Tuesday, August 16, 2011

ချစ်သောဧရာဝတီ အတွက် ဝိုင်းဝန်းပြီး ဆုမွန်ကောင်းတွေ တောင်းကျပါအုံးဗျို့

ကျွန်တော်တို့ ရဲ့ချစ်လှစွာသော ဧရာဝတီအတွက် ဆုမွန်ကောင်းတောင်းပေးချင်သူတိုင်း အတွက် Green Hearts ကလုပ်တဲ့ ဆုတောင်းပုံလေကို ပြန်မျှလိုက်ပါတယ်ဗျာ စိတ်ကြိုက် ဆုတောင်ပြီးတော့ greenheartsenvironment@gmail.com ကိုပေးပို့လိုက်တာနှင့် အဆိုပါအဖွဲ့အစည်း၏ Facebook Wall ပေါ်မှာ ဖော်ပြပေးမှာဖြစ်ပါတယ်... မူရင်းပုံကိုတော့ အောက်မှ Download လုပ်ယူနိူင်ပါတယ်နော်... https://www.facebook.com/pages/Green-Hearts-Environment-Network/121439927896197?sk=wall မှတစ်ဆင့်ကူးယူမျှဝေထားပါသည်...

Monday, August 8, 2011

“သွေးနဲ့ရေးတဲ့ ၈၈”

ဒီနေ့ ဒီရက် ငါဘယ်တော့မှ မမေ့
သွေးမြေကျတဲ့နေ့ မိစ္ဆာတွေမြူးတဲ့နေ့
လောဘ၊ ဒေါသ၊ မောဟတွေကြောင့်
ဇတ်တူသားစားတဲ့နေ့

ခုထိကြားနေတုန်းဘဲ
သေနတ်သံတွေ အော်ဟစ်သံတွေ
ငါတို့ရဲ့ နောင်တော်တွေ ညီအစ်ကိုတွေ
သွေးမြေကျပြီး စတေးခဲ့တဲ့နေ့

ငါ့နှလုံးအိမ်ကနေ ဦးညွတ်အလေးပြုပါတယ်
သူတို့လို ငါမစွန့်နိူ်င်ခဲ့ဘူး
စွန့်ခဲ့သူတွေ မျက်ရည်ကျချိန်
ငါတို့တွေဘာလုပ်နေကျ

ကမ္ဘာမကြေကို မဆိုနိူင်တာတောင်
နှစ်ချို့လာပြီးဆိုတော့
ရှက်မိ့ပါရဲ့...

တစ်နေဝင် တစ်နေထွက်
ရက်တွေသာကုန်လာတယ်
ခုထိ့စစ်ဖိ့နပ်အောက်က
ရုန်းမထွက်နိူင်သေးဘူး...

သွေးစည်းကျပါစို့
ညီညွတ်ကျပါစို့
တသွင်သွင်အော်နေပေမဲ့
လက်တွေ့မှာ ဘာမှဖြစ်မလာဘူး

ပိုဆိုးတာက ဘာမှန်းမသိ့တဲ့
အလံကို ငါတို့တွေ
အလေးပြုကျမှာလား

သေချာစဉ်းစာပါ
တွေးကြည့်စမ်းပါ
ရုန်းထွက်ဖို့ အချိန်တန်ပြီ
ညီနောင်တို့ရေ....

i,fjzL



Friday, August 5, 2011

နာရီ နှင့် လူ

ကျွန်တော်ချစ်တဲ့ မှော်ဆရာတစ်ပါး

ဝင်ရိုးစွန်တန်းစီက သူ့အိပ်မက်မြစ်တစ်စင်းစီကို

ရွှက်လွှင့်သွားတဲ့နေ့

ရင်ပူကို လေပူဟပ်သလို

နာရီပေါ် မျက်ရည်စတွေ ကျခဲ့ဘူးတယ်...


သူ့အသံ ဆိုဟန်နှင့်

တူရိယာတွေကို မှော်အတတ်နဲ့

အသက်သွင်း ဖန်တီးခဲ့လေသမျှ

နှစ်နှစ်ခြိုက်ခြိုက် လိုက်ဆိုခဲ့ဘူးရဲ့

ခုခါများ ကြားခြင်လည်း မကြားရ

မြင်ခြင်လည်း မမြင်ရတော့

တွေးမိ့တိုင်း မျက်ရည်ဝဲရတဲ့

အကြောင်း...

နာရီလက်တံတွေ ခရီးဆန့်လေသမျှ

ကျွန်တော့် ရင်ဘတ်ထဲမှာ

မှော်ဆရာ့ သံစဉ်တွေ

လွှမ်းမိုး ချိုမြီန်လို့ကောင်းနေတုန်း

အိပ်မက်က လန့်နိုးခဲ့ရတယ်...

ပေးဆပ်မှုတွေ တော်တော်များများ

အဲ့ဒါ နှလုံးသားတိုင်း အတွက် အဟာရတွေ

မှီဝဲသူတိုင်း နှစ်ထောင်းအားရ

ကျွန်တော်တို့တွေ မေ့နိူင်မယ်မထင်ဘူး

ကို (ကျော်မြင့်လွင်)...

ရောက်လေရာ ဘဝမှာ

သူ့ရဲ့သံစဉ်တွေနဲ့ ချိုမြစေမယ်လူ

လှပလွန်းတဲ့ စိတ်ဓာတ်တွေနဲ့

အရောင်တောက်နေမယ့်လူ

နာရီ နှင့် တူသောလူပါဗျာ...


ငယ်ဖြူ
11:34 am
25/07/2011

ရုပ်ဝထ္တုသံသရာ

ကျွန်တော်တို့ နေ့စဉ် နေ့တိုင်း မနက်မိုးလင်းကတည်းက အလုပ်ခွင်အမှီ သုတ်သုတ်သွား သုတ်သုတ်လား၊ ပျားပန်းခတ် လှုပ်ရှား အသက်ရှင်နေရတဲ့ကြားထဲကနေ ရုပ်ဝထ္တုတွေကို တပ်မက်စွဲလမ်းတဲ့ရောဂါ လူတော်တော်များများ ကူးစက်ပျံပွားနေကျပြီ ဟုဆိုလျှင် လွန်မည်မထင်။

အဲ့ဒီရောဂါထဲမှာ အပြင်းဆုံးက iPhone4 , iPad2, Tablet PC နှင့် Smart Phone များ ထိပ်ဆုံးကနေရာယူ ထားကျသည်ဆိုလျှင် မည်သူ ငြင်းချက် ထုတ်မည်နည်း?

တစ်ချို့ တော်တော် သနားစရာ အကောင်းသားဗျ သူများ " i" တိုင်း လိုက် " i" လိုက်တာ၊  ကိုယ်တိုင်က မယ်မယ်ရရ သုံးတတ်လို့ မဟုတ်၊ သီးချင်းနားထောင်ရုံ၊ ရုပ်ရှင် ကြည့်ရုံနဲ့တော့ အဲ့ဒီ စမတ် ဖုန်းတွေ မသုံးကျပါနဲ့ဗျာလို့ ပြောချင်ပေမဲ့၊ လူတိုင်း ကိုယ်စီ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိပြန်တော့ ဒီအတိုင်း ဘဲကောင်းပါတယ်ပေါ့ဗျာ....

တစ်ကယ်တမ်းတော့ ရုပ်ဝထ္တုနောက်လိုက်သည် ဖြစ်စေ၊ မလိုက်သည် ဖြစ်စေ၊ အဓိက သိ့နားလည်း သင့်တာက ကိုယ်သုံးချင်တဲ့၊ ကိုယ့်မှာ လိုအပ်နေတဲ့ အရာကို နေရာတကျ အသုံးပြုနိူင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေက အဲ့ဒီပစ္စည်းတွေကြောင့် စိတ်ဖိ့စီးမှုတွေရှိလာနိူင်ပါတယ်၊ ကိုယ်သုံးမလို့ ဝယ်ပြီးကာမှ ဟိုတွေး ဒီတွေး ၊ အပိုကုန်မှာစိုးလို့ တစ်ကယ့်လိုအပ်လို ပံ့ပိုးပေးထားတဲ့ Service တွေကို ပိတ်လိုပိတ်၊ ဟိုဟာမရ ၊ ဒီဟာမရလို့ စိတ်ညစ် အလုပ်အားတာနဲ့ အဲ့ဒီပစ္စည်းတွေကို ထိုင်ထိုင်ပြီး ကလိရတာ လူကိုမောလို့၊ အဲဒီလိုမျိုးဆိုရင်တော့

ကျွန်တော့်စိတ်ထင် အဲ့ဒါမျိုးဆိုရင် မတန်ဘူးဗျ...

ငွေကုန် လူပန်း အကျိုးမရှိ ဖြစ်ပါလိမ့်မယ်...

ကျွန်တော်ကိုယ်တိုင် မသုံးလို့၊ မသုံးနိူင်လို့ ဘေးထိုင် ဘုပြော ဝေဖန်တာမဟုတ်ပါ၊ ရုပ်ဝထ္တုပစ္စည်းတွေရဲ့ လွှမ်းမိုးမှုကို မသိ့မသာ ခံစားနေရတာ တွေ့နေရတော့ မနေနိူင် မထိုင်နိူင်ရေးဖြစ်တာပါ...

ကျွန်တော်လည်း ကြိုက်ပါတယ်၊ ဒါပေမယ့် တစ်ခုခု ဝယ်တော့မယ် သုံးတော့မယ် ဆိုရင် ကိုယ်လုပ်ချင်တာ၊ သုံးချင်တာနဲ့ ကိုက်ညီအောင် စဉ်းစား လေ့လားပြီးမှဘဲ ဝယ်ပါတယ်...

အဲ့ဒီလိုဘဲ သူငယ်ချင်းတို့ တစ်တွေလည်း ၊ Shopping Guide တွေ၊ Tech Guide တွေ သေသေချာချာ ဖတ်မှတ်ပြီး လေ့လာသင့်ပါတယ်...

ကောင်းပါတယ် နည်းပညာတွေ တိုးတက်လာတော့၊ Social Media (လှုမှုရေး မီဒီယာ) ကွန်ယက်တွေနဲ့ ဆက်သွယ်ဖို့ဆို Smart Phone တစ်လုံးရှိရုံနဲ့တင် ကမ္ဘာ ပတ်လို့ရတဲ့ အခြေ အနေဖြစ်နေပြီ...

အဲ့ဒီတော့ကာ ၊ လူမှုရေး မီဒီယာတွေကို အကျိုးရှိရှိ အသုံးချပြီး တိုးတက်ရာ တိုးတက်ကြောင်း ဆက်သွယ် အသုံးပြုနိူင် ကျပါစေလို့
ဆုမွန်ကောင်းတောင်းရင်း အဆုံးသတ်ပါရစေခင်ဗျာ...



i,fjzL