Tuesday, June 29, 2010

ကျွန်တော့် သစ်ခေါင်းအိမ်ကလေး

ကျွန်တော်အဲ့ဒီ အိမ်လေးကို မပိုင်ဆိုင်ရခင်ကတည်းက စွဲလန်းတက်မက်ခဲ့ရတာပါ၊ မြင်ရုံတွေရရုံနဲ့ လူတိုင်းရဲ့ စိတ်ကို အေးမြခြင်းဆိုတဲ့ နှစ်လိုဖွယ် စိတ်ခံစားမှုကို ပေးနေတဲ့ အိမ်ကလေးပါ...

အဝေးကဘဲကြည့်ကြည့် အနီးကပ်ကြည့်ကြည့် ဘယ်လိုမှ ပြောင်းလဲမှုမရှိခဲ့တဲ့ ကျွန်တော့် သစ်ခေါင်းအိမ်ကလေးပါဗျာ...

အဲ့ဒီအိမ်ကလေးကို စွန့်ခွာပြီး အခုလိုမျိုး အဝေးကြီးမှာ တစ်ယောက်တည်း အထီးကျန်ဆန်ဆန် လာနေရလိမ့်မယ်လို့ ဘယ်လိုမှ မတွေးခဲ့ဘူးရိုးအမှန်ပါဘဲဗျာ...

မှန်တာပြောရရင် ကျွန်တော့် ရင်ထဲက အလွမ်းအဆွေးတွေကို ချပြရရင်ဖြင့် အလင်းနှစ်သန်းချီပြီး အချိန်ယူတွက်ရေလို့ မရနိုင်ပါဘူးဗျ..

အခုကျွန်တော်ချရေးထားတာ ကျွန်တော့်ရင်ဘတ်ထဲက လက်ရှိခံစားမှုထက် ဆယ်ပုံတစ်ပုံမက နည်းနေပါသေးတယ်...

ကိန်းဂဏန်းတွေကို ကျွန်တော်အမုန်းဆုံးပါဘဲ လူကုန်ထန်တွေ နိုင်းပြု တိုင်းယှဉ်တာများလို့လေ...

အဲ့ဒီကိန်းဂဏန်းတွေများ မရှိခဲ့ရင် သူတို့ ဘယ်လိုများ အသက်ရှင်ကျမည်မသိ့...

အသိ့၊ အမြင် တွေက ခံစားချက်တွေကို ပုံစံပြောင်းစေတယ်ဆိုတာကို လက်ခံ သဘောတူနိုင်သူ မည်မျှရှိခဲ့ လေသနည်း ?

လူချင်းတူပေမဲ့ အသက်ရှုကွဲတယ်ဆိုတာ သူငယ်ချင်းတို့ လက်ခံယုံကြည် နိုင်ပါသလား ?

အခုအချိန်မှာ ကျွန်တော့်အတွက် တစ်ကယ်လိုအပ်နေတာ ကျွန်တော့်ရဲ့ သစ်ခေါင်း အိမ်ကလေးပါ...

ငါတစ်နေတော့ မင်းစီကို အရောက်ပြန်လာခဲ့မယ် အိမ်ကလေးရေ...

i,fjzL

2 comments:

An Asian Tour Operator said...

အိမ်ကလေး ကိုသာ ကိုယ့်ဆီခေါ်လိုက်ပါလေ..

ပီတိ (လင်းပွင့်လက်များ) said...

တော်ရာမှာနေရတော့ ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာတွေက ပိုတန်ဖိုးကြီးလာတာပေါ့။