Blogger တွေက True Story ကိုပိုပြီး Contribute လုပ်သင့်တယ်လို့ ကျွန်တော်ယူစပါတယ်၊ အဲ့ဒါမှလည်း ကိုယ့်ရဲ့ စာဖတ်ပရိသတ်ကို လေးစားရာ အကျိုးပြုရာရောက်မှာပေါ့၊ ကျွန်တော့်လို စကားပြေဘဲ ရေးတတ်တဲ့သူအဖို့တော့ ကျွန်တော့် အယူအစက မှန်ကောင်း မှန်ပါလိမ့်မယ်၊ တစ်ချို့ တွေကျပြန်တော့ ရသမြောက်အောင် ရေးတတ်သမို့ ဖတ်ပြီးတာနဲ့တင် ခေါင်းထဲမှာစွဲမြဲနေလောက်ပါတယ်

ကျွန်တော့်ရဲ့အားလပ်ချိန်တော်တော်များများကို Blogger ကပိုင်ပါတယ်၊ GTalk လာပြောမယ့် ကြင်နာသူကို စောင့်ရင်း Blogger ပေါ်မှာ ကျွန်တော့် ခံစားမှုတွေကို အံချနေရတာ ခုဆိုရင် ၁နှစ်နှင့် ၇လ တင်းတင်းပြည့်ပြီဗျ၊ အိမ်မှာဆိုရင် မီပြတ်တာနဲ့ ကိုယ့်ဝင်ငွေကလည်း Computer တစ်လုံး ၀ယ်သုံးနိုင်ဖို့ မပြောနဲ့ မိ့သားစု အတွက် မနည်းကို ကျားကန်ထားရတာနဲ့တင်ကို ဘာမှ စိတ်မကူးနိုင်ဘူးလေ၊ စိတ်ကူးတယ်ဆိုလို့ စိတ်ကူးယာဉ်သက်သက် လိုတော့ မယူစပါနဲ့ဦးဗျ၊ တစ်ခါတစ်ခါ ကိုယ်သိ့တာ တတ်တာကို ဝေမျှတယ်၊ ခံစားချက်ကို တင်ပြတယ်၊ ရသတစ်ခုခုလည်း ရစေချင်ပါတယ်။

ဒီမှာက ကိုယ့်မြေကိုယ့်ရေ မဟုတ်လေတော့ စိတ်ဖိ့စီးမှုက နှစ်စလောက်ပိုပါတယ်၊ သွားလာ နေထိုင်စားသောက်တာကို အမြဲသတိ့မပြတ်နေရသလို အလုပ်ခွင်မှာ အဆင်ပြေအောင် ပိုပြီး ကြိုးစားရတယ်၊ တစ်ခါတစ်ခါ ကိုယ့်စိတ်ထဲ ရူသွင်းနေရတဲ့လေကိုက တစ်မျိုး ဖြစ်ဖြစ်နေတယ်ဗျာ၊ မိ့သားစုကို လွမ်းပြီဆိုရင်တော့ ပိုလို့တောင်ဆိုးပါသေးတယ်၊ တစ်ခါ တစ်ခါ ရန်ကုန်က ပုလင်းတူ ဗူးဆို့ ညီအစ်ကိုတွေကို သတိ့ရတယ်၊ သူတို့နဲ့ ၀ိုင်းဖွဲ့ဖို့ ဆိုတာ ကျွန်တော့်အတွက် မဖြစ်နိုင်ဘူးလေဗျာ၊ ဒီမှာက အဲ့ဒီဇိမ်ခံပစ္စည်း အသုံးအဆောင်တွေက ဈေးတအားကြီးလွန်းလှပါတယ်၊ အလွန်အကျွံလုပ်လိုက် ရင် တစ်လလုံး ရေသောက် ဗိုက်မှောက် ဆိုသလို ဖြစ်နိုင်တယ်ဗျ၊ အိမ်မှာဆိုရင်တော့ ကိုယ်စိတ်ကြိုက်ပေါ့ဗျာ၊ ကိုယ့်မြေ ကိုယ့်ရေမဟုတ်ဆိုတဲ့ အသိ့က တစ်ခါတစ်ခါ လုံခြုံမှု သိပ်မရှိသလိုခံစားရပါတယ်၊ အဲ့ဒါတွေကြောင့် စိတ်ဖိ့စီးမှုနှစ်စပိုတယ်လို့ ဆိုတာပါ။

အလုပ်အဆင်ပြေပေမယ့် နေထိုင်စရိတ်ကထောင်း မိ့သားစုကို စိတ်တိုင်းကျ မထောက်ပံ့နိုင်တဲ့အခါ ကျွန်တော့်ကို ကျွန်တော်အလိုမကျ ဖြစ်ဖြစ်လာတယ်၊ ငါဘာလို့ အဲ့လောက် အသုံးမကျသလဲပေါ့လေ၊ စိတ်သွားတိုင်း ကိုယ်မပါလေတော့ သေသေချာချာ ပြန်စမ်းစစ်ဖြစ်တယ်၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အစစ အရာရာ ငါတို့ ဘာလောက်နောက်ကျန်နေခဲ့သလဲ ဆိုတာကိုပေါ့ဗျာ၊ ခေါင်မိုးမှ မလုံတာ မိုးယိုတာ မဆန်းဘူးပေါ့ဗျာ၊ မလုံတဲ့ခေါင်ကို ပြုပြင်မွမ်းမံဖို့ နိုင်ငံသားတိုင်း တာဝန်ကိုယ်စီရှိတယ်လို့ ကျွန်တော့်ခံစားမိ့တယ်ဗျာ၊ တတ်နိုင်တဲ့ဘက်ကပေါ့လေ။ ကျွန်တော်ကတော့ ကိုယ့်ဘက်က အကောင်းဆုံး အတတ်နိုင်ဆုံး ဖြစ်အောင်လုပ်တယ် ကူညီတယ် လုပ်ဆောင်တယ်ဗျ၊ အဲ့ဒါကျွန်တော့်ရင်ဘတ်ထဲက အမှန်တရားပေါ့လေ၊ စိတ်ထားကောင်းကောင်း ထားတော့ ကိုယ့်အတွက်လည်း မကောင်းမသင့်တာတွေ မဖြစ်နိုင်ဘူးလေဗျာ၊ ဖြစ်ခဲ့ရင်တောင်မှ ကူညီစောင်မမည့်သူ တစ်ယောက်မဟုတ်တစ်ယောက် ပေါ်လာလိမ့်မယ်လို ကျွန်တော်ယုံကြည်ပါတယ်၊ လူတိုင်း လူတိုင်း စိတ်ထားကောင်း၍ ကံကောင်းနိုင်ကျပါစေဗျာ။

ငယ်ဖြူ
Blogged with the Flock Browser

No comments: