Monday, March 19, 2012

အိမ်တွင်းက ဒီမိုကရေစီ...(၂)

ကျုပ်တို့ မြန်မာပြည်က မိဘများကို တစ်ခုလောက် မေတ္တာရပ်ခံခြင်းပါတယ်...

ကိုယ့်သားသမီးကို ဆုံးမတာတော့ဟုတ်ပါတယ်ဗျာ ကျွဲလိုနွားလို အသကုန်ရိုက်ဆုံးမတာကိုတော့ ပြင်သင့်ပါပြီ...

ကျွန်တော် ဟိုတစ်နေ့က TV Program တစ်ခုက Wild Life Control Program တစ်ခုမှာ ဘာသွားတွေ့သလည်းဆိုတော့၊ နေရာဒေသတော့ အတိ့အကျ မရေးတော့ပါဘူးဗျာ၊ ဒီလိုဗျ အဲ့ဒီ Private Villa တစ်ခုက အလယ်မှာ

သဘာဝအလျှောက်ကန်လေးတစ်ခုရှိတယ် အဲ့ဒီမှာနေတဲ့သူတွေရဲ့ အိမ်မွေးခွေးလေ ရေဆင်းဆော့ရင်နဲ့ ပျောက်သွားလို့ လိုက်ရှာတာ

မိ့ကျောင်းဆွဲတာဖြစ်နေတယ်၊ အဲ့ဒီတော့ မိ့ကျောင်းဖမ်းဖို့ သက်ဆိုင်ရာ Wild Life Specialist တွေကိုခေါ်ပြီတော့ ဖမ်းပါလေရောဗျာ၊

သူတို့လာဖမ်းတာ ကျွန်တော်တွေ့တာက ရိုးရိုး ငါမျှားတံနဲ့ပါဘဲ ကြိုးတော့တူချင်မှ တူမှာပေါ့လေ၊ အတွေ့အကြုံရှိပြီသားရယ်၊

မိ့ကျောင်းအပေါက်ကလေး တွေဖြစ်နေတာကြောင့် အမြှီးကနေပြီး ဆွဲတင်တာဗျ... ဒါပေမဲ့ တော်တော်တော့သန်တယ်...

အဲလိုဖမ်းပြီးသွားတော့ လာဖမ်းတဲ့သူတွေက အဲ့ဒီပတ်ဝန်းကျင်က ကလေးငယ်တွေကို သေသေချာချာရှင်းပြတယ်....

အဲ့ဒါကိုကြည့်ခြင်းအားဖြင့် ကလေးသူငယ်များမှာ စူးစမ်းခြင်စိတ်၊ လေ့လာလိုစိတ် ပြင်းပြကျပါတယ်...

နောက်တစ်ခုကဗျာ လူတိုင်းကိုယ်စီ အအော်အငေါက်ခံရရင် ကြိုက်တဲ့သူရယ်လို့မရှိပါဘူး...

ကိုယ်ခြင်းစာကြည့်ပေါ့ဗျာ...

ကျုပ်တို့တိုင်ပြည်မှာတော့ ကလေးတွေကို မိ့ဘတွေ ဆိုဆုံးမတဲ့အခါ၊ အားမလိုအားမရ ဂရုဏာဒေါသောဖြစ်ပြီး ရိုက်တတ်ကျပါတယ်...

အဲ့ဒီလိုရိုက်မဲ့အစား သူတို့ နာယူလက်ခံလိုအောင် သေသေချာချာ အချိန်ပေးပြီး ရှင်းပြစေခြင်ပါတယ်...

ငါ အမေဘဲ၊ ငါ အဖေဘဲဆိုပြီး စိတ်လိုက်မာန်ပါ မဆုံးမစေခြင်ပါ...

တစ်ခါတုန်းက ကျွန်တော်အိမ်မှာ ရှိနေတဲ့အချိန် သားတော်မောင် မနက်စောစော နွားနို့သောက်တယ်ဗျ...

ကလေးက ပုဂံပြားနဲ့သောက်မယ်လို ဂျီးကျတော့ အမလုပ်သူက ငေါက်ပါလေရော...

ဒါနဲ့ကျွန်တော်က ကြားဝင်ပြီး ပုဂံပြားထဲ အရင်ထည့်တိုက်တယ်...

နောက် ပုဂံလုံးကို မော့သောက်ခိုင်းတယ်...

သား ဘယ်ဟာအဆင်ပြေသလဲဆိုတော့ ကလေးက ပုဂံလုံးနဲ့ဘဲသောက်တော့မယ်တဲ့ဗျာ...

ကျွန်တော် ကိုယ်ခြင်းစာပါတယ် နေ့စဉ်နဲ့အမျှ အိမ်မှုကိစ္စရော အိမ့်ထောင်တာဝန်ကို ထမ်းကျသူတွေ အလုပ်ဘယ်လောက် ပင်ပန်းတယ်ဆိုတာ ကိုလည်း သဘောပေါက်ပါတယ်...

ဒါပေမဲ့ဗျာ ကိုယ့်ကို ကိုယ်လည်း လေ့ကျင့်ရာ ရောက်သလို ကလေးငယ်တွေလည်း အဆင့်သင့်ဖြစ်စေဖို့...

အိမ်းတွင်းက ဒီမိုကရေစီနည်းကျ လက်တွေ့ ဆိုဆုံးမနည်းလေးတွေကို စပြီး အကျင့်လုပ်စေချင်ပါတယ်...

အဲ့ဒါမှ အနာဂတ်အတွက် ကလေးငယ်တွေမှာ လည်းအဆင်သင့်ဖြစ်သလို၊ လူကြီးတွေလည်း လေ့ကျင့်ယူပြီးသားဖြစ်မယ်ထင်ပါတယ်...

Sunday, January 8, 2012

အိမ်တွင်းက ဒီမိုကရေစီ....(၁)

အမေစုပြောဘူးတာရှိတယ် အဲ့ဒီတုန်းကတော့ ကျွန်တော်သိပ်နားမလည်ဘူး စေ့စေ့တွေး ရေးရေးပေါ် ဆိုသလိုပေါ့ဗျာ

”ဒီမိုကရေစီဆိုတာ လူတိုင်းနဲ့ဆိုင်တယ်တဲ့”

တစ်နေ့ ကျွန်တော့သားကို အိမ်မှာ သူ့အမေနဲ့ အဘိုးက ဝိုင်းဆူကျတယ်၊ ကလေးက ရေခဲရေသောက်ချင်တာကို နေမကောင်းဖြစ်မှာ စိုးလို့ စေတနာနဲ့ ဝိုင်းတားကျတာပါ...

သူသောက်ချင်တာ မသောက်ရတော့ သားတော်မောင်က ဆန္ဒပြတယ်၊ အဲ့ဒီမှာ အမေလုပ်သူက ဆူတော့တာဘဲ...

ကျွန်တော်တို့ ဗမာလူမျိုး များမလည် ထစ်ခနဲ့ရှိ ဆူမယ်ဟောက်မယ်၊ ဇိုးကနဲ့ ဇတ်ကနဲပ ထုရိုက်လိုက်မယ် ဆိုတာချည်းဘဲ...

ကလေးတွေကို နားဝင်အောင် နားလည်အောင် သေချာ အချိန်ပေးရှင်းမပြကျဘူးဆိုတာထက် အဲ့လို လုပ်သင့်တယ်ဆိုတာကို မေ့နေတာဖြစ်မယ်...

လူစိတ့်သဘာဝအရ ဖိ့နှိပ်ချုပ်ချယ်တယ် ထင်ရင် ထကြွ ဆန္ဒပြတာ သဘာဝပါ...

အဲ့ဒီသဘာဝတရားလေးကို နားလည်ပြီး အလိုက်သင့်ဖြေရှင်း နိူင်ရင် အဆင်ပြေသွားမှာပါ...

အဲ့ဒီအကြောင်းအရာလေးနဲ့ ပါတ်သက်ပြီး စဉ်းစားမိ့တယ် ကျွန်တော်တို့ တိုင်းပြည်မှာ အိမ်တိုင်း အိမ်တိုင်း ဒီမိုကရေစီ မရသေးတဲ့ အိမ်ထောင်မိ့သားစုတွေ ဘယ်လောက်များများရှိနေပြီးလည်းမသိ့...

အေးပေါ့လေ အာဏာရှင် စံနစ်ဆိုးအောက်မှာ အသက်ရှင်လာကျတော့ လက်ဝယ်ရှိရှိသမျှ အာဏာကို မီးကုန် ယမ်းကုန် ထုတ်သုံးကျတာ မထူးဆန်းပါဘူး...

ဒါပေမဲ့ အဲ့လိုမျိုး အဆင့်အဆင့် အုပ်ချုပ်ကျရင်ဖြင့် နောင်လာ နောက်သားတွေ အတွက် တစ်ကယ့်ကို ရင်လေးစရာပါ...

အထူးသဖြင့် ငယ်ရွယ်နုနယ်တဲ့ ကလေးငယ်တွေကို ဆုံးမတဲ့ မိ့ဘတွေရဲ့ အခန်းဏ္ဍက ပို၍အရေးကြီးတယ်လို့ ကျွန်တော်မြင်တယ်...

အနောက်နိူင်ငံတွေကို အားကျသင့်တဲ့ အချက်မှာ အဲ့ဒါတွေပါတယ်...

လူကြီးတွေက ကလေးငယ်တွေသိ့အောင် စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတယ် ဆိုတာထက် ပညာပေးတယ်ဆိုပိုမှန်မယ်...

ပညာပေးတယ်ဆို့လို့ ကျွန်တော်တို့ ခုခေတ်လူငယ်တွေ သုံးတဲ့ လွဲမှားနေတဲ့ ပညာပေးခြင်းကိုဆိုလိုတာမဟုတ်ပါ...

အမှန်တစ်ကယ့်ကို သေသေချာချာရှင်းပြတာကို TV Program တစ်ခုမှာတွေ့လိုက်ရတယ်ဗျ...

ကလေးငယ်တွေကလည်း အသိ့ဉာဏ်ပိုရင့်သန်လာတာပေါ့...

ဒါ့ကြောင့်လည်း လူကြီးတွေက ကလေးငယ်တွေက ရိုက်ဆုံးမရင် ကလေးက ရဲတိုင်ခွင့်ပေးထားပါတယ်...

အဲ့လိုကောင်းတဲ့အချက်အလက် လေးတွေကိုတော့ဖြင့် အတုယူသင့်တယ်ထင်ပါတယ်...

နောက်ပြီး ဗမာလူမျိုးများမှာ ခေါင်ဆောင်ကောင်းရှားတယ်ဗျ...

ခေါင်းဆောင်ဆိုလို့ ရပ်ကွက်လူကြီးတွေကို ကြည့်မလား၊ အဖွဲ့အစည်းမှာ ထိပ်သီးပုဂ္ဂိုလ်တွေကို ကြည့်မလား

နောက်ဆုံးဗျာ ဆယ်အိမ်ခေါင်းဆိုတဲ့ လူတောင် ရှိသမျှ အာဏာကို မီးကုန်ယမ်းကို သုံးကျတယ်ဗျ...

အဲ့ဒါကို ကြည့်ခြင်းအားဖြင့် ကျုပ်တို့တိုင်းပြည်က လူတွေရဲ့ တွေးခေါ်ပုံ Concept တွေအများကြီးလွဲနောတကိုတွေ့ရတယ်...

ကျုပ်စိတ်ဉာဏ်မှီသလောက်တော့ အဲ့လို လွဲနေတာကို မပြင်နိူင်သမျှ ကာလပတ်လုံး ဒီမိုကရေစီ ဆိုတာကို ဘယ်နှယ့်လုပ်ပြီး ဖော်ဆောင်ကျမှာတုန်း...

မမေ့သင်းဘူးနော် ”ဒီမိုကရေစီဟာ လူတိုင်းနဲ့ ဆိုင်တယ်” ဆိုတာကို လေးလေးနက်နက် စဉ်းစားကြည့်စေချင်ပါတယ်...


အဆိုးမြင်ခြင်း အတွေးအခေါ်၏ အင်းအား...

The Power of Negative Thinking
By Remez Sasson


Negative thinking appears to be more prevalent than positive thinking. It seems that with most people positive thinking requires some effort, whereas negative thinking comes easily and uninvited. This has much to do with education and the environment one has been living in.

If you have been brought up in a happy and positive atmosphere, where people value success and self-improvement, then it will be easier for you to think positively and expect success. If you have been brought up under poor or difficult situations, you will probably go on expecting difficulties and failure.

We all view everything through our predominant mental attitude. If our thoughts are positive, that is fine, but if they are negative, our lives and circumstances will probably mirror these thoughts.

If you believe that you are going to fail, you will unconsciously sabotage every opportunity to succeed. If you are afraid of meeting new people or having close relationships, you will do everything to avoid people and relationships, and then complain that you are lonely and nobody loves you.

Do you often think about difficulties, failure and disasters? Do you keep thinking about the negative news you have seen on the TV or read in the newspapers?

Do you see yourself stuck and unable to improve your life or your health? Do you frequently think that you do not deserve happiness or money, or that it is too difficult to get them? If you do, then you will close your mind, see no opportunities, and behave and react in such ways, as to repel people and opportunities.

The mind does not usually judge or examine thoughts and opinions before accepting them. If what it hears, sees and reads is always negative, it accepts this as the standard way of thinking and behavior.

The media constantly bombards the mind with a lot of information about disasters, catastrophes, wars and other unhappy events. This information sinks into the subconscious mind, and then manifests as your habitual manner of thinking. By occupying the mind with depressing and pessimistic thoughts you radiate negative energy into the surrounding world, thus creating and recreating more negativity, failures and disasters.

The mind is neutral energy. The way you think determines whether the results are positive and beneficial or negative and harmful. It is the same of energy acting in different ways.

The good news are that persistent inner work can change habits of thinking. You must be willing to put energy and time to pursue positive thinking, in order to change your mental attitude.

A few Tips:

- Each time you catch yourself thinking a negative thought, reject the thought, and think a positive one instead.

- If you catch yourself visualizing failure, visualize success instead.

- If you hear yourself uttering negative words, change to positive words instead.

- When you say, "I cannot", say, "I can".

- Do you repeat negative words and phrases in your mind? Change them to positive ones.

- Open your mind to positive attitude and expect positive results.

- Decide that from today, from this very moment, you are leaving negative thinking behind, and starting on the way toward positive thinking and behavior.

It is never too late to change your attitude and your life.


မြန်မာဘာသာဖြင့်...

အဆိုးမြင်ခြင်း အတွေးအခေါ်၏ အင်းအား...

အဆိုးမြင်ခြင်း ဆိုင်ရာ အတွေးအခေါ်များသည် အကောင်းမြင်ခြင်း ဆိုင်ရာ အတွေးအခေါ်များထက် သာလွန်၍ ကူးစက်ပျံ့နှံ့လွယ် ခြင်းသည်။ အကောင်းမြင်ခြင်း ဆိုင်ရာ အတွေအခေါ်များကို ပိုင်ဆိုင်နိူင်ဖို့ အတွက် အခြေခံပံ့ပိုးမှုများ လိုခြင်းပင်ဖြစ်ပေသည်။ သို့သော် အဆိုးမြင်ခြင်း ဆိုင်ရာ အတွေအခေါ်များသည် မဖိတ်ခေါ်ဘဲနှင့် လွယ်လင့်တကူ ကူးစက်ရောဂါနှယ် ကူးစက်ခံရတတ်ပါသည်။ ဒီအတွက်ကတော့ သင်နေထိုင်ရာ ပတ်ဝန်းကျင်မှာ ပညာပေး အစီအစဉ်တွေကို များများလုပ်သင့်ပါတယ်...

အကယ်၍များ သင်ဟာ အောင်မြင်းခြင်း၊ တိုးတက်ခြင်းများနှင့် ပြည့်နှက်နေတဲ့ ပျော်ရွင်စရာကောင်းတဲ့ လူမှု့ အသိုက်အမြုံ့ထဲမှာ ဆိုရင်တော့ဖြင့် အရာရာကို အကောင်းမြင်ပြီး အောင်မြင်ခြင်းများစွာကို မျှော်လင့်နိူင်ပြီးပေါ့...
အကယ်၍များ သင်ဟာ ဖိ့နှပ်မှုများနှင့် ခက်ခဲသော နုံခြာလှသော အခြေအနေဆိုးများကို သယ်ပိုးထားရတယ် ဆိုရင်ဖြင့် သင်ရဲ့ပိုင်ဆိုင်ခြင်း မျော်လင့်ခြင်းတွေဟာ ခက်ခဲခြင်း ဆုံးရှုံးခြင်းများသာ ဖြစ်ပေလိမ့်မည်...

ကျွနု်ပ်တို့ဟာ လက်ဝယ်ရှိထားတဲ့ အလွန်အားကောင်သော စိတ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုတွေကို ဖြန့်ကျက်တွေးခဲ့ရင်ဖြင့် အကောင်းမြင်းခြင်းဆိုင်ရာ အတွေးခေါ်ကောင်းများ ကိုရရှိပေလိမ့်မည်၊ သို့သော်အထက်ဖော်ပြပါ ဖြစ်တည်မှုများဟာ ဆိုးရွားလှတယ်ဆိုရင်ဖြင့် အဆိုးမြင်ခြင်းဆိုင်ရာ အတွေးအခေါ်များ တန်ပြန်ပြီး ထင်ဟပ်နေပေတော့မယ် ဖြစ်သည်။

အကယ်၍ သင်ဟာ ကျရှုံးတော့မည်ဟု ယုံကြည် လက်ခံလိုက်သည်နှင့် တပြိုင်တည်း အောင်မြင်ခြင်း လမ်းစများ အားလုံး သဲထဲရေသွန်သကဲ့သို အတားအစီပေါင်း မြောက်များစွာဖြင့် လက်လွှတ်ဆုံးရှုံးရပေလိမ့်မည်၊ အကယ်၍သင်ဟာ ပတ်ဝန်းကျင်အသစ် လူသစ်များဖြင့် ပြောဆိုဆက်ဆံရန် ဝန်းလေး ခဲ့လျှင်ဖြင့် လူမှုပတ်ဝန်းကျင်၏ မုန်းတီးမှုများနှင့် အထီးကျန်ဆန်လွန်းလှသည်ဟု စောဒကတက်ပေလိမ့်မည်...

သင်ဟာ အမြဲတမ်းလိုလို ခက်ခဲမှုများ၊ ကျရှုံးမှုများ နှင့် မတော်တစ်ဆမှုများကို တွေးခေါ်နေမည်ဆိုလျှင်...
နေ့စဉ်သတင်းစာနှင့် ရုပ်သံအစီအစဉ်များကို အဆိုးမြင်ခြင်းများဖြင့် တွေးခေါ်နေမည်ဆိုလျှင်....
သင့်ဘဝအသက်တာ နှင့် ကျန်းမာရေးဆိုင်ရာများ ရပ်တန့်၍ ချိုတဲ့နေမည်ဆိုလျှင်...
ပျော်ရွှင်ခြင်း နှင့် ငွေရေးကြေးရေး ပြဿနာများကို အမြဲတမ်း ရင်ဆိုင်နေရသည်၊ အလွန်တရာမှ ပိုင်ဆိုင် ဖြေရှင်းနိူင်ရင် ခက်ခဲသည်ဟု အမြဲမပြတ်တွေးခေါ်နေလျှင်...

လူမှု့ပတ်ဝန်းကျင်နှင့် အခွင့်အလမ်းများကို ဖယ်ခွာ၍ မိ့မိ့စိတ်ကိုယ် အမှောင်ချကာ ဘယ်အခွင့်အလမ်းကိုမျှ မြင်နိူင်စွမ်းမရှိရအောင် ကိုယ့်ကို ကိုယ် အဆုံးစီရင်ခြင်းမျှသာ ဖြစ်ပေတော့သည်။

အမှန်တစ်ကယ်တန်းတော့ လူသားသဘာ၀ စိတ်ဖြစ်စဉ်ပြောင်းလဲမှုများတွင် တရားမျှတခြင်း မမျှတခြင်း အပေါ် အခြေခံ၍ အစဉ်တစ်စိုက် ယုံကြည်လက်ခံခြင်း မဟုတ်ပေ၊ မြင်သမျှ၊ ကြားသမျှ နှင့် ဖတ်သားလေ့လာ သမျှအပေါ်တွင် အစဉ်အမြဲ အဆိုးမြင်အောင် တွန်းပို့ ခံနေရလျှင် သင်၏ ရပ်တည်ချက်၊ တွေးခေါ်မှုများနှင့် အပြုအမူများ မှန်ကန်သင့်မြတ်သည်ဟု အရိုးစွဲသည်အထိ့ ယုံကြည်လက်ခံ လာခြင်းပင်ဖြစ်သည်။

နေ့စဉ်နေ့တိုင်းလိုလို သဘာ၀ ဘေးအန္တာရာယ်များ၊ကြီးမားလွန်လှတဲ့ ဘေးအန္တာရာယ်များ၊ စစ်ပွဲများ နှင့် စိတ်မချမ်းမြေ့ဖွယ်ရာများကို ကြားသိ့နေရသမျှ ကာလပတ်လုံး မသိ့စိတ်၏ အစိတ်အပိုင်း နေရာတစ်ချို့တွင် ထိုအရာများကို အဓိကထား၍တွေးခေါ် လာရင်းကနေ အဆိုးမြင်းခြင်းဆိုင်ရာ အတွေးအခေါ်များ ဆင့်ကဲပေါက်ဖွား လာပေတော့သည်၊ အဲ့ဒီရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကတော့ ဆုံးရှုံးမှုများ နှင့် အဓိဂရုဏ်များ ကမ္ဘာနှင့်အဝှမ်း ဆက်တိုက်ဆိုသလိုမျိုး လက်ဆင့်ကမ်း၍ အမွေခံရမည်မှာ အသေချာပင်ဖြစ်ပေသည်။

စိတ်ဆိုသည်မှာ သဘာဝကပေးသော ကောင်းမွန်လှသည် အင်းအားဖြစ်သည်၊ ကျရှုံးခြင်းနှင့် နာကျင်ခြင်းများ၊ အောင်မြင်ခြင်းနှင့် ကောင်းမွန်ခြင်းများသည် သင့်၏တွေးခေါ်ပုံ နည်းလမ်းများကသာ အဆုံးအဖြတ်ပေး နေခြင်းဖြစ်သည်။ ကွဲလွဲသော သက်ရောက်မှုများက အင်းအားအရင်း အမြစ်တစ်ခုတည်းမှ မြစ်ဖျားတည် စီးဆင်းလားခြင်း ပင်ဖြစ်သည်။

ကောင်းမွန်သော သတင်းများ ကိုကြားသိ့ရခြင်း အားဖြင့်သာ သင့်အတွင်းစိတ်၏ တွေးခေါ်ပုံနည်းလမ်းများကို ပြောင်းလဲနိူင်ပေလိမ့်မည်၊ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလည်းမှုများကို အချိန်နှင့် စွမ်းအင်များစွာ သုံး၍ သင်ကိုယ်တိုင် လေ့ကျင့်ခံယူမှသာလျှင် ကောင်းမွန်ခြင်းဆိုင်ရာ အတွေးအခေါ်အမြင်များ (သခင်စိတ်) လက်ဝယ်ပိုင်ဆိုင်နိူင်မည်ဖြစ်သည်။

အကြံပြုချက်များ-

အချိန်တိုင်း အဆိုမြင်ခြင်းဆိုင်ရာများကို တွေးခေါ်မိ့သည်နှင့် တစ်ပြိုင်တည်း ထိုအကြောင်းအရာများကို ငြင်းပယ်၍ အကောင်းမြင်းခြင်းဆိုင်ရာများနှင့် ပြန်ပြောင်းတွေးခေါ်ကြည့်ပါ...

အကယ်၍များ သင်ရဲ့စိတ်ကူးထဲမှာ ကျရှုံးပြီးလိုခံယူမိ့လျှင်လည်း ဒါဟာ အောင်မြင်ခြင်းဆိုင်ရာ လမ်းစဟူ၍  တွေးခေါ်ကြည့်ပါ..

အကယ်၍များ သင့်၏မကောင်းကြောင်း ပြောနေသည်ကို ကြားသိ့ရလျှင်သိ့ခြင်း ငါလိုအပ်သေးတယ် ပြင်မှာဟူ၍ တွေးခေါ်ကြည့်ပါ..

ငါမလုပ်နိူင်ပါဘူးဟူ သင့်ကိုယ်သင့် ပြောမိ့သောအခါ ငါလုပ်နိူင်ပါတယ်ဟု ပြင်ဆင်ပြောဆိုတွေးခေါ်ကြည့်ပါ...

အဆိုးမြင်ခြင်းဆိုင်ရာများ ထပ်ချည်းတလဲလဲ တွေးခေါ်နေမိ့လျှင်လည်း အဆိုးထဲက အကောင်းတစ်ခုကို ရွေးနှုတ် တွေးခေါ်ကြည့်ပါ...

ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနှင့် အခုအချိန်လေးမှ စ၍ မကောင်း မသင့်သော အဆိုးမြင်တရားများကို ခဝါချ၍ အကောင်းမြင်တရား လက်ကိုင်ထားကာ လှုပ်ရှား အသက်ရှင်ကြည့်ပါ....

ဒါဟာ သင့်ဘဝအသက်တာ ဖြစ်တည်မှုတွေအတွက် ပြုပြင်ပြောင်းလဲဖို နောကျတယ်လို့ မရှိပါဘူးဆိုတာကို ဖော်ထုတ်ပြသနေခြင်းဖြစ်ပါသည်။


မူရင်းစာရေးဆရာ Remez Sasson ၏ The Power of Negative Thinking ကို သင့်လျှော်အောင် အစွမ်းကုန် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

စာကြွင်း
ကျွန်တော် မြန်မာစာ သတ်ပုံမကျေဘူးဗျ မှားနေတာ တွေ့ရင်လည်း ထောက်ပြ ဝေဖန်ကျပါဦး ရောင်းရင်းတို့ရေ...

ငယ်ဖြူ
2:28 Am
7/01/2012