Monday, March 19, 2012

အိမ်တွင်းက ဒီမိုကရေစီ...(၂)

ကျုပ်တို့ မြန်မာပြည်က မိဘများကို တစ်ခုလောက် မေတ္တာရပ်ခံခြင်းပါတယ်...

ကိုယ့်သားသမီးကို ဆုံးမတာတော့ဟုတ်ပါတယ်ဗျာ ကျွဲလိုနွားလို အသကုန်ရိုက်ဆုံးမတာကိုတော့ ပြင်သင့်ပါပြီ...

ကျွန်တော် ဟိုတစ်နေ့က TV Program တစ်ခုက Wild Life Control Program တစ်ခုမှာ ဘာသွားတွေ့သလည်းဆိုတော့၊ နေရာဒေသတော့ အတိ့အကျ မရေးတော့ပါဘူးဗျာ၊ ဒီလိုဗျ အဲ့ဒီ Private Villa တစ်ခုက အလယ်မှာ

သဘာဝအလျှောက်ကန်လေးတစ်ခုရှိတယ် အဲ့ဒီမှာနေတဲ့သူတွေရဲ့ အိမ်မွေးခွေးလေ ရေဆင်းဆော့ရင်နဲ့ ပျောက်သွားလို့ လိုက်ရှာတာ

မိ့ကျောင်းဆွဲတာဖြစ်နေတယ်၊ အဲ့ဒီတော့ မိ့ကျောင်းဖမ်းဖို့ သက်ဆိုင်ရာ Wild Life Specialist တွေကိုခေါ်ပြီတော့ ဖမ်းပါလေရောဗျာ၊

သူတို့လာဖမ်းတာ ကျွန်တော်တွေ့တာက ရိုးရိုး ငါမျှားတံနဲ့ပါဘဲ ကြိုးတော့တူချင်မှ တူမှာပေါ့လေ၊ အတွေ့အကြုံရှိပြီသားရယ်၊

မိ့ကျောင်းအပေါက်ကလေး တွေဖြစ်နေတာကြောင့် အမြှီးကနေပြီး ဆွဲတင်တာဗျ... ဒါပေမဲ့ တော်တော်တော့သန်တယ်...

အဲလိုဖမ်းပြီးသွားတော့ လာဖမ်းတဲ့သူတွေက အဲ့ဒီပတ်ဝန်းကျင်က ကလေးငယ်တွေကို သေသေချာချာရှင်းပြတယ်....

အဲ့ဒါကိုကြည့်ခြင်းအားဖြင့် ကလေးသူငယ်များမှာ စူးစမ်းခြင်စိတ်၊ လေ့လာလိုစိတ် ပြင်းပြကျပါတယ်...

နောက်တစ်ခုကဗျာ လူတိုင်းကိုယ်စီ အအော်အငေါက်ခံရရင် ကြိုက်တဲ့သူရယ်လို့မရှိပါဘူး...

ကိုယ်ခြင်းစာကြည့်ပေါ့ဗျာ...

ကျုပ်တို့တိုင်ပြည်မှာတော့ ကလေးတွေကို မိ့ဘတွေ ဆိုဆုံးမတဲ့အခါ၊ အားမလိုအားမရ ဂရုဏာဒေါသောဖြစ်ပြီး ရိုက်တတ်ကျပါတယ်...

အဲ့ဒီလိုရိုက်မဲ့အစား သူတို့ နာယူလက်ခံလိုအောင် သေသေချာချာ အချိန်ပေးပြီး ရှင်းပြစေခြင်ပါတယ်...

ငါ အမေဘဲ၊ ငါ အဖေဘဲဆိုပြီး စိတ်လိုက်မာန်ပါ မဆုံးမစေခြင်ပါ...

တစ်ခါတုန်းက ကျွန်တော်အိမ်မှာ ရှိနေတဲ့အချိန် သားတော်မောင် မနက်စောစော နွားနို့သောက်တယ်ဗျ...

ကလေးက ပုဂံပြားနဲ့သောက်မယ်လို ဂျီးကျတော့ အမလုပ်သူက ငေါက်ပါလေရော...

ဒါနဲ့ကျွန်တော်က ကြားဝင်ပြီး ပုဂံပြားထဲ အရင်ထည့်တိုက်တယ်...

နောက် ပုဂံလုံးကို မော့သောက်ခိုင်းတယ်...

သား ဘယ်ဟာအဆင်ပြေသလဲဆိုတော့ ကလေးက ပုဂံလုံးနဲ့ဘဲသောက်တော့မယ်တဲ့ဗျာ...

ကျွန်တော် ကိုယ်ခြင်းစာပါတယ် နေ့စဉ်နဲ့အမျှ အိမ်မှုကိစ္စရော အိမ့်ထောင်တာဝန်ကို ထမ်းကျသူတွေ အလုပ်ဘယ်လောက် ပင်ပန်းတယ်ဆိုတာ ကိုလည်း သဘောပေါက်ပါတယ်...

ဒါပေမဲ့ဗျာ ကိုယ့်ကို ကိုယ်လည်း လေ့ကျင့်ရာ ရောက်သလို ကလေးငယ်တွေလည်း အဆင့်သင့်ဖြစ်စေဖို့...

အိမ်းတွင်းက ဒီမိုကရေစီနည်းကျ လက်တွေ့ ဆိုဆုံးမနည်းလေးတွေကို စပြီး အကျင့်လုပ်စေချင်ပါတယ်...

အဲ့ဒါမှ အနာဂတ်အတွက် ကလေးငယ်တွေမှာ လည်းအဆင်သင့်ဖြစ်သလို၊ လူကြီးတွေလည်း လေ့ကျင့်ယူပြီးသားဖြစ်မယ်ထင်ပါတယ်...