Friday, August 5, 2011

နာရီ နှင့် လူ

ကျွန်တော်ချစ်တဲ့ မှော်ဆရာတစ်ပါး

ဝင်ရိုးစွန်တန်းစီက သူ့အိပ်မက်မြစ်တစ်စင်းစီကို

ရွှက်လွှင့်သွားတဲ့နေ့

ရင်ပူကို လေပူဟပ်သလို

နာရီပေါ် မျက်ရည်စတွေ ကျခဲ့ဘူးတယ်...


သူ့အသံ ဆိုဟန်နှင့်

တူရိယာတွေကို မှော်အတတ်နဲ့

အသက်သွင်း ဖန်တီးခဲ့လေသမျှ

နှစ်နှစ်ခြိုက်ခြိုက် လိုက်ဆိုခဲ့ဘူးရဲ့

ခုခါများ ကြားခြင်လည်း မကြားရ

မြင်ခြင်လည်း မမြင်ရတော့

တွေးမိ့တိုင်း မျက်ရည်ဝဲရတဲ့

အကြောင်း...

နာရီလက်တံတွေ ခရီးဆန့်လေသမျှ

ကျွန်တော့် ရင်ဘတ်ထဲမှာ

မှော်ဆရာ့ သံစဉ်တွေ

လွှမ်းမိုး ချိုမြီန်လို့ကောင်းနေတုန်း

အိပ်မက်က လန့်နိုးခဲ့ရတယ်...

ပေးဆပ်မှုတွေ တော်တော်များများ

အဲ့ဒါ နှလုံးသားတိုင်း အတွက် အဟာရတွေ

မှီဝဲသူတိုင်း နှစ်ထောင်းအားရ

ကျွန်တော်တို့တွေ မေ့နိုင်မယ်မထင်ဘူး

ကို (ကျော်မြင့်လွင်)...

ရောက်လေရာ ဘ၀မှာ

သူ့ရဲ့သံစဉ်တွေနဲ့ ချိုမြစေမယ်လူ

လှပလွန်းတဲ့ စိတ်ဓာတ်တွေနဲ့

အရောင်တောက်နေမယ့်လူ

နာရီ နှင့် တူသောလူပါဗျာ...


ငယ်ဖြူ
11:34 am
25/07/2011

No comments: