Wednesday, April 21, 2010

Deposit ကစတယ်....

ကျွန်တော်ကံဇာတာ တက်လာတာပေါ့ဗျာ

ဆွေးမျိုးနီးစပ် ညီတစ်ယောက် ကျောင်းလာတက်တယ်ဗျာ၊ မလာခင် ကတည်းက အခန်းရှာပေးရတယ်၊ ပြီးတော့ လေဆိပ်သွားကြိုပြီး အခန်းလိုက်ပို့ပေးရတယ်၊ နောက်တော့ အတူတူနေဖို့ဖြစ်လာတယ် တတ်နိူင်ရင်ကျွန်တော်က ကိုယ့်ထက် အသက်ငယ်သူတွေနှင့် တရင်းတနှီး မနေချင်ပါ၊ အရိုအသေတန်မှာစိုးလို့လေ ကျွန်တော်ကိုယ်တိုင်လည်း လူကြီးတစ်ယောက်လို့ ခန့်ခန့်နဲ့ စန့်စန့်ကြီး မနေချင်တာလည်းပါမှာပေါ့လေ။ အဲဒီလိုနဲ့ အတူတူနေမှ စရိုက်ကပေါ်လာတယ် အကြောင်းလည်း ပိုသိ့လာတယ်၊ ပျင်းလိုက်တာမှလွန်ရော
စားသောက်ပြီးတဲ့ ပုဂံခွက်ယောက်တွေကို တော့ဆေးကြောပါရဲ့၊ ချက်ပြုတ်ပြီး ဒီအတိုင်းထားတယ် တစ်ခါတစ်လေ မှိုတောင်တက်တယ်၊ ထမင်းသိုးတာကတော့ အရည်ကိုထွက်လို့၊ နောက်ဆုံးတော့ ဒီငပွကြီးဘဲ အကုန်လိုက်ရှင်းရတယ်၊ အလုပ်ကမောမော ပန်းပန်း ပြန်လာတိုင်း အဲ့ဒါကို ရှင်းလင်းရေးလုပ်ရတယ်ဗျ၊ ကျွန်တော် တစ်ခါမှ အပြစ်တင် စကား မပြောလိုက်ပါဘူးနော်။

အဲ့လိုနဲ့ ဖုန်းလိုင်းလျှောက်ချင်တယ် ဆိုတော့ သွားလျှောက်ကျတယ်၊ ကျောင်းသားဆိုရင် Deposit ၂၀၀ တင်ရမယ်ဆိုလို့၊ ကျွန်တော်ဘဲဖုန်းလျှောက်ပေးလိုက်ပါတယ်၊ ဖုန်းစာချုပ်က ၂ နှစ် သက်တမ်းဆိုတော့၊ မလုပ်ခင်ကတည်းက နှုတ်ကတိ့နဲ့ နောင်ဖြစ်လာမယ့် အရာတွေကို တာဝန်ယူပါတယ်လို့ ပြောလာတော့၊ မျက်စိ့မှိတ်ပြီး လုပ်ပေးလိုက်မိတယ်၊ အဲ့ဒီ Deposit ကစတာဘဲ....

၁ နှစ်ကျော်ကျော်လေးမှာ ကျောင်းပြီးသွားတော့၊ ဖုန်းလိုင်းပိတ်ဖို့ တွန်းတွန်းတိုက်တိုက်ပြော ပေမယ့် တစ်ကယ်တန်း ပြန်ခါနီးကျတော့ သူ့လက်ထဲ ပိုက်ဆံလက်ကျန် နည်းမှာ စိုးတာနဲ့ ဖုန်းလိုင်မပိတ်ဘဲ ၂ လ၊ ၃ လ လောက် ခေတ္တ ရပ်ထားခဲ့တယ်၊ လိုင်းပြန်ပွင့်တာနဲ့ ကျွန်တော့်စီကို Reminder နဲ့ Bill တွေတန်းစီလာတော့တာဘဲ၊ နောက်ဆုံး Bill ကို မေးလ်ပို့လိုက်သေးတယ်၊ ရှေ့နေရုံးက စာလာရင်တော့ မင်းရှင်းရမှာလို့ပြောတော့၊ အဲဒီအထိ့ကို အေးအေးဆေးဆေးဘဲ။

နောက်ဆုံးသတိ့ပေးစာ ပို့ပြီးရှင်းဖို့ပြောတော့မှ ဇာတ့ိကစတာဘဲ၊ ဧပြီလ သင်္ကြန်ပြီးမှ ပေးပါရစေတဲ့၊ ဘယ်လိုမှ မဖြစ်နိူင်ဘူး ကျွန်တော်စွဲဆန့်လာတဲ့ အချိန်တွေကများပြီ၊ နောက်ဆုံးတော့ ကျွန်တော်ကဘဲ လူလည်ကျပြီး မတော်မတရားလုပ်သလို ဖြစ်ကုန်ရော၊
မိ့ဘများ သားသမီးစကား ရုံတော့ စုံလုံးကန်းဆိုသလိုပေါ့လေ၊ ကျွန်တော့်ကို စစ်မယ်ဆေးမယ်ဖြစ်ကုန်ရော၊ ကျွန်တော်ကလည်း ရှိသမျှ စာရွက်စာတမ်း အပြည့်အစုံ ပို့ပေးလိုက်ပါတယ်၊ နောက်ဆက်တွဲ ရလဒ်ကတော့ ကျွန်တော့် သိက္ခာထိ့ခိုက်မယ် စကားတွေကို သပုတ်လေလွင့် ယောကျာ်းတန်မဲ့ ပြောကုန်ရောဗျာ၊ ပိုက်ဆံရှိတိုင်း အရာရာကို အနိူင်ရလိမ့်မယ်လို့ ထင်ထားရင်မှားမှာပေါ့၊ ကိုယ့်စေတနာ ကိုယ်အကျိုးပေးမှာပါဘဲ၊

အဲလိုနဲ့ စောင့်လာလိုက်တာ တစ်လကျော်ကျော်ကြာသွားတယ်၊ ကျွန်တော်ယုံကြည်ရတဲ့ အဲ့ဒီကောင်လေးရဲ့ အဖေကပါ ရှောင်ပြေးပါတော့တယ်၊ အော် ပိုက်ဆံရှိတဲ့ လူတွေများ ပိုက်ဆံနဲ့ ပတ်သက်လာရင် လိမ်ဖို့ ဝန်မလေးကျပါလား လို့ ကျွန်တော် ကောက်ချက်ချမိ့တယ်၊ ကျွန်တော့်ကိုယ်နှိုက်က သူတစ်ပါး အပေါ်မှာ သဘောထားပြည့်ဝလွန်းတာပါလေ၊ ဘယ်သူမပြု မိ့မိ့မှု ကိုယ့်ဘာသာ ကိုယ်ဘဲရှင်းလိုက်ရပါတော့တယ်ဗျာ။

2 comments:

Anonymous said...

အင်း လူတွေကအဲ့လို ပါပဲ
ကိုယ့်ဆီက အကူအညီယူသွားပြီးရင် ပြန်ဆပ်ဖို့ နေနေ သာသာ နောက်ထပ်ရသလောက်ထပ်ယူသွားဖို့  ကြိုးစားကြတာပဲ နောက်ဆုံးကျတော့ ကူညီတဲ့ သူပဲ ငပေါကြီးဖြစ်ကျန်ရစ်တာပဲ

An Asian Tour Operator said...

ရှုပ်တဲ့ အထဲမှာ စကားရှုပ်တာရှင်းရခက်တယ်။ စိတ်ပျက်စရာကြီး။ ခဏခဏ ကြုံဘူတယ် ကိုယ့်လူ။ နောက်ဆုံး တော့ကိုယ်လမ်းကိုယ် ဆက်လျှောက်ရတာပဲ။