Thursday, May 20, 2010

လိပ်ပြာတို့ရဲ့ အိပ်ရာဝင်ပုံပြင်

ကြက်ခြေခတ်တွေ

ငါ့မျက်လုံးထဲ ခဏခဏ

ဘာကြောင့် အလည်လာတာလဲ

အဖြေထုတ်မရလို့ ကူကျပါဦး...



အေ့ရှနှင့် အနောက် မညီမျှတဲ့

တွေးခေါ်ခြင်းတွေ

ကိုယ်တော်ဘာလို ဖန်ဆင်းခဲ့တာလဲ...



လိုက်လေ ဝေလေး ပြေနေလည်း

ဆက်လိုက်နေမိ့တယ်...


သေချာတာကတော့

ချမ်းသာချင်ယောင် ဆောင်နေတဲ့

ဒီမြို့လေးမှာ ကျွန်တော် မပျော်တော့ဘူး...



မာယာတွေ ကိုအရည်ကျိုသောက်

အတ္တတွေကို ခေါင်းမှာ ပန်ထားတဲ့

ဒီလိုရမက်မီး တောက်လောင်နေသူတွေ

ပြောလိုက်ချင်တာက ခင်ဗျားတို့လည်း

အချိန်တန်တော့ မြေကြီးထဲ သွားရမှာဗျ...



နိူင်းမြစ်ရှည်တယ်ဆိုတာ

ငါ့စကားလုံးတွေ အိပ်နေသလောက်သာ

ရှိရှိသမျှ ချရေးရရင်

ငါ့ထွက်သက်တွေ အမောဖောက်

ဒီဝိဉာဏ်က ဒီကမ္ဘာကို

ထာဝရ မခွဲခွာ အမြဲသာ

လိပ်ပြာသန့်နေမှာ...



i,fjzL



မီးလျှံလိပ်ပြာ

Wednesday, May 19, 2010

ငြိမ်းချမ်းရေးသံစဉ်

ကမ္ဘာကြီး ပူနွေးလာတာ
လူတွေရဲ့ အတ္တကြောင့်
အပေးအယူ မညီမျှတဲ့
သဘောတရားတွေလည်းပါတယ်
မမျှတတဲ့ ဒီစိတ်ရိုင်း
ဘယ်သူ အသက်သွင်းခဲ့သလဲ
ကိုယ့်အတ္တအတွက်
သဘာဝကို ကြက်ခြေမခတ်ပါနဲ့
အိုင်စတိုင်းဆိုတဲ့သူကို
တော်တော် စိတ်နာတယ်
E = mc2 ကြောင့် လည်းပါတယ်

ကမ္ဘာမြေဆွဲငင်အား အကြောင်းလဲ
သူတို့ သတိမရပါစေနဲ့
စိတ်နဲ့ ဒီအတိုင်းလွင့်ချင်ရာ လွင့်ခွင့်ကိုတောင်
ထိန်းချုပ်လိုက်ကြမှာစိုးလို့ပါ
အချိန်အတော်ကြာ အနည်ထိုင်နေတဲ့
စိတ်မီးတောင် ပေါက်ကွဲတဲ့အခါ
ကောင်းကင်ကြီး ခံစစ်မဲ့နေခဲ့
ကဲ...မမျှတတဲ့အကြောင်းတွေကို
မျှမျှတတဘဲ ဆွေးနွေးကြရအောင်..မိတ်ဆွေ။ ။

Saturday, May 15, 2010

'' ညပျောက်ငှက် ''

ငါ မပိုင်ခဲ့ရတဲ့
အဲ့ဒီ ညနေခင်း ခါးခါးတွေကို
နင်သယ်ယူပြီး
ဘယ်ကို ထွက်ပြေးသွားသလဲ
ကောင်မလေးရေ…



ငယ်ဖြူ

Thursday, May 13, 2010

ငါဘယ်တော့မှ မမေ့ဘူး


အရာအားလုံး
အဲ့ဒီ သေနတ်တွေ စစ်ဖိ့နပ်တွေအောက်မှာ
ကျဆုံးခဲ့ရတဲ့ ၁၉၈၈ အိမ်မက်ဆိုးများလိုပေါ့...

ငိုရယ် ရီမော၊ မျက်ရည်စတွေနဲ့
ကြည်နူးခွင့် ရခဲ့ဖူးတယ်
၁၉၉၀ နှစ်များစီကပေါ့...

သံဃာတွေ သွေးမြေကျချိန်
ပြည်သူတွေ မျက်ရည်ကျချိန်
စစ်ခွေးတွေ သောင်းကျန်ခဲ့တဲ့
စက်တင်ဘာ ၂၀၀၇
ငါ့အသိ့ထဲမှာ ရှိနေတုန်းဘဲ...

နာဂစ်ဆိုတဲ့ ဆိုင်ကလုန်း
ငါ့အိမ်ခေါင်ကို ဝါမျိုးသွားတဲ့နောက်
ခုနှစ်ရက်ကြာ ငရဲစခန်းထဲ
တော်တော်ဒုက္ခများခဲ့ဘူးတဲ့
၂၀၀၈ ကပ်ဘေးဆိုးကြီးကို
ငါဘယ်တော့မှ မမေ့နိူင်ဘူး...

ဟားတိုက် ရီမော၊ ဒေါသတွေမြိုသိပ်
ကြိန်ဆဲအခါခါ မိုက်ရိုင်းနေရတယ်
၂၀၁၀ ရက်စွဲများကိုပေါ့...

မြန်မာပြည်က လာတာပါလို့
မပြေမိစေနဲ့
မင်းကို လှောင်ပြံးတွေနဲ့
ကြိုဆိုကြမယ့် ၂၀၁၃ ရက်စွဲများအတွင်
ငါရင်နာခဲ့ရတယ်

၁၉၉၀ တုန်းကအောင်ပွဲ
၂၀၁၅ ရောက်မှ ဒို့ လက်သန်းတွေရဲ့အား
အပြတ်အသတ် ဒိုင်ပွဲရပ်နိူင်ခဲ့တယ်

မကြာခင် ၂၀၁၆ ကို နှုတ်ဆက်ပြီ
၂၀၁၇ မှာ စိတ်လှုပ်ရှားဖွယ်ရာ
တစ်ပွေ့တစ်ပိုက်နှင့် ငါတို့ အသက်ငွေ့ငွေ့တွေ
မျှော်လင့်ချက် တစ်စုံတစ်ရာအတွက်
ဆက်ရှင်သန်ခွင့် ပေးသနားပါ...




ငယ်ဖြူ



သန်းခေါင်ယံ အတွေး

ကဗျာမပီ စာမညီတဲ့ ကျွန်တော့်အတွေးတွေ ဟော့ဒီ ညနက်နက်တွေထဲမှာ မှန်မီးအိမ်ကိုယ်စီနှင့် ပျောက်ဆုံးနေတဲ့ အမှန်တရားကို... 

လိုက်ရှာနေတုန်း အမှန်တရားအတွက် ကြွေလွင့်သွားတဲ့... လွတ်လပ်ရေး သူရဲကောင်း ကြယ်ပွင့်တွေ ဘယ်ရင်ခွင်မှာ အိပ်စက်နားခိုနေကျသလဲ? မမေ့သင့်ဘူး... 

အချိန်တန် အိမ်ပြန်ရမဲ့ သူချင်းအတူတူ စောလျှင်စွာ ခရီးနှင်းသွားကျသူများ ရောက်လေရာဘုံဘဝမှ ငံလင့်နေတဲ့ ဒီပန်းတိုင် ငါတို့ အတူတူ ချီတက်ကျဖို့ အမြဲအသင့် ပြင်ထားပါ သူငယ်ချင်း.... 

 

 

ငယ်ဖြူ

Monday, May 10, 2010

“ပူတယ်လေ ဆယ်နွေကဲ၊ နာဂစ်ရဲ့ နောက်ဆက်တွဲ”

“ပူတယ်လေ ဆယ်နွေကဲ၊ နာဂစ်ရဲ့ နောက်ဆက်တွဲ” ဆိုသလို ဖြစ်နေပြီး၊ ကမ္ဘာနဲ့ အဝှမ်း စိမ်းလန်းစိုပြည်ဖို့ တိုက်တိုက်တွန်းတွန်း လုပ်နေချိန်မှာ ကျွန်တော်တို့ ရနု်ကုန်မြို့ကြီးကတော့ဖြင့် သစ်ပင်တွေကြိုးတို့ကျဲတဲနဲ့ တော်တော်လေးကို ပြင်းပြင်းပြပြ ပူလောင်မှုကို ခံစားနေရပါတယ်၊ စိတ်မကောင်းစရာဘဲ....

သဘာ၀ သယံဇာတ အရင်းအမြစ်တိုင်းတွင် အတိုင်းတာ ပမာဏရှိစမြဲပင်ဖြစ်သည်၊ သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲပြီးလျှင် ပြန်လည်ထိန်းသိမ်း ဖြည့်တင်းဖို့ရာလိုအပ်ပါသည်၊ မဖြည့်တင်းပါက သစ်တောပြုန်းတီခြင်း၊ မြစ်ချောင်းများ ရေခန်းခြောက်ခြင်း၊ မြေအောက်ရေ၏ အရည်အသွေးနိမ့်ကျခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း စသော သဘာဝဘေးအန္တာရာယ်များ ပေါ်ပေါက်လာနိူင်ပေသည်။

ဥတုရာသီ တောကိုမှီ ဆိုသည့်စကားအတိုင်း သစ်တောပြုန်းတီးရာမှစ၍ မြေဆီလွှာပျက်စီခြင်း၊ မြေအောက်ရေခမ်းခြောက်ခြင်း၊ မြစ်ချောင်းများ တိမ်ကော ပပျောက်ခြင်း ဆက်တိုက်ဆိုသလို မမြင်နိူင်သည့် ဆုံးရှုံးမှုများစွားကို ရင်ဆိုင်ရနိူင်ပေသည်။ တောတောင် ရေမြေ အနေအထားသည် နေရာဒေသ၏ ရာသီဥတုနှင့် တိုက်ရိုက်ဆက်နွယ် ပတ်သက်နေသည်ဆိုလျှင် လွန်မည်မထင်၊ ဤကဲ့သိုပင် ဤတော ဤတောင်များကို မှီတင်းနေထိုင်ကျက်စားနေသော ကျေးငှက် သာရကာများ၊ တောကောင်ကြီးငယ်များ သည်ပင်လျှင် ပျောက်ကွယ်၍ ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့သွားနိူင်သော ကြီးစွာသော အရင်းအမြစ်ဆုံးရှုံးမှုများပင် ဖြစ်ပေါ်လာနိူင်ဘွယ်ရာရှိပေသည်။

အခုလက်ရှိ ကျွန်တော်တို့ မြန်မာပြည်တွင် အချို့နေရာတွေဆိုရင် သောက်သုံးရေပြတ်လတ်မှုနဲ့ ကြုံတွှေ့နေရပါတယ်၊ ရန်ကုန်မြို့လို မြို့ကြီးမှာလည်း လွန်စွာဆိုးရွားတဲ့ ပူလောင်မှုကို ခံစားနေရပါတယ်၊ မုတ်သုံ အဝင်နောက်ကျလိမ့်မယ်လို့ ပညာရှင်တွေကလည်း ခန့်မှန်းနေကျပါတယ်၊ စလာပါပြီ သဘာ၀ အရင်းအမြစ်ဆုံး`ရှုံးမှုတွေ

လောပိတလို နေရာမျိုးရေခန်းသွားရင်၊ ဧရာဝတီမြစ်ကြီး ကောသွားခဲ့ရင်၊ သစ်တောတွေ တောင်ဂတုံးဖြစ်သွားခဲ့ရင်...

အဲ့ဒါတွေကို မသိ့ကျိုးကျွန်ပြု လစ်လှူရှူ့ထားမယ်ဆိုရင်ဖြင့် မတွေးဝံလောက် အောင်ကို အန္ဆာရာယ်ကြီးမား လာနိူင်ပါတယ်....

သဘာဝကိုချစ်သော စိတ်များဖြင့် ဝိုင်းဝန်းထိန်းသိမ်းစောင့် ရှောက်နိူင်ကျပါစေဗျာ...

Friday, May 7, 2010

ဟင်းလင်းပြင်ကြီးထဲ ကျွန်တော်...

ဒေါက် ဒေါက် ဒေါက်

အခန်းတံခါးကို ဘယ်သူလာခေါက်နေသလဲ ? ငါတံခါးခေါက်သံ ကြားလိုက်ရတာ တစ်ကယ်လား ?

ဇဝေဇဝါနဲ့ အိပ်ရာထက်မှာ ထထိုင်ပြီး လမ်းထလျှောက်ဖို့ ကျွန်တော်ကြိုးစားတယ်၊ ဗြုန်းကနဲဆို အခန်းထောင့် အမှောင်ထုထဲ ကျွန်တော်ကိုယ်တိုင် နွံနစ်သလို စီးဆင်းသွားတယ်၊ ကျွန်တော် အသည်းအသန် ရုန်းထွက်ဖို့ ကြိုစားတယ် ချွေးစေးတွေ တဒီးဒီး ကျလာသည့်တိုင်း အချည်းနှီးပါဘဲ၊ တဖြည်းဖြည်း အမှောင်ထုထဲ တိုးဝင်သွားလိုက်တာ ကျွန်တော် ခုတင်နဲ့တော်တော်လေးဝေး သထက်ဝေးလာခဲ့ပါပြီ၊

ငါဘာဖြစ်တာလဲ၊ ကိုယ့်ကို ကိုယ်ပြန်စန်းစစ်ကြည့်တော့လည်း၊ အိပ်မက်လိုလို တစ်ကယ်လိုလိုပါဘဲ။

အဲလိုနဲ့ ကျွန်တော် အလိုက်သင့်ကလေ မျှောပါသွားလိုက်တာ ကျွန်တော် အခန်းမဟုတ်တဲ့၊ ကျွန်တော် တစ်ခါမှ မရောက်ဘူးတဲ့ နေရာတစ်ခုကို ရောက်သွားတယ်၊ အဲ့ဒီနေရာက စီမ်းလန်း စိုပြည်နေတာကတော့ တော်တော်လေး ထူးခြားတယ်၊ ကျွန်တော့် အိပ်မက်ထဲက စိတ်ကူးယာဉ်ဖူးတဲ့ ပန်းခြံလေးထဲ ရောက်နေသလိုခံစားရတယ်ဗျ၊ စောစောလေးက ညစ်ငြူးနေတဲ့စိတ်တွေ တစ်ခဏအတွင်း ပြန်လည်လန်းဆန်းလာတယ်ဗျာ။ ကျွန်တော်လည်း မသိ့စိတ်စေရာ လိုက်ပါသွားရင်းက၊ လူတွေပြုပြင်ထားတဲ့ ရေတံခွန် အသေးစားလေး တစ်ခုအနား ရောက်မှန် မသိ့ရောက်လာခဲ့တယ်၊ ကျွန်တော့်စိတ်တွေ ရေအလျှင်အတိုင်း စီးဆင်း လိုက်ပါသွားပြန်တယ်၊ အဲ့ဒီအချိန်မှာ ကျွန်တော်တမ်းတ မိ့တာက ရွက်လှေတစ်စင်းနဲ့ ရွက်လွှင့်လိုက်ချင်တဲ့ ဆန္ဒတစ်စုံပါဘဲ။

အဲ့ဒီနောက်....

ကျွန်တော့်အာရုံထဲမှာ ဖြူ၊ ပြာ၊ နီ၊ ဝါ အရောင်ပေါင်းစုံ စီုးမိုးလာပြန်ပါတယ်၊ အာရုံတွေလည်း အရောင်တွေနောက် ကောက်ကောက်ပါ အပြေးကလေး ကပ်ညိ့သွားပြန်တယ်၊ အရောင်တွေ တစ်ခုနဲ့တစ်ခု ဖြည်းဖြည်းခြင်း ရောစပြုလာတယ်၊ အဲ့ဒီလိုနဲ့ ပိန်းပိတ်မှောင်သွားပြန်တယ်၊ အမှောင်ထုထဲက ပြာလဲ့လဲ့ မီးတောက်ငယ်တစ်ခု ရှေးရိုး ဂီတသံစဉ် တစ်ပုဒ်နဲ့ အတူကခုန်နေတာကို
ကျွန်တော်မြင်နေရတယ်၊ သံစဉ်နောက်ကို အာရုံတွေ အစုအလိုက်အပြုံလိုက် လဲပြို ကျသွားပြန်ပါတယ်၊ တေးသွားတွေက နိမ့်လိုက်မြင့်လိုက်နဲ့ ဂီတရဲ့ အရာသကို အစွမ်းကုန် ကျွန်တော်ခံစားမိ့နေတယ်၊ မျက်စိ့တွေလည်း အလိုလိုမှိတ်လျှက်နဲ့ ကျွန်တော်ကိုယ်တိုင် တေးသွားတွေနှင့် တစ်သားတည်းဖြစ်သွားတယ်ဗျာ၊ အဲ့ဒီအခိုက်အတန့်ကို ကျွန်တော် တော်တော်လေးနှစ်ခြိုက်မှန်းကို နောင်တော်တော်လေးကြာမှ သိ့ခဲ့ရပါတယ်။

ဗြုန်းကနဲ့ဆို ရုတ်တရက် တိတ်ဆိတ်သွားပြီး၊ ကျွန်တော် မျက်လုံး ပြန်ဖွင့်ကြည့်လိုက်တော့ ဘာမှ မရှိတဲ့ ဟင်းလင်းပြင်ကြီးထဲမှာ အလင်းရောင်တွေနဲ့ ကျွန်တော်ဘဲကျန်ခဲ့တယ်၊ ကျွန်တော့်ရင်ဘတ်ထဲမှာလည်း အလားတူ ဟင်းလင်းပြင်ကြီး တစ်ခုရှိနေခဲ့ပါတယ်၊ ဘာဆက်ဖြစ်မယ်၊ ဘယ်လိုခရီးဆက်ရမယ် ကျွန်တော်တစ်ကယ့်ကို မသိ့ခဲရိုးအမှန်ပါ၊ ကျွန်တော်စိတ်တွေလည်း ဟာလာဟင်းလင်းဖြစ်ကုန်တယ်၊ ဗလာကျင်ဖြစ်နေတဲ့ နှလုံးသားကို ကျွန်တော်မေးကြည့်တယ်၊ သူဘာမှ ပြန်မဖြေဘူး....

ကျွန်တော်မေးခွန်းသုံးခွန်းက

ငါဘယ်ရောက်နေတာလဲ ?

ငါဘာဖြစ်နေပြီလဲ ?

ငါဘာ့အတွက် ရှင်သန်တာလဲ ?

ဖြေကြည့်သင်ပါတယ်.....

Monday, May 3, 2010

“ဒီလိုပါဘဲ”

အခု ဒီ post လေးကို စစချင်း ဘာမှမရေဘဲ post အလွတ်တစ်ခုအနေနဲ့ ခေါင်းစဉ်တပ်ပြီး Draft ထဲသိမ်းပြီးတော့မှ ကျွန်တော်ဘာသာ ပြုံးမိ့သေးတယ်၊ အေးပေါ့လေ ခေါင်းစဉ်ကိုက “ ဒီလိုပါဘဲ ” ဆိုမှတော့ အဲ့လောက်တော့ ဖြစ်သင့်ပါတယ်ဗျာ..

ရင်းနှီးခင်မင်ရတဲ့ အပေါင်းအသင်း မိတ်ဆွေတွေ ဆုံတွေ့တိုင်း မေးလေ့ရှိကျတယ်၊ ဟေး ဘယ်လိုလဲဗျ၊ အလုပ်အကိုင် အခြေအနေ အစစ အရာရာ အဆင်ပြေရဲ့လား ဆိုတော့ ပြန်ဖြေဖြစ်ကျတဲ့ အဖြေလေးကတော့ “ ဒီလိုပါဘဲ” တဲ့ဗျ၊ လူတိုင်းလူတိုင်း ကိုယ်ပိုင် အချိန်တွေကို အရင်းအနှီးလုပ် ဝမ်းစာအတွက်ရှာဖွေသလို၊ ရှေးရေးအတွက်စုဆောင်းနိူင်ဖို့ ကြိုစားရုန်းကန်နေရပါတယ်၊ ဒါပေမဲ့ ရုတ်တရက်အဲ့လို မေးလာရင် ဖြေစရာ အဖြေတော်တော်လေးအခက် တွေ့ရပါတယ်၊ ပိုက်ဆံအရင်းအနှီး ရှိတဲ့သူများလည်း ထို့အတူပါဘဲ အရောင်း အဝယ်တွေ ထိုင်းရင် အဲ့လိုဘဲဖြေတတ်ကျတယ်ဗျ။

အဲ့လို မေးခွန်းမျိုးကို တစ်ချို့တွေကျတော့ တိ့တိ့ကျကျ ပြန်ဖြေတတ်ကျတယ်၊ သူတို့တွေကတော့ အစောကြီးကတည်းက အကွက်ချပြီး စံနစ်တကျ စီစဉ်ထားတတ်သူတွေ ဖြစ်ပါတယ်၊ ကျွန်တော်တို့ မြန်မာ လူမျိုးတွေမှာ ပြီးစလွယ် လုပ်တပ်၊ ပြောတပ်တဲ့ အလေ့အကျင့်ဆိုးကြီးက တော်တော်လေးကို ဆိုးရွားပါတယ်၊ တိုးတက်နေတဲ့ နိူင်ငံက လူတွေဆိုရင် စီးပွားရေးတစ်ခု၊ အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် စံနစ်တကျ အစီအစဉ်တွေစွဲ တွက်ချက်ပြီးမှ လုပ်ကျ ကိုင်ကျတယ်ဗျ၊ အဲ့ဒီတော့ သူတို့တွေ အောင်မြင်တာပေါ့၊

ကျွန်တော်ကိုယ်တိုင်လည်း အဲ့လိုဘဲ လွယ်လွယ်ဖြေတတ်တဲ့ အကျင့်ဆိုးက ရှိနေပြန်ပါတယ်၊ ကျွန်တော်တို့ ဘဝမှာ အောင်မြင်ချင်ရင်တော့ စံနစ်တကျ အကွက်ချပြီး ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတဲ့ Future Plan ကောင်းကောင်းတစ်ခုရှိဖို့လို အပ်ပါတယ်၊ ကျွန်တော် ကိုယ်တိုင်လည်း ကိုယ့် Personal Calendar တစ်ခုမှာ ဘယ်အချိန် ဘယ်အတိုင်းအတာ ရောက်ရင်ဖြင့် ငါဘယ်လို လက်မှတ်ယူမယ်၊ ဘယ်စာမေးပွဲတွေဖြေမယ်၊ အဲ့ဒီစာမေးပွဲတွေ ဖြေဖို့ လေ့လာချိန် ဘယ်လောက် စသည်ဖြင့် သတ်သတ်မှတ်မှတ်၊ ကိုယ့်ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို စံနစ်တကျ အကွက်ချ ပိုင်းခြားပြီး လုပ်ဆောင်နိူင်အောင် ကျိုးစားနေပါတယ်...

အောင်မြင်တိုးတက် ချင်းသော သူငယ်ချင်းများကိုလည်း၊ စံနစ်တကျ အစီအစဉ်များရေးဆွဲ၍ မိ့မိ့လိုရာ ပန်းတိုင်ကို လျှောက်လှမ်း နိူင်ကျပါစေဗျာ....