Tuesday, June 29, 2010

ကျွန်တော့် သစ်ခေါင်းအိမ်ကလေး

ကျွန်တော်အဲ့ဒီ အိမ်လေးကို မပိုင်ဆိုင်ရခင်ကတည်းက စွဲလန်းတက်မက်ခဲ့ရတာပါ၊ မြင်ရုံတွေရရုံနဲ့ လူတိုင်းရဲ့ စိတ်ကို အေးမြခြင်းဆိုတဲ့ နှစ်လိုဖွယ် စိတ်ခံစားမှုကို ပေးနေတဲ့ အိမ်ကလေးပါ...

အဝေးကဘဲကြည့်ကြည့် အနီးကပ်ကြည့်ကြည့် ဘယ်လိုမှ ပြောင်းလဲမှုမရှိခဲ့တဲ့ ကျွန်တော့် သစ်ခေါင်းအိမ်ကလေးပါဗျာ...

အဲ့ဒီအိမ်ကလေးကို စွန့်ခွာပြီး အခုလိုမျိုး အဝေးကြီးမှာ တစ်ယောက်တည်း အထီးကျန်ဆန်ဆန် လာနေရလိမ့်မယ်လို့ ဘယ်လိုမှ မတွေးခဲ့ဘူးရိုးအမှန်ပါဘဲဗျာ...

မှန်တာပြောရရင် ကျွန်တော့် ရင်ထဲက အလွမ်းအဆွေးတွေကို ချပြရရင်ဖြင့် အလင်းနှစ်သန်းချီပြီး အချိန်ယူတွက်ရေလို့ မရနိုင်ပါဘူးဗျ..

အခုကျွန်တော်ချရေးထားတာ ကျွန်တော့်ရင်ဘတ်ထဲက လက်ရှိခံစားမှုထက် ဆယ်ပုံတစ်ပုံမက နည်းနေပါသေးတယ်...

ကိန်းဂဏန်းတွေကို ကျွန်တော်အမုန်းဆုံးပါဘဲ လူကုန်ထန်တွေ နိုင်းပြု တိုင်းယှဉ်တာများလို့လေ...

အဲ့ဒီကိန်းဂဏန်းတွေများ မရှိခဲ့ရင် သူတို့ ဘယ်လိုများ အသက်ရှင်ကျမည်မသိ့...

အသိ့၊ အမြင် တွေက ခံစားချက်တွေကို ပုံစံပြောင်းစေတယ်ဆိုတာကို လက်ခံ သဘောတူနိုင်သူ မည်မျှရှိခဲ့ လေသနည်း ?

လူချင်းတူပေမဲ့ အသက်ရှုကွဲတယ်ဆိုတာ သူငယ်ချင်းတို့ လက်ခံယုံကြည် နိုင်ပါသလား ?

အခုအချိန်မှာ ကျွန်တော့်အတွက် တစ်ကယ်လိုအပ်နေတာ ကျွန်တော့်ရဲ့ သစ်ခေါင်း အိမ်ကလေးပါ...

ငါတစ်နေတော့ မင်းစီကို အရောက်ပြန်လာခဲ့မယ် အိမ်ကလေးရေ...

i,fjzL

အဆုံးမဲ့ ပျံသန်းခြင်း

ခေါင်းစည်မဲ့သော ညနက်နက်တွေထဲမှာ ပေါက်ကွဲစေတတ်တဲ့ ရေခဲတွေ အစုလိုက်အပြုံလိုက် ကျွန်တော် ရှိုက်ရှိုက်သွင်းနေရတာ သူမသိ့စေချင်လိုက်တာ...

ဖွာလက်စ ဆေးလိပ်တိုကို အသာဘေးချပြီးတော့ ခေါ်ဖီခါးခါး တစ်ကြိုက်လောက် အရသာခံပြီး ကျွန်တော်သောက်လိုက်မိ့တယ်၊ စိတ်ကူးထဲကနေ အဆက်အစပ်မရှိထွက်ကျလာတဲ့ စာသားတစ်ချို့လည်း အခု ဒီပိုစ်ထဲကိုရိုက်ထည့် ပြီးသားဖြစ်နေပြန်တယ်။ ကျွန်တော်အာရုံထဲ အတွေးထဲ ရုတ်တရက် ဟင်းလင်းပြင်ကြီး တစ်ခု ပြုတ်ကျလာပြန်တယ်၊ ကျွန်တော့် မပီဝိုးတ၀ါး တွေနေ့ရတာ အရောင်အသွေးစုံ လူမျိုးပေါင်းစုံ ပေါ်လာလိုက် ပျောက်သွားလိုက်၊ ကျွန်တော့်စိတ်တွေကို ပြန်စုစည်းဖို့ ကျွန်တော်ကြိုးစားတယ်၊ ဒါပေမဲ့ အချည်းနှီးပါဘဲ၊ အဲ့ဒီဟင်းလင်းပြင်ကျယ်ကြီးထဲက မပီဝိုးတ၀ါးမြင်ကွင်းတွေနောက်ကိုသာ စိုက်လိုက်မတ်တပ် လိုက်ပါစီမျှောနေပါတော့တယ်။

ကျွန်တော့်မြင်ကွင်းတွေေ၀၀ါးလိုက် ပျောက်သွားလိုက် အာရုံစိုက်လေ ပိုဆိုးလေဖြစ်နေပါတယ်၊ အဲ့ဒါနဲ့ ကျွန်တော့် စိတ်ကို လျှောချလိုက်တယ်၊ ဗြုန်းကနဲ့ဆို ကျွန်တော့်မှာ အတောင်တစ်စုံ ပေါက်လာတယ်၊ နေရင်ထိုင်ရင် လူလိုလို ငှက်လိုလိုဆိုတော့ “လူငှက်”ပေါ့ဗျာ...၊ ကျွန်တော်လည်း အကြိုက်တွေ့ သွားပါတယ်၊ ဟိုးငယ်ငယ် ကတည်းက ငှက်တွေလို လွတ်လပ်ပေါ့ပါးစွား ၀ဲပျံနေချင်တဲ့်စိတ်တွေ ကိန်းအောင်နေခဲ့တာ၊ အခုတော့ကျွန်တော်ဆန္ဒတွေပြည့်ပြီဗျ...

စစချင်းတော့ အထာမကျသေဘူး၊ ကျွန်တော့် အတောင်ပံတွေကို ကောင်းကောင်း မထိန်းနိုင်သေဘူးဗျ...
နောက်တော့ တဖြေးဖြေးကျင့်သား ရလာတယ်...
ပျံသန်းခြင်း စတင်ခဲ့ပါပြီ...
မိုးတိမ်တွေရဲ့ အတွေ့အထိ့က ကျွန်တော်ကို ကြည်နှုးမှုတွေ ပေးတယ်ဗျ...
အဲ့ဒီလိုနဲ့ လေသင့်ရာ ၀ဲပျံသွားလိုက်တာ ဘယ်ကို ရောက်လို့ ရောက်မှန်းမသိ့အောင်ပါဘဲ...

နောက်တော့ တဖြေးဖြေးခြင်း နိမ့်ဆင်းနေသလိုခံစားရတယ်၊ ကျွန်တော့် အတောင်ပံတွေကို တစ်စုံတစ်ရာသော စွမ်းအင်တွေက ထိန်းချုပ်နေသလိုဘဲ၊ သေချာတယ် ကျွန်တော် သူမစက်ကွင်းထဲ ၀င်မိ့သွားပြီး...

တဖြည်းဖြည်းမြေပြင်က အရာတွေ ပီပြင်လာတယ်၊ ကျွန်တော်တွေ့မြင်နေရတာက စိမ်းလွှလွှ မြက်ခင်းပြင်ရယ်၊ တောအုပ်တောင်တန်းတွေနဲ့ အတူ မြင်ခင်းနှင့် တောအုပ်အစပ်က အိမ်လေးတစ်လုံး
မီးခိုးငွေ့တွေ ထွက်နေပုံထောက် တစ်စုံတစ်ယောက် ရှိနေဟန်တူရဲ့...

ကျွန်တော်မြေပြင်နှင့် မထိ့တွေ့ခင်လေးတင် ဗြုန်းဆို လွင့်ပျံနေတဲ့ မီးခိုးတွေ ပျောက်သွားပြန်ပါတယ်...
အဲ့ဒီနောက် ထူးခြားခြား သင်းပျံပျံ မွှေးရနံ့တစ်ချို့ ကျွန်တော့်ကို စီးကြို နှုတ်ဆက်ကျပြန်တယ်...
ကျွန်တော် အိပ်ပျော်သလို မူးမေ့သလိုဖြစ်သွားတယ်၊ ကျွန်တော် ပြန်သတိ့ရလာတော့ ကျွန်တော် အတောင်ပံတွေ မရှိတော့ဘူး၊ အားအင်တွေလည်း ယုတ်လျှော့နေသလို ခံစားရတယ်...
ကျွန်တော် ရောက်နေတဲ့ အခန်းက ခုနအိမ်းကလေးထဲက အခန်းတစ်ခု ဖြစ်မယ်ထင်တယ်...
ဘယ်သူ့မှ မရှိသလို အပ်ကျသံပင် ကြားရလောက်အောင် အိမ်ကလေးရဲ့ စိတ်ငြိမ်မှုက ကျွန်တော့်ကို သွေးပျက်စေတယ်...
ရယ်သံ သဲ့သဲ့ ကြားရတယ်၊ ပြီးတော့ ပျောက်သွားပြန်တယ်...

ကျွန်တော့် အသိ့စိတ်ဝင်လာပြီး၊ တအားကြုံးအော်မိ့တယ်...

“အတောင်ပံတွေ ပြန်ပေးပါ” အသံနက်ကြီးနဲ့ကို တအားအော်မိ့တယ်

ပြီးတော့ လေဟာနယ်ထဲ ရောက်သလို ခံစားရတယ်....

ဒုန်း ဒုန်း ဂ လုန်း.....

ကျွန်တော့်တစ်ကိုယ်လုံး ချွေတွေ ရွှဲရွှဲ စိုနေတယ်၊ ကျွန်တော်အိပ်ခန်ထဲကို အမေသောက်ရေ တစ်ခွက်နဲ့
အပြေးဝင်လာတယ်။

ဒီကလေးနှယ့်နော်၊ အိပ်ရာမ၀င်ခင် ဒီဝထ္တုတွေ မဖတ်ပါနဲ့ဆိုတာ ပြောလို့ကိုမရဘူး
ခုမက်ပြန်ပြီးလား အိပ်မက်ဆန်းဆန်းတွေ...

အမေယူလာတဲ့ ရေခွက်ကို တစ်ကြိုက်မော့ချလိုက်ပြီး၊ အမေ့ကို ပြုံးပြီး ကြည့်နေမိ့တယ်။

အမေရယ် သားအိပ်ရာမ၀င်ခင် စာမဖတ်ရင် အိပ်လို့ မပျော်လို့ပါဗျာ...
အမေယူလာတဲ့ သောက်ရေခွက်အတွက် ကျေးဇူးပါအမေ...


i,fjzL



Friday, June 4, 2010

မုသာဝါဒီများ

ဘ၀ဆိုတာ မျည်းဖြောင့် တစ်ကြောင်း မဟုတ်ခဲ့သလို
အမြဲတမ်းတော့ ကွေ့ကောက်မနေပါဘူး....

အဲ့လိုဘဲ အလှတရားဆိုတာလည်း ထာဝရ အမြဲ မတည်ရှိနိုင်ပြန်ဘူး

အို၊ နာ၊ သေ ဘာမှ မမြဲတဲ့ ဒီလောကကြီးထဲမှာ
အဲ့ဒီ ဒုက္ခသစ္စာကို လူတွေ ဘာကြောင့် မေ့ထားကျသလဲ...

အတ္တတွေ တစ်နင့်တစ်ပိုးနဲ့ ဖြစ်တည်မှုတစ်ခုအတွက်
အသက်ရှုနှုန်းတွေ ခလုတ်တိုက်သည့် အထိ့ အလုပ်ရှုပ်ကျ...

အတောမသတ်နိုင်တဲ့ အဲ့ဒီလောဘကြောင့်ဘဲ
လူ့အသက်ပေါင်းများစွာ စတေးခဲ့ကျ...

အနိမ့် အမြင့် အတက် အကျ
ဟာမိုနီမဖြစ်တဲ့ ဒီသဘာဝထဲမှာ
ငါအသက်မဆက်လိုတော့ဘူး...

နောက်ဆုံး
ငါသိ့လိုက်တာက
ငါလည်း ကိုယ့်ဘာသာကိုယ် အလိုလိုနေရင်
ညာနေမိ့တယ် ဆိုတာကိုဘဲ...



i,fjzL