Monday, August 8, 2011

“သွေးနဲ့ရေးတဲ့ ၈၈”

ဒီနေ့ ဒီရက် ငါဘယ်တော့မှ မမေ့
သွေးမြေကျတဲ့နေ့ မိစ္ဆာတွေမြူးတဲ့နေ့
လောဘ၊ ဒေါသ၊ မောဟတွေကြောင့်
ဇတ်တူသားစားတဲ့နေ့

ခုထိကြားနေတုန်းဘဲ
သေနတ်သံတွေ အော်ဟစ်သံတွေ
ငါတို့ရဲ့ နောင်တော်တွေ ညီအစ်ကိုတွေ
သွေးမြေကျပြီး စတေးခဲ့တဲ့နေ့

ငါ့နှလုံးအိမ်ကနေ ဦးညွတ်အလေးပြုပါတယ်
သူတို့လို ငါမစွန့်နို်င်ခဲ့ဘူး
စွန့်ခဲ့သူတွေ မျက်ရည်ကျချိန်
ငါတို့တွေဘာလုပ်နေကျ

ကမ္ဘာမကြေကို မဆိုနိုင်တာတောင်
နှစ်ချို့လာပြီးဆိုတော့
ရှက်မိ့ပါရဲ့...

တစ်နေ၀င် တစ်နေထွက်
ရက်တွေသာကုန်လာတယ်
ခုထိ့စစ်ဖိ့နပ်အောက်က
ရုန်းမထွက်နိုင်သေးဘူး...

သွေးစည်းကျပါစို့
ညီညွတ်ကျပါစို့
တသွင်သွင်အော်နေပေမဲ့
လက်တွေ့မှာ ဘာမှဖြစ်မလာဘူး

ပိုဆိုးတာက ဘာမှန်းမသိ့တဲ့
အလံကို ငါတို့တွေ
အလေးပြုကျမှာလား

သေချာစဉ်းစာပါ
တွေးကြည့်စမ်းပါ
ရုန်းထွက်ဖို့ အချိန်တန်ပြီ
ညီနောင်တို့ရေ....

i,fjzL



No comments: