Saturday, June 11, 2011

ငါ့ အလှည့် ဘယ်တော့လဲ ?

ဝေခွဲမရတဲ့ စိတ်အစဉ်မှာ
ငါတို့တွေ လိုက်ပါစီးမျှောကျတယ်...

အဲ့ဒီလိုဘဲ မပီဝိုးတဝါးနဲ့
တိမ်းပါးသွားတဲ့ဘဝတွေ
ဘယ်လောက်များခဲ့ ပြီလဲ ?

ငါ့ကိုယ်ငါ မပိုင်သလို
အနာဂတ်ဆိုတာ
လက်ဆုပ်လက်ကိုင် ပြရန်
ခက်ခဲတဲ့
မသိ့ကိန်းတွေ ပေါင်းစုရာ နေရာ...

နေ့တိုင်း နေ့တိုင်း
ဒီလောကကြီးထဲကနေ
တိတ်တိတ်လေး ထွက်ခွာသွားသူတွေ
ဘယ်လောက်များ လိုက်မလဲ...

ငါတွေးရင် စိတ်မောတယ်
ငါအလှည့် ဘယ်တော့လည်း?
ငါ အဆင်သင့်ဖြစ်ပြီလား?

ပြန်မေးကြည့်တယ်
ငါမှာ အဖြေမရှိသေးဘူး...

အသက်ရှုခွင့် ရနေသမျှ
အရိုးသားဆုံးနဲ့
အကောင်းဆုံး ဆိုတာတွေ
ပေးဆပ်ချင်တဲ့ကောင်ပါ...

ဒီလိုနဲ့ အချိန်ကို ငွေနဲ့ လဲလှယ်
ခက်ခဲပင်ပန်းစွာ နာရီလက်တံတွေကို
သံပတ်ပေးပြီး အတင်းလည်းခိုင်းနေရတယ်...


i,fjzL

အရူးလွယ်အိတ်

ရှေ့နောက် မညီမျှတဲ့
ညီမျှခြင်း သဘောတရား
ငါ့လွယ်အိတ်ထဲမှာ
တောင်မြောက်ပြေးလွှားနေတယ်.....

တောင်နဲ့မြောက် ဝင်ရိုးစွန်းတွေ
Super Sonic နဲဆို
နေခြင်းပြီး ငါတို့ ခရီးဆန့်လိုရတယ်.....

GPS တစ်လုံးလို ငါ အသက်မရှင်ချင်ဘူး
ထုသားပေသား ကျပြီးတဲ့
နိ့ယာမအတိုင်း
ငါတို့ ခြေကျင်လျှောက်ကြစို့.....

ဝေးဝေး နီးနီး
အဲ့ဒါက အတိုင်းအတာတွေဆိုတဲ့ အသိ့
ငါ့မှတ်ဉာဏ်ထဲ အလုပ်ရှုပ်နေကျတုန်း.....
ဗြုန်းဆို Ice Berg တစ်ခု
ငါ့ရင်ကို တည့်တည့်လာမှန်တယ်.....

ဘာတွေဘယ်လို ငါတို့
ဆက်ကမလဲ ဒီပြဇာတ်ထဲမှာ.....
နေ့ချင်းပြီးတဲ့ ပြဇာတ် တစ်ပုဒ်
မဟုတ်တာတော့ ကျိန်းသေတယ်.....

သေချာထုဆစ်ပြီးမှ
ငါ ပေးဆပ်ခဲ့တာပါ.....
ဘယ်လို Algorithm မျိုးကိုမဆို
နှစ်ခြိုက်ခဲ့တဲ့ ကောင်ပါ.....

မသိ့စိတ်နဲ့ အသိ့စိတ်
စီးချင်းထိုးရင် ငါဘယ်လိုလုပ်ရပါ့.....
E=mc2 ဆိုပြီးတော့
ပုံသက်သေချပြမရ.....

နောက်ဆုံးပိတ်အိတ်နဲလွယ်
ငါ့အိတ်ထဲမှာ အရူးတစ်ကောင်.....
ငါ ကိုယ်တိုင်ဖြစ်နေတယ်.....