Friday, December 6, 2019

ယူနီကုဒ်နှင့် ချစ်ကျွမ်းဝင်ခြင်း

လူတော်တော်များ ခဏခဏပြော ဖြစ်ကြတဲ့ စကားလုံးလေးတွေ အရင်ချရေးပြီး စမယ်နော်

"ဟိုမရောက် ဒီမရောက်"၊ "ဟိုဟို ဒီဒီ"၊ "တောင်တောင် အီအီ"၊ "သောင်စဉ် ရေမရ"၊

"ပိုသားကုန် မောင်ပိုစောင်းမတတ် "၊ "မတတ်ဆရာလုပ်"၊ "ဆရာ့ထက် သားတစ်လကြီး"


အပေါ်က အပြောအဆိုတွေ ယူနီကုဒ် ပြောင်းရေး မပြောင်းရေး အငြင်းပွားမှ တော်တော်အသက် ဝင်လာသလိုခံစားမိတယ်... ကျွန်တော့်ကို ယူနီကုဒ် ဘာလို့ပြောင်းတာလည်း လာမေးရင် ရေးထုံ မှန်လို့ပြောင်းပါတယ် ဖုန်းမှာရော ကွန်ပျူတာမှာပါ ပြောင်းပါတယ် စရိုက်ခါစမှ အနည်းငယ်ခက်ပေမဲလို့ ရိုက်နေကျဖြစ်သွားရင် တော်တော်လေးအဆင်ပြေပါတယ်.... 

ယူနီကုဒ်မပြောင်းရင် ဘာဖြစ်မလည်း?  သေချာတယ် ခင်ဗျား မြန်မာလူမျိုး ဖြစ်ပေ့မယ့် ရေထုံးမှန်မှန် စာမရိုက်တတ်တဲ့ "တာဇံ" ဖြစ်မှန်းမသိ ဖြစ်သွားပါလိမ့်မည်။

ယူနီကုဒ်ဟာ နောင်ဆို Language တစ်ခုအနေဖြင့် ကွန်ပျူတာ စံနစ်တော်တော် များများမှာ ထည့်သွင်းပြီးသား ဖြစ်လာပါလိမ့်မည်၊ အဲ့ဒါကြောင့် ယူနီကုဒ်များများသုံးဖိုလိုပါတယ်... ယူနီကုဒ်အကြောင်း နောက်ထပ် post တစ်ခုဖြင့် ပြန်လာပါမည်။

ယူနီကုဒ်ဆိုင်ရာ Useful Links လေးများပါ

































































Saturday, March 30, 2019

အမှိုက်ပုံး သီအိုရီ (Recycle Bin Theory)

Garbage in Garbage out လူတိုင်းသိတယ် သို့သော် Halloween ဆိုတာ All saints day and All souls day အတွက် အောက်မေ့ဖွယ်ရာ အထိန်းအမှတ်မှန်းမသိ လူစင်စစ်ကနေ သရဲလိုဝတ် အပျော်ကနေ အပျက်တွေဖြစ်...
ကထိန်ခင်းတာ တွေကရာ Disco သီချင်းတွေနားကွဲမတ်ဖွင့် သောက်စားပျော်ပါး ရိုးရားဖျက်နေတဲ့ပွဲ...
ရခဲ့လှတဲ့ လူ့ဘဝဇာတ်ခုံပေါ်မှာ အပျော်အပါးတွေနောက် တစ်ကောက်ကောက်လိုက် မေတ္တာတရားတွေ ခေါင်းပါးနေခဲ့ကြ...
မကြာခင်အချိန်မှာ တကမ္ဘာလုံး အတိုင်းအတာဖြင့် ကျင်းပမည့်  Christmas and New Year ပျော်တာနည်းနည်း သောက်တာများပြီး တစ်ယောက်တစ်ခွန်း စကားများရာကနေ ရိုက်ကြသတ်ကြ အဲ့လိုအဖြစ်မျိုးတွေ ထပ်မကြားခြင်တော့ဘူးကွယ်...

အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုသလို တွေကရာအမှိုက်တွေ ရင်ဘတ်ထဲ ခံစားမိတာများလာလေလေ လူ့ဘဝရဲ့အဓိပါယ်မဲ့လေလေ...

စွန့်ပြစ်တဲ့အမှိုက်၊ ရိုးရားဖျက်တဲ့အမှိုက်၊ အယူအဆမှားတဲ့အမှိုက် မြောက်များစွာသော အမှိုက်တွေ စံနစ်တကျ မစွန့်ပြစ်ကြရင် နောင်လာနောက်သား လူငယ်တွေအတွက် အတိတ်က အဆိပ်ပင်တွေ မထားခဲ့စေခြင်လို...

မှားမှန်းသိလျှက် မထူးဇာတ်တွေသာ ဆက်ခင်းနေမယ်ဆိုရင် ကျွန်တော်တို ရှင်သန်နေထိုင်ရာ ဒီလူလောကကြီးမှာ ကြက်ခြေခတ်တွေ မင်နီတွေ ပြည့်နှက်လာတဲ့အခါ ချစ်ခြင်း မုန်းခြင်းအလျှင်းမရှိတဲ့ အမှန်တရားတွေ ဆက်တိုက်ကျဆုံးလာနေရင် ဘာတွေဘယ်လို ဆက်ဖြစ်မယ် မတွေးဝံ့စရာပါ...