Friday, December 6, 2019

ယူနီကုဒ်နှင့် ချစ်ကျွမ်းဝင်ခြင်း

လူတော်တော်များ ခဏခဏပြော ဖြစ်ကြတဲ့ စကားလုံးလေးတွေ အရင်ချရေးပြီး စမယ်နော်

"ဟိုမရောက် ဒီမရောက်"၊ "ဟိုဟို ဒီဒီ"၊ "တောင်တောင် အီအီ"၊ "သောင်စဉ် ရေမရ"၊

"ပိုသားကုန် မောင်ပိုစောင်းမတတ် "၊ "မတတ်ဆရာလုပ်"၊ "ဆရာ့ထက် သားတစ်လကြီး"


အပေါ်က အပြောအဆိုတွေ ယူနီကုဒ် ပြောင်းရေး မပြောင်းရေး အငြင်းပွားမှ တော်တော်အသက် ဝင်လာသလိုခံစားမိတယ်... ကျွန်တော့်ကို ယူနီကုဒ် ဘာလို့ပြောင်းတာလည်း လာမေးရင် ရေးထုံ မှန်လို့ပြောင်းပါတယ် ဖုန်းမှာရော ကွန်ပျူတာမှာပါ ပြောင်းပါတယ် စရိုက်ခါစမှ အနည်းငယ်ခက်ပေမဲလို့ ရိုက်နေကျဖြစ်သွားရင် တော်တော်လေးအဆင်ပြေပါတယ်.... 

ယူနီကုဒ်မပြောင်းရင် ဘာဖြစ်မလည်း?  သေချာတယ် ခင်ဗျား မြန်မာလူမျိုး ဖြစ်ပေ့မယ့် ရေထုံးမှန်မှန် စာမရိုက်တတ်တဲ့ "တာဇံ" ဖြစ်မှန်းမသိ ဖြစ်သွားပါလိမ့်မည်။

ယူနီကုဒ်ဟာ နောင်ဆို Language တစ်ခုအနေဖြင့် ကွန်ပျူတာ စံနစ်တော်တော် များများမှာ ထည့်သွင်းပြီးသား ဖြစ်လာပါလိမ့်မည်၊ အဲ့ဒါကြောင့် ယူနီကုဒ်များများသုံးဖိုလိုပါတယ်... ယူနီကုဒ်အကြောင်း နောက်ထပ် post တစ်ခုဖြင့် ပြန်လာပါမည်။

ယူနီကုဒ်ဆိုင်ရာ Useful Links လေးများပါ