Sunday, January 8, 2012

အိမ်တွင်းက ဒီမိုကရေစီ....(၁)

အမေစုပြောဘူးတာရှိတယ် အဲ့ဒီတုန်းကတော့ ကျွန်တော်သိပ်နားမလည်ဘူး စေ့စေ့တွေး ရေးရေးပေါ် ဆိုသလိုပေါ့ဗျာ

”ဒီမိုကရေစီဆိုတာ လူတိုင်းနဲ့ဆိုင်တယ်တဲ့”

တစ်နေ့ ကျွန်တော့သားကို အိမ်မှာ သူ့အမေနဲ့ အဘိုးက ၀ိုင်းဆူကျတယ်၊ ကလေးက ရေခဲရေသောက်ချင်တာကို နေမကောင်းဖြစ်မှာ စိုးလို့ စေတနာနဲ့ ၀ိုင်းတားကျတာပါ...

သူသောက်ချင်တာ မသောက်ရတော့ သားတော်မောင်က ဆန္ဒပြတယ်၊ အဲ့ဒီမှာ အမေလုပ်သူက ဆူတော့တာဘဲ...

ကျွန်တော်တို့ ဗမာလူမျိုး များမလည် ထစ်ခနဲ့ရှိ ဆူမယ်ဟောက်မယ်၊ ဇိုးကနဲ့ ဇတ်ကနဲပ ထုရိုက်လိုက်မယ် ဆိုတာချည်းဘဲ...

ကလေးတွေကို နားဝင်အောင် နားလည်အောင် သေချာ အချိန်ပေးရှင်းမပြကျဘူးဆိုတာထက် အဲ့လို လုပ်သင့်တယ်ဆိုတာကို မေ့နေတာဖြစ်မယ်...

လူစိတ့်သဘာဝအရ ဖိ့နှိပ်ချုပ်ချယ်တယ် ထင်ရင် ထကြွ ဆန္ဒပြတာ သဘာဝပါ...

အဲ့ဒီသဘာဝတရားလေးကို နားလည်ပြီး အလိုက်သင့်ဖြေရှင်း နိုင်ရင် အဆင်ပြေသွားမှာပါ...

အဲ့ဒီအကြောင်းအရာလေးနဲ့ ပါတ်သက်ပြီး စဉ်းစားမိ့တယ် ကျွန်တော်တို့ တိုင်းပြည်မှာ အိမ်တိုင်း အိမ်တိုင်း ဒီမိုကရေစီ မရသေးတဲ့ အိမ်ထောင်မိ့သားစုတွေ ဘယ်လောက်များများရှိနေပြီးလည်းမသိ့...

အေးပေါ့လေ အာဏာရှင် စံနစ်ဆိုးအောက်မှာ အသက်ရှင်လာကျတော့ လက်ဝယ်ရှိရှိသမျှ အာဏာကို မီးကုန် ယမ်းကုန် ထုတ်သုံးကျတာ မထူးဆန်းပါဘူး...

ဒါပေမဲ့ အဲ့လိုမျိုး အဆင့်အဆင့် အုပ်ချုပ်ကျရင်ဖြင့် နောင်လာ နောက်သားတွေ အတွက် တစ်ကယ့်ကို ရင်လေးစရာပါ...

အထူးသဖြင့် ငယ်ရွယ်နုနယ်တဲ့ ကလေးငယ်တွေကို ဆုံးမတဲ့ မိ့ဘတွေရဲ့ အခန်းဏ္ဍက ပို၍အရေးကြီးတယ်လို့ ကျွန်တော်မြင်တယ်...

အနောက်နိုင်ငံတွေကို အားကျသင့်တဲ့ အချက်မှာ အဲ့ဒါတွေပါတယ်...

လူကြီးတွေက ကလေးငယ်တွေသိ့အောင် စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတယ် ဆိုတာထက် ပညာပေးတယ်ဆိုပိုမှန်မယ်...

ပညာပေးတယ်ဆို့လို့ ကျွန်တော်တို့ ခုခေတ်လူငယ်တွေ သုံးတဲ့ လွဲမှားနေတဲ့ ပညာပေးခြင်းကိုဆိုလိုတာမဟုတ်ပါ...

အမှန်တစ်ကယ့်ကို သေသေချာချာရှင်းပြတာကို TV Program တစ်ခုမှာတွေ့လိုက်ရတယ်ဗျ...

ကလေးငယ်တွေကလည်း အသိ့ဥာဏ်ပိုရင့်သန်လာတာပေါ့...

ဒါ့ကြောင့်လည်း လူကြီးတွေက ကလေးငယ်တွေက ရိုက်ဆုံးမရင် ကလေးက ရဲတိုင်ခွင့်ပေးထားပါတယ်...

အဲ့လိုကောင်းတဲ့အချက်အလက် လေးတွေကိုတော့ဖြင့် အတုယူသင့်တယ်ထင်ပါတယ်...

နောက်ပြီး ဗမာလူမျိုးများမှာ ခေါင်ဆောင်ကောင်းရှားတယ်ဗျ...

ခေါင်းဆောင်ဆိုလို့ ရပ်ကွက်လူကြီးတွေကို ကြည့်မလား၊ အဖွဲ့အစည်းမှာ ထိပ်သီးပုဂ္ဂိုလ်တွေကို ကြည့်မလား

နောက်ဆုံးဗျာ ဆယ်အိမ်ခေါင်းဆိုတဲ့ လူတောင် ရှိသမျှ အာဏာကို မီးကုန်ယမ်းကို သုံးကျတယ်ဗျ...

အဲ့ဒါကို ကြည့်ခြင်းအားဖြင့် ကျုပ်တို့တိုင်းပြည်က လူတွေရဲ့ တွေးခေါ်ပုံ Concept တွေအများကြီးလွဲနောတကိုတွေ့ရတယ်...

ကျုပ်စိတ်ဥာဏ်မှီသလောက်တော့ အဲ့လို လွဲနေတာကို မပြင်နိုင်သမျှ ကာလပတ်လုံး ဒီမိုကရေစီ ဆိုတာကို ဘယ်နှယ့်လုပ်ပြီး ဖော်ဆောင်ကျမှာတုန်း...

မမေ့သင်းဘူးနော် ”ဒီမိုကရေစီဟာ လူတိုင်းနဲ့ ဆိုင်တယ်” ဆိုတာကို လေးလေးနက်နက် စဉ်းစားကြည့်စေချင်ပါတယ်...


No comments: