Saturday, November 25, 2017

သိန်း ၉၅၀တန် ၂၂ကာရက် Lux iPhone Xကို ဘယ်သူတွေ ကိုင်မှာလည်း

အမည်ပေးကတည်းက Lux iPhone X လို့ပေးထားပါတယ်... Luxury ဆိုတဲ့စာလုံးရဲ့ အရှေ့သုံးလုံးကိုယူပြီး ပေးထားတာ ရည်ရွယ်ချက်ရှိပါတယ်...

ကမ္ဘာကျော် အနုပညာရှင် သန်းကြွယ်သူဌေးများကို အဓိက ဈေးကွက်အနေဖြင့် ထုပ်လုပ်တာပါ...

တန်ဖိုးအနည်းဆုံး Lux iPhone Xကတော့ဖြင့် US 4000 ကျော်ရှိပါတယ်... ကျုပ်တို့ရဲ့ ဖွတ်ကလိဒင်္ဂါးနဲ့ဆိုရင် ကြမ်းခင်းဈေး ၅၄သိန်းရှိပါတယ်...

ကြွားခြင်လို့ ဆိုတာထက် သူထက်ငါ အပြိုင်ဝယ်ပြီး ဂုဏ်ပကာသနရဲ့ ရုပ်ဝထ္တု ပစ္စည်းတွေအဖြစ် ပွဲလမ်းသဘင် တက်ရောက်တဲ့ခါ ကြွားကြွားရွားရွားလေ ကိုင်ကြမည်ထင်ပါတယ်....

တစ်ချို့သော iPhone Fan သန်းကြွယ်သူဌေးများလည်း ကိုင်ဆောင်ကြပေလိမ့်မည်...

Sunday, November 19, 2017

ခေတ်သစ် တေမိ

လူ့သက်တမ်း တစ်ခုစာမက
ငါတို့သွေးတွေ အစုပ်ခံခဲရပြီးပြီ
ခုထက်ထိ ခင်ဗျားတို့
ရက်ရက်ရောရော ပေးလှူနေကျတုန်းဘဲလားဗျ...

သူများကျွန်ခံဖို့ ခရီးထွက်တဲ့သူရှိသလို
စစ်ကျွန်ခံဖို့ ထမင်းငတ်နေသူတွေလည်း ရှိသကိုးဗျ
ထမင်းကြမ်းတောင် နပ်မမှန်လို့
ထမင်းရေ ကိုအာသာပြေ
၂၀၀ ပေးပြီး ဝယ်သောက်ရတဲ့ ဘဝတွေ

စီဇိမ်ယစ်မူးနေတဲ့ စစ်အာဏာရူး
ခွေးဘီးလူးတွေကို ပြောလိုက်ချင်တယ်
ခွေးဟောင်းတိုင်း ထကြည့်တဲ့အထဲမှာ
ငါမပါဘူးဟေ့

စစ်ခွေးတွေ ဇာတ်သိမ်းပြန်တော့
ကျပ်မပြည့်သော အစိတ်သား
လွှတ်တော်ထဲမှာ ထထအူတာ
ကြက်သရေးတုန်းလိုက်ပါဘိ

ပြောပြောဆိုဆို
လူအသိ လူစိတ်မှ
မရှိကြလေတော့
တေမိဇာတ်ခင်းတာ
ကောင်းပါတယ်ကွယ်

စိတ်အဟာရ

ရုပ်တစ်ခု စိတ်ကိုးဆယ်
စာပေထဲမှာ ဖတ်ဘူးတယ်ဗျ

အဲ့စိတ်တွေ တောင်တောင် အိအိ
Frequency ခပ်စိတ်စိတ်ဖြင့်
ပြောင်းလဲလာရင် သတိ့ချပ်ပါ မိတ်ဆွေ
သင့်စိတ်မှာ အဟာရချို့တဲ့လာနေပြီ

လူတိုင်းကိုယ်စီ ခံစားတတ်တယ်
လူတွေစီကနေ ရိုသေသမှု ဆိုတာကို
ဓါးပြတိုက်သလိုလို နတ်ပူသလိုလို
အတင်း လုပ်ယူလို့မရဘူးဗျ

Give and Take ဆိုတာကို
Grab & Go လုပ်ပြစ်ခြင်လို့
ဘယ်လွယ် လိမ့်မတုန်း

စိတ်စေရာကို မသွားဘဲ
လက်တွေ့ကျကျ စိတ်ဆင်ရိုင်းကို
ချွန်းအုပ်နိူင်မှ တော်ကာကြမယ်

ငါတစ်ကော ကောနေမယ့်အစား
နဖူးပေါ်လက်တင်
စဉ်းစားခန်းဝင်ပြီ
အလိုတော်အတိုင်း လိုက်လျှောက် နိူင်ပါစေ...

အာမင်း
ငယ်ဖြူ
SAT 18.11.2017
11:07pm