Monday, March 29, 2010

ကျွန်တော် စာမရေးတတ်ဘူး၊ သူများတွေဖတ်ကောင်းအောင် ရေးချင်တယ်၊ စာဖတ်အားနည်းတာလည်းပါမှာပေါ့လေ။

ကျွန်တော်လက်တွေလှုပ်ရှားပြီးတိုင်း ကျွန်တော်နောင်တမရချင်သလို၊ သိပ်လည်းအားမရဘူးဗျာ၊ သူငယ်ချင်းတွေထဲမှာ စာရေးဆရာဖြစ်နေတဲ့သူ ရှိသလို၊ တရားဟောဆရာလည်း ရှိတယ်ဗျ၊ ငယ်ငယ်တုန်းကတော့ သံယောဇာဉ်တွယ်တာစရာ မရှိခဲ့ရင် တရားဟောဆရာ လုပ်မယ်လို့ စိတ်ကူးမိ့တယ်၊ ဘုရားအလိုတော်မရှိဘူး ထင်တယ်ဗျ။

အလွန်တရာမြတ်နိုးတွယ်တာစရာ ကောင်းတဲ့ မိ့သားစုလေးကို ၂၀၀၂ မှာ ကျွန်တော်နဲ့သူမ စတင်တည်ဆောက်ကျတယ်၊ အခုထက်ထိ့ကို တက်ညီလက်ညီ ရှိတုန်းပါဘဲ။ နားလည်မှုတွေကိုယ်စီ ရှိထားလေးတော့ ဘယ်နေရာ ဘယ်ကိုရောက်ရောက် အဲ့ဒီသံယောဇာဉ်လေး နှစ်မျှင် ကျွန်တော့်ရင်ထဲ အမြဲတမ်းရှိနေတယ်ဗျ၊

အားတိုင်း ချချရေးဖြစ်တယ်၊ သိပ်အဆင်မပြေတာတွေတော့ Draft ထဲမှာ ခုထိ့တော်တော်များများ ရှိနေသေးတယ်၊ အသက်အရွယ်ရလားလို့ ဖြစ်မယ်၊ တစ်ခါတစ်ခါ ကိုယ့်ခေါင်းထဲမှာ စာသားတွေကောင်းတွေ ပေါ်လာတတ်တယ်၊ ခက်တာက ချမရေးထားမိ့ရင် အငွေပျံသွားတာဘဲဗျ၊ မှတ်စု စောင့်လေ့မရှိတော့လည်း ခက်သားလား

တစ်ချို့တွေက ကျွန်တော့်ကိုလှောင်ကျတယ်၊ တစ်ချို့တစ်လေကတော့ အားပေးပါတယ်။ အဲ့ဒါတွေကို ကျွန်တော်သိပ်ပြီး ဂရုမစိုက်အားဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်လက်ရာတွေက သိပ်ပြီး ချာတူလန်နေသေးတယ် ထင်လို့ပါ၊ ငယ်ငယ်တုန်းက စားကျက်စာဖတ်ပြင်းနဲ ဒဏ်တွေလည်းပါမယ်ထင်တယ်။

နောက်တစ်ခု သေချာက ကျွန်တော့်လက်ရေးကို မြင်ရင်ရီကျလိမ့်မယ်၊ ပဲပင်ပေါက်ကို အမြှီးဖြတ်ပြီး စာရွက်မှာ ကပ်တာ ပိုတောင် လှနေနိူင်ပါတယ်၊ တော်သေးတာက ကျွန်တော် မြန်မာစာ ကောင်းကောင်းရိုက်နိူင်တယ်ဗျ၊ ပြောချင်တာ လူငယ်တွေ ခေတ်ကို အမှီလိုက်နေတဲ့ လူငယ်တွေ စာများများဖတ်ပါ၊ မှတ်ပါ၊ ကောင်းသင့်သော် အတွေးအခေါ်များကို ဆန်းသစ်သထက် ဆန်းသစ်အောင်
ထပ့်ဆင့်တွေးခေါ်ကြည့်ပါ၊ ရတာကို ချရေး အဲ့ဒါ တစ်ကယ်လိုအပ်ပါတယ်။

No comments: