Wednesday, October 5, 2011

အရက်နာကျနေတဲ့ ရန်ကုန်

ကိုင်း ဘယ်လိုလည်းရန်ကုန်

ဘ၀ပါးပါးတွေ ခ၀ါချပြီး စတေးနေရတုန်းဘဲ

စည်းဇိမ်ခံလူတန်းစား လက်တစ်ဆုပ်စာအတွက်

ဘိုးဘွားတွေရဲ အမွေအနှစ်ကို လည်ညှိုးထိုးရောင်းစား

လူလုံးထွားရမှ နေသာထိုင်သာ ရှိတယ်ထင်ပါ့

ခေတ်မှီလှပါတယ်ဆိုရဲ ခင်ဗျားရဲ့ အဆောင်ယောင်တွေကြားမှာ

မီးခိုးငွေ့တွေ အူနေတုန်းဘဲရန်ကုန်...

ဒါနဲ့များ ပိုလိုလျှံလို့ ပြည်ပကို ရောင်းတယ်ဆိုတဲ့စကား

ခင်ဗျာတို့မို့လို ပြောထွက်တယ် အံ့ဩမိ့ပါရဲ့ ရန်ကုန်...

ခုခင်ဗျားမှာ ဘာနာတာရှည်ဖြစ်နေပြန်ပြီလဲ

ပန်းနာ ရင်ကျပ်၊ တီဗီ နဲ့ ခုခံအားကျတဲ့ရောဂါ

ဒီကြာထဲ တစ်ခါမှ မကြားဖူးတဲ့ နားရွက်ပြာရောဂါ

တစ်ပြုံတစ်ထွေးလုံး ခင်ဗျားမွေးမြူလို့ကောင်းတုန်ဘဲ ထင်ပါ့

ကျွန်တော်သိ့တဲ့ အရင်က ရန်ကုန်မှာ

ဂျစ်ပစီလိုလူတန်းစားမရှိ...

ခြစားနေတဲ့ စိတ်ဓာတ်တွေ....

မင်းမဲ့စရိုက်တွေ...

ဘာဆိုဘာတစ်ခုမှ မရှိတော့ဘူးထင်လို့ ရန်ကုန်လို့

မှည့်ခေါ်တယ် ထင်မှတ်ခဲ့တာ

ခုတော့...

မြင်ရလေရာ မပီဝိုးတ၀ါးနဲ့

ရေချိန်မကိုက်သေးတဲ့ ဇိုးသမား တစ်ယောက်လို

ဖြစ်ခြင်ဖြစ် ပျက်ခြင်ရာပျက်

ကိုယ့်ကို ကိုယ်ဖျက်စီးတော့မလားရန်ကုန်

လက်ရှိ အခြေနေရ ခင်ဗျားဟာ

မထင်မရှားနဲ့ မြို့ကလေး တစ်မြို့လို....

ဂျောင်းထိုးခံရပြီ မျက်ဖြူဆိုက်နေတဲ့

ဆေးရုံပေါ်က ပိုက်ဆံမတတ်နိုင်ရှာတဲ့

လူနာနဲ့ ဘ၀တူတွေ ဖြစ်နေပြီရန်ကုန်...

ဒါပေမဲ့ ခင်ဗျားကို ကျုပ်တို့ ချစ်နေတုန်းဘဲ ရန်ကုန်

ကံမကုန်ရင်တော့ ပြန်ဆုံခြင်ပါရဲ့ ချစ်သောရန်ကုန်..

i,fjzL