Monday, April 26, 2010

လူ့တန်ဖိုးကို ခွဲခြမ်းစိတ်ဖြာ ကြည့်ခြင်း

“တန်ရာ တန်ရာ ” နှင့် “မတူမတန်” ဆိုတဲ့ စကားနှစ်လုံး ဘယ်လိုကွာခြားသလဲ၊ လူတိုင်းလူတိုင်း မှာ ကိုယ်ပိုင် အခွင့်အရေး လုပ်ပိုင်ခွင့်၊ ပြောဆိုခွင့်ရှိမှသာ လူမည်ပါလိမ့်မယ်၊ ဒီလူတစ်ယောက်နှင့် ထိုက်တန်တယ် မတန်ဘူးဆိုတာကို လူမှု အသိုင်းအဝန်းမှာ ဘယ်လို ပေတံမျိုးနဲ့ တိုင်းတာလေ့ရှိသလဲ ဆိုတာကို စမ်းစစ်ကြည့်ကြရအောင်။

အမိ့နှင့်အဖ တို့မှမွေဖွားဆင်သက်ပေါက်ဖွားလာသော လူသားမျာပီပီ၊ ရှင်သန်နေထိုင်ရာ ပတ်ဝန်ကျင်းအသိုင်းအဝိုင်းမှ ကောင်းကျိုး ဆိုးမွေများကို ခံစားရမြဲပင်၊ ထို့အတူ မိမိ့တို့ရှင်သန် နေထိုင်ရာ ပတ်ဝန်းကျင်မှ အကျင့်စရိုက်များသည်လည်း ထိုသူများထံသို့ ကူးစက်စမြဲပင်၊ ဤသို့ဆိုလျှင် လူဆိုး၊ လူမိုက်တို့ နှင့် ပေါင်းသင်းနေထိုင်တိုင်း လူဆိုး၊ လူမိုက်ဟူ၍ ယူစ မရနိူင်ပါ၊ လူ၏အတွင်းစိတ်သည်သာလျှင် အဓိကဖြစ်ပေသည်။

လူသားမည်လျှင် အသက်အရွယ်နှင့် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို လိုက်၍ ခံယူချက်၊ ရပ်တည်ချက်၊ ရည်မှန်းချက်များ ပြောင်းလဲ တတ်ကျပေသည်။ လုပ်ငန်းပိုင်ဆိုင်ရာ အလေ့အထ များသည်လည်း လူကို ပြောင်းလဲစေတတ်ပါတသည်၊ သို့ပါ၍ အသက်အရွယ် ကြီးရင့်လာလေလေ အတွေ့အကြုံ ပိုများလာလေလေ ရင့်ကျက်မှု ပိုလာလေလေပင်ဖြစ်ပေသည်။ လူဆိုသည်မှာ အတ္တကိုယ်စိ ရှိတတ်ကျပေသည်၊ အတ္တဟူသည် လောဘ ဒေါသ မာန တို့၏ နောက်ဆုံး ရလဒ်ပင်ဖြစ်ပေလိမ့်မည်။ တစ်သီးပုဂ္ဂလဆန်သော အတ္တကြောင့် လူအများ ဒုက္ခသုက္ခ ရောက်သည်ဆိုလျှင် ထိုသူ၏ ကံကြမ္မာသည် မည်မျှဆိုးရွာလိမ့်မည်ကို ခန့်မှန်း မရနိူင်တော့ပါ၊

တစ်ချို့သောသူများကျတော့ သူတို့ရဲ့တန်ဖိုးကို ငွေကြေးနှင့်တိုင်းတာ တတ်ကျတယ်၊ သေသေချာချာ စဉ်စားကြည့် ကမ္ဘာပေါ်မှာရှိတဲ့ သန်းကြွယ်သူဌေးတွေ သေသွားတိုင်းသူတို့ ပိုင်ဆိုင်တဲ့ ငွေဘယ်လောက်များ ယူသွားနိူင်တယ်လို့ကြားဖူးပါသလဲ၊ မသေခင်ကာလမှာသာ ဥစ္စာပစ္စည်းနဲ့ ယှဉ်ပြီး မောက်မာ ထောင်လွှာနိူင်ပေမယ့်၊ သေသွားရင်တော့ အားလုံးအတူတူပါဘဲ။

"လူ+ငွေ=တန်ဖိုး???
လူ+တန်ဖိုး=ငွေ???
ငွေ+တန်ဖိုး=လူ???
ယုံကြည်မှုကို ငွေဆိုတဲ့ ပေတံနှင့်တိုင်းရင် ဘယ်လိုအဖြေထွက်မလည်း ???
အယူအစလေးတွေ အားမနာစတမ်း မန့်ခဲကြပါ....
အာလုံးတစ်နေ့ မြေကြီးထဲရောက်မှာ ငွေစကားပြောရင် ဘယ်လိုတုန့်ပြန်သင့်ပါသနည်း??? "

လူတိုင်း လူတိုင်း ကိုယ်ချင်းစာ တရားရှေ့ထား၍ ဤလောက လူ့ဘောင်ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်သင့်ပေသည် မဟုတ်ပါလား ခင်ဗျား

"လူမည်သည်ကား ထာဝရဘုရား၌ တည်လျှင် အသစ်ပြုပြင်သော အရာဖြစ်၏"

လူတိုင်းလူတိုင်း အတ္တ၊ မာန လျှော့ပါး၍ ဘုရားအလိုတော်နှင့် အညီ အချင်းချင်း စည်းလုံးညီညွတ် ရိုင်းပင်း ကူညီနိူင်ကျပါစေ...

Friday, April 23, 2010

ကျွန်တော်နှင့် မသက်ဆိုင်သော အတွေးအခေါ်များ...

၁။ ဝတ်အစား ဝတ်ဆင်မှုဆိုင်ရာ ခံယူချက် အတွေးခေါ်နှင့်ပတ်သက်၍

ကျွန်တော်တို့ မြန်မာလူမျိုး အများစုမှာ ပြည်ပရောက်ရင် ကိုယ့်လူမျိုး ဝတ်စားဆင်ယင်မှု နဲ့ပတ်သက်ရင် အယူလွဲတတ်ကျတယ်ဗျ၊ ဘယ်နေရာရောက်ရောက် တော်သင့်ရုံ သေသေသပ်သပ်နဲ့ ဝတ်စားဆင်ယင်ဖို့ အဓိကကျပါတယ်၊ ဘယ်ဟာမဝတ်ရဘူး ဘယ်ဟာဘဲဝတ်ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုး ကျွန်တော်လုံး၀ မနှစ်သက်ပါဘူး၊ မှားနေတယ်လို့ ယူဆပါတယ်၊ အဲ့ဒီအရပ်ဒေသနဲ့ မလိုက်ဘက်တဲ့ မြန်မာဆန်ဆန် အကီၤျ လုံချည် ဝတ်စား ဆင်ယင်သူကို မှားယွင်းစွာ လှောင်ပြောင်ကျသည်မှာ အလွန်တရားမှားယွင်းသော အတွေးအခေါ်အယူအဆဖြစ်ပေသည်။

၂။ ဘာသာရေးဆိုင်ရာ အယူသီးမှုနှင့် ခံယူမှုပြင်းထန်ခြင်းနှင့်ပတ်သက်၍

လူမည်လျှင် မိ့မိ့တို့ ယုံကြည်သက်ဝင်ကိုးကွယ်ရာ ဘာသာကိုစီရှိကျသည်၊ မိ့မိ့ ယုံကြည်ကိုးကွယ် သောဘာသာအား သူတစ်ပါး ယုံကြည်သက်ဝင်အောင် တရာလွန်း ဟောပြော စည်းရုံးခြင်း၊ သူတစ်ပါးယုံကြည်ချက်အပေါ် တစ်ဖက်သက် ယူစတွေးခေါ်ခြင်း မလုပ်အပ် မလုပ်သင့်ပေ၊ လူတိုင်း လူတိုင်း ဘာသာတရား အဆုံးအမ လိုအပ်သည် ရှိအပ်ပါသည်၊ သို့ပါသော်လည်း လိုအပ်သည်ထက် ပိုလွန်းပါကလည်း မလိုလားအပ်သော အငြင်းပွားစရာ ကွဲလွဲစရာများ ကို ဖြေရှင်းရခက်တတ်ပါသည်။

၃။ ဗေဒင်၊ ရှေးဖြစ် အကြားအမြင် အပေါ် အလွန်အမင် ယုံကြည်သက်ဝင်ခံစားမှု

လူတိုင်း မိ့မိ့အကြောင်း မိ့မိ့ထက်ကို ပိုသိ့နိူင်သောသူကို ပိုအထင်ကြီးတတ်ပေသည်၊ ဤသည်မှာ ထိုသူတို့၏ ပညာပါရမီ ဖြစ်ကောင်းဖြစ်ပေမည်၊ သို့သော် ထိုကဲ့သို့သော အရာများအပေါ်တွင် အလွန်အမင်း စွဲလန်းပါကလည်း ဘဝပျက်မတတ် ခံစားရနိူင်ပေသည်၊ ဘုရားမှ လွဲ၍ မိ့မိ့ထက် မိ့မိ့အကြောင်းကို ပိုသိ့နိူင်သူ ရှိမည်ဟုမထင်ပါ၊ ပညာရှင်များကို စော်ကားခြင်းမဟုတ်၊ ယုတ္တိ တန်စွာ စဉ်းစား ဆင်ခြင် မှုသာဖြစ်ပါသည်။


၄။ သိမ်ငယ်နိမ့်ပါးသူများအပေါ် အထင်သေးအမြင်သေး မောက်မောက်မာမာ ဆက်ဆံခြင်းနှင့်ပတ်သက်၍

ဘာလဲဗျာ ဇာတ်နိမ့်၊ ဇာတ်မြင့်၊ အီဖဲလ် မျော်စင်ပေါ်တက်နေမှ အဆင့်အတန်းမြင့်မှာလား၊ ဖိုက်စတား ဟိုတယ် တက်စားမှလား၊ သိန်ထောင်ချီတဲ့ ဇိမ်ခံကား စီးနိူင်မှလား၊ နောက်ဆုံး လူဟာလူဘဲ ဆိုက်ကားဆရာလည်းလူဘဲ၊ သူဌေးသားလည်းလူဘဲ ပစ္စည်း ဥစ္စာ မကြွယ်ဝပေမဲ့ စိတ်ချမ်းသာဖို့ အရေးကြီးတယ်၊ အရမ်းချမ်းသားပြီ ဥစ္စာမာန မောက်မာနေရင် လူမဟုတ်ဘူး၊ အောက်ခြေလွတ်နေတဲ့ “လွတ်” ဖြစ်မယ်၊ အားရှိတိုင်း လေပေါ်မှာ နေချင်တာကိုးဗျ၊ မကြာသေးခင်ကဘဲ သန်းကြွယ်သူဌေး တစ်ယောက် ရှိသမျှအကုန်လှူပြီး စိတ်ချမ်းသာ အောင်နေတယ်ဆိုဘဲ၊ သူကဘဝရဲ့ စစ်မှန်တဲ့ အတွေးအခေါ်ကို ရသွားလို့ဖြစ်မယ်၊ ပြောမယ့်သာပြောတယ် ကျွန်တော် ကိုယ်တိုင်လည်း အတ္တတော့ သိပ်မကင်းပေဘူးဗျ၊ လူထဲက လူဘဲလေဗျာ၊ ဒါပေမဲ့ အတ္တမကြီးဖို့ အရေးကြီးတယ်။ ပြောချင်တာကို လူတိုင်းကို လူလူသူသူ ဆက်ဆံတတ်ရင် ကိုယ်လည်း စိတ်ချမ်းသာသလို၊ ကိုယ့်ပတ်ဝန်ကျင်းလည်း အေးချမ်းမယ်ဗျာ။ လူကို လူလို ဆက်ဆံပေါင်းသင်း ဆက်ဆံနိူင်ကျပါစေ။

၅။ တစ်ပါးသူများအပေါ် အလွန်အမင်း ယုံကြည် စိတ်ချခြင်းနှင့်ပတ်သက်၍

ခက်တယ်ဗျာ ကျွန်တော်ကိုယ် ကျွန်တော် တော်တော်လေးကို စိတ်ကုန်တယ်။ လူတိုင်း လူတိုင်းကို ကိုယ်လိုချည်းဘဲတွေး ထင်တတ်တာကိုးက ကျွန်တော့်အားနည်းချက်ပါဗျာ၊ ကိုယ်က အကောင်းဆုံ့း အတတ်နိူင်ဆုံး ပေးဆပ်ပေမယ့်၊ ကိုယ့်ကို ကောင်းကောင်း ဆုံးမသွားတဲ့ သူတွေချည်းဘဲဗျ၊ အဲ့ဒီတော့လည်း နောင်များဆိုရင်တော့၊ အတတ်နိူင်ဆုံး အဲ့ဒီအတွေးအခေါ်မျိုးကို မစဉ်းစာ မတွေးခေါ်ဘဲ ချင့်ချိန်ရပါတော့မယ်။

၆။ မထားသင့်သော မာနများနှင့် ပတ်သက်၍

မာနဆိုတာ ကိုယ့်ကို ကိုယ် အခြောက်တိုက် အထင်ကြီးခြင်း တစ်မျိုးဟူ၍ ကျွန်တော်ခံစားမိ့ပါသည်။ မာနဟူလျှင် မကောင်းသော အချက်များသာ ပါဝင်စီးမျှောနေတတ်ပါသည်။ ပညာရှိမာန၊ ပညာမဲ့မာန ဟူ၍ လူများခေါ်ဝေါ်သမုတ်တတ်ကျပါသည်။ ပညတတ်ခြင်း၊ မတတ်ခြင်းသည် လူမှုပါတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့်သာ အဓိက တိုက်ရိုက် အချိုးကျ သက်ဆိုင်ပါသည်။ မိ့မိ့ကိုယ်တိုင် ကိုက ပညာ လိုလားလျှင်လည်း ထူးချွန် ဖြစ်မြောက်နိူင်စွမ်း လူတိုင်း လူတိုင်း အတွက် အသင့်ရှိနေပါသည်။ မာနမီး လောင်မြိုက်ပါက အဘယ်ကဲ့သို့သော ဆေးမျှ ကူညီခြင်းကာ မတတ်စွမ်းနိူင်ရာ။ မာနဆိုသည်ကာ အတ္တကြီးခြင်း၏ နောက်ဆက်တွဲ ကိုယ်ပွားပင်ဖြစ်ပေတော့သည်။

၇။ မှားယွင်းသော အလှူဒါနများနှင့် ပတ်သက်၍

မရှိ့လိုမလှူ၊ မလှူလို့မရှိတဲ့ဗျ...

ရှိတဲ့လူတွေကလည်း ကိုယ့်ဂုဏ်တက်ဖို့ အတ္တကိုရှေ့တန်းတင်၊ ပကာသနတွေကို ဦးစားပေး သဒ္ဒါတရား ထက်သန် ချင်ယောင် ဆောင်ပြီး အလှူအတန်းကြီးများ ထမင်းရေချောင်းစီး မောင်းတီးပြီး လှူကျလေရဲ့၊ ကျွန်တော့်အထင်တော့ မုဆိုးမအိမ်က ထွက်လောင်းတဲ့ အာရုံ ဆွမ်းလောက် မမွန်မြတ်ပေးဘူးနော်၊ လှူကတည်းကိုက စေတနာသုံးတန် ပြတ်မှ မပြတ်ပေဘဲကိုးဗျ၊ ငါ့ရှိလို့ ငါလှူတာ ဆိုတာကလည်းပါသေးတယ်၊ စေတနာပါမှ လှူတာ ပိုထိ့ရောက်ပါတယ်၊ အလှူခံတဲ့ပုဂိုလ်ရော၊ အလှူပြုတဲ့သူပါ အဲ့ဒါမှ ဒါနမြောက်ပေမပေါ့ဗျ။ ခုတော့ဗျာ ခက်နေတာက အလှူခံတဲ့သူကလည်း ဒေါ်လာပါမှ၊ လှူတဲ့သူကလည်း ငါ့မိုလို့ ဒေါ်လာလှူတာ ဆိုသလိုမျိုးတွေ့တွေ့ နေရသကိုးဗျ၊ ခက်တော့ နေပြီ ဒေါ်လှရေ...

Thursday, April 22, 2010

ငါပိုက်ဆံအတွက် Blog မရေးဘူး...
ဂုဏ်သိက္ခာအတွက် မရေးဘူး...
စည်းလွတ်ဝါးလွတ်လည်း မရေးဘူး...

ရူးသွပ်စွာရေးမယ်။
ငတ်မွတ်စွာရေးမယ်။
အမှန်တရားတွေရေးမယ်။

ငါရေးတာ ငါ့ကိုယ်ပိုင်ခံစားချက်၊ တွေ့ရှိချက် နဲ့ ငါကျွမ်းကျင်တာကို ချပြတာဖြစ်တယ်၊ ဘယ်တော့မှ သွေဖည်းပြီးလည်း ရေးဖြစ်မယ်မထင်ဘူး၊ ငါ့ကိုလှောင်ပြောင်နိူင်တယ်၊ သရော်နိူင်တယ်၊ ဝေဖန်နိူင်တယ်၊ တားစီး ပိတ်ပင်ခွင့်တော့ ဘယ်သူမျှမရှိ။

ထောက်ပြဝေဖန်တာကို ငါငံလင့်တယ်၊ မျှော်လင့်တောင်းတတယ်၊ ကြိုဆိုပါတယ်။

အသုံးအနှုန်းတွေ မာထန်ကောင်း မာထန်မယ်၊ မာနတက်တာမဟုတ်၊ ပြတ်သားခြင်းမျှသာဖြစ်တယ်၊ မပြတ်သားရင် ခံစားရမယ့် အတိုင်းအတာ ဘယ်လောက်ထိ့ရှိမလဲ ငါ့ကိုယ်တိုင်မသိ့၊ ခုရှုပ်မှ နောင်ရှင်းမယ်အဖြစ်မျိုးမို့ ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ဖော် ပြထားတာဖြစ်တယ်၊

ဆယ်စုနှစ် တော်တော်များများကို ငါဖြတ်ကျော်လာခဲပြီ၊ ခုထိငါ့ ဘာမှ မဖြစ်သေးဘူး၊ ဘယ်မှ မရောက်သေးဘူး မကျေနပ်ရင်တော့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်ရုံဘဲရှိတယ်၊ ငါတို့ဘာလို့ အဲ့လို ဖြစ်ခဲ့တာလဲ၊

စေ့စေ့တွေး ရေးရေးပေါ်ဆိုသလို အဲ့ဒီခေါင်မိုး မလုံတဲ့ကိစ္စဘဲ ပြန်ပြန်ရောက်လာတယ်၊ ဒီကြားထဲ လေကတိုက်လိုက်သေးတယ်၊ မလုံတဲ့ ဒီခေါင်းမိုး လေနဲ့ ပါသွားတာမှ အေးသေးတယ်၊ အခုထက်ထိ ဒီလောင်းရိပ်အောက်က ငါတို့ မလွတ်မြောက်နိူင်သေးဘူး၊

စာများများဖတ်ပါ၊ လူမှန်နေရာမှန် တွေးခေါ် ချင့်ချိန်စဉ်းစားပါ၊ မှန်တာပြော ဟုတ်တာလုပ်နေတာကို ထောက်ခံသင့်ပါတယ်၊ ရင်ထဲက ဆန္ဒတွေ ပြန်မျိုမချနဲ့ ကိုယ့်လူတို့ရေ၊ ဖွင့်ဟထုတ်ဖော်မှ အဲ့ဒီအသီးအပွင့်ကို ခံစားရမယ် မဟုတ်လား။

သေချာတာ ငါကတော့ ရပ်မနေဘူး၊ လက်တွေလှုပ်နေတယ်၊ ခေါင်းကစဉ်းစားတယ် အချိန်ရှိတိုင်းပေါ့လေ၊ ဒီသမုဒ္ဒရာ ဝမ်းတထွာ အတွက်လည်း လှုပ်ရှားရုန်းကန် ရင်းနဲ့ပေါ့။

ညီညွတ်စွာနဲ့ တွန်းလှန်ကျပါ၊ ဒီအတိုင်းနေရင် ခင်ဗျားတို့မျိုးဆက်တွေ ဒုက္ခများမယ်၊ အသိ့ပညာမဲ့မယ် နောက်ဆုံးဗျာ လူမျိုးတုံးမယ်...

ဘယ်နေရာ ဘယ်ဒေသရောက်ရောက် မျက်နှာငယ်ရမယ်၊ ကောင်းတာ တစ်ခုမှ မရှိ့ဘူး၊ ပိုဆိုးတာက လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်ကို လုံးဝအတိတ်မေ့သလို၊ တောင်းဆိုရကောင်းမှန်း သိ့မှာ မဟုတ်တော့ပါဘဲ။

အမှန်ကို အမှန်တိုင်း မြင်နိူင်ပြီး၊ ကြိုးစားတွန်းလှန်နိူင်ကျပါစေ

အားလုံးငြိမ်းချမ်းကျပါစေ....

Wednesday, April 21, 2010

Deposit ကစတယ်....

ကျွန်တော်ကံဇာတာ တက်လာတာပေါ့ဗျာ

ဆွေးမျိုးနီးစပ် ညီတစ်ယောက် ကျောင်းလာတက်တယ်ဗျာ၊ မလာခင် ကတည်းက အခန်းရှာပေးရတယ်၊ ပြီးတော့ လေဆိပ်သွားကြိုပြီး အခန်းလိုက်ပို့ပေးရတယ်၊ နောက်တော့ အတူတူနေဖို့ဖြစ်လာတယ် တတ်နိူင်ရင်ကျွန်တော်က ကိုယ့်ထက် အသက်ငယ်သူတွေနှင့် တရင်းတနှီး မနေချင်ပါ၊ အရိုအသေတန်မှာစိုးလို့လေ ကျွန်တော်ကိုယ်တိုင်လည်း လူကြီးတစ်ယောက်လို့ ခန့်ခန့်နဲ့ စန့်စန့်ကြီး မနေချင်တာလည်းပါမှာပေါ့လေ။ အဲဒီလိုနဲ့ အတူတူနေမှ စရိုက်ကပေါ်လာတယ် အကြောင်းလည်း ပိုသိ့လာတယ်၊ ပျင်းလိုက်တာမှလွန်ရော
စားသောက်ပြီးတဲ့ ပုဂံခွက်ယောက်တွေကို တော့ဆေးကြောပါရဲ့၊ ချက်ပြုတ်ပြီး ဒီအတိုင်းထားတယ် တစ်ခါတစ်လေ မှိုတောင်တက်တယ်၊ ထမင်းသိုးတာကတော့ အရည်ကိုထွက်လို့၊ နောက်ဆုံးတော့ ဒီငပွကြီးဘဲ အကုန်လိုက်ရှင်းရတယ်၊ အလုပ်ကမောမော ပန်းပန်း ပြန်လာတိုင်း အဲ့ဒါကို ရှင်းလင်းရေးလုပ်ရတယ်ဗျ၊ ကျွန်တော် တစ်ခါမှ အပြစ်တင် စကား မပြောလိုက်ပါဘူးနော်။

အဲ့လိုနဲ့ ဖုန်းလိုင်းလျှောက်ချင်တယ် ဆိုတော့ သွားလျှောက်ကျတယ်၊ ကျောင်းသားဆိုရင် Deposit ၂၀၀ တင်ရမယ်ဆိုလို့၊ ကျွန်တော်ဘဲဖုန်းလျှောက်ပေးလိုက်ပါတယ်၊ ဖုန်းစာချုပ်က ၂ နှစ် သက်တမ်းဆိုတော့၊ မလုပ်ခင်ကတည်းက နှုတ်ကတိ့နဲ့ နောင်ဖြစ်လာမယ့် အရာတွေကို တာဝန်ယူပါတယ်လို့ ပြောလာတော့၊ မျက်စိ့မှိတ်ပြီး လုပ်ပေးလိုက်မိတယ်၊ အဲ့ဒီ Deposit ကစတာဘဲ....

၁ နှစ်ကျော်ကျော်လေးမှာ ကျောင်းပြီးသွားတော့၊ ဖုန်းလိုင်းပိတ်ဖို့ တွန်းတွန်းတိုက်တိုက်ပြော ပေမယ့် တစ်ကယ်တန်း ပြန်ခါနီးကျတော့ သူ့လက်ထဲ ပိုက်ဆံလက်ကျန် နည်းမှာ စိုးတာနဲ့ ဖုန်းလိုင်မပိတ်ဘဲ ၂ လ၊ ၃ လ လောက် ခေတ္တ ရပ်ထားခဲ့တယ်၊ လိုင်းပြန်ပွင့်တာနဲ့ ကျွန်တော့်စီကို Reminder နဲ့ Bill တွေတန်းစီလာတော့တာဘဲ၊ နောက်ဆုံး Bill ကို မေးလ်ပို့လိုက်သေးတယ်၊ ရှေ့နေရုံးက စာလာရင်တော့ မင်းရှင်းရမှာလို့ပြောတော့၊ အဲဒီအထိ့ကို အေးအေးဆေးဆေးဘဲ။

နောက်ဆုံးသတိ့ပေးစာ ပို့ပြီးရှင်းဖို့ပြောတော့မှ ဇာတ့ိကစတာဘဲ၊ ဧပြီလ သင်္ကြန်ပြီးမှ ပေးပါရစေတဲ့၊ ဘယ်လိုမှ မဖြစ်နိူင်ဘူး ကျွန်တော်စွဲဆန့်လာတဲ့ အချိန်တွေကများပြီ၊ နောက်ဆုံးတော့ ကျွန်တော်ကဘဲ လူလည်ကျပြီး မတော်မတရားလုပ်သလို ဖြစ်ကုန်ရော၊
မိ့ဘများ သားသမီးစကား ရုံတော့ စုံလုံးကန်းဆိုသလိုပေါ့လေ၊ ကျွန်တော့်ကို စစ်မယ်ဆေးမယ်ဖြစ်ကုန်ရော၊ ကျွန်တော်ကလည်း ရှိသမျှ စာရွက်စာတမ်း အပြည့်အစုံ ပို့ပေးလိုက်ပါတယ်၊ နောက်ဆက်တွဲ ရလဒ်ကတော့ ကျွန်တော့် သိက္ခာထိ့ခိုက်မယ် စကားတွေကို သပုတ်လေလွင့် ယောကျာ်းတန်မဲ့ ပြောကုန်ရောဗျာ၊ ပိုက်ဆံရှိတိုင်း အရာရာကို အနိူင်ရလိမ့်မယ်လို့ ထင်ထားရင်မှားမှာပေါ့၊ ကိုယ့်စေတနာ ကိုယ်အကျိုးပေးမှာပါဘဲ၊

အဲလိုနဲ့ စောင့်လာလိုက်တာ တစ်လကျော်ကျော်ကြာသွားတယ်၊ ကျွန်တော်ယုံကြည်ရတဲ့ အဲ့ဒီကောင်လေးရဲ့ အဖေကပါ ရှောင်ပြေးပါတော့တယ်၊ အော် ပိုက်ဆံရှိတဲ့ လူတွေများ ပိုက်ဆံနဲ့ ပတ်သက်လာရင် လိမ်ဖို့ ဝန်မလေးကျပါလား လို့ ကျွန်တော် ကောက်ချက်ချမိ့တယ်၊ ကျွန်တော့်ကိုယ်နှိုက်က သူတစ်ပါး အပေါ်မှာ သဘောထားပြည့်ဝလွန်းတာပါလေ၊ ဘယ်သူမပြု မိ့မိ့မှု ကိုယ့်ဘာသာ ကိုယ်ဘဲရှင်းလိုက်ရပါတော့တယ်ဗျာ။

Saturday, April 17, 2010

စိတ်ဓာတ် Pollution (Ethic Pollution)

လေထုညစ်ငြမ်းတာ၊ ရေထုညစ်ငြမ်းတာ ထက် စိတ်ဓာတ်တွေ ညစ်ငြမ်း ကြမ်းတမ်းကုန်တာက ပိုပြီးဆုံးရှုံးမှုပိုများပါတယ်၊ ကျွန်တော်တို့ အမြဲပြောလေ့ရှိကျတယ် “လူ့သဘာ၀ ဘဲလေ”ဆိုတဲ့စကားတစ်ခွန်း သေသေချာချာ ပြန်တွေကြည့်ရင်၊ မဟုတ်တာ လုပ်ပြီးမှ အဲ့ဒီခေါင်းစဉ်ကို တပ်မယ်ဆိုရင်တော့၊ အတော်လေးကို လွဲချော်နေသလိုခံစားရပါတယ်၊

တစ်ချို့ကျတော့ ပိုက်ဆံချမ်းသာတယ် စိတ်ဓာတ် အောက်တန်းကျတယ်၊ ယုတ်မာတယ်။ သက်ဆိုးရှည်တယ်ဗျ။

တစ်ချို့ကျပြန်တော့လည်း ဆင်းရဲတယ်၊ စိတ်ထားမြင့်မြတ်တယ်၊ စိတ်ချမ်းသာတယ်၊ အသက်မရှည်တတ်ဘူး။

လူဆိုတာ သဘာဝပတ်ဝန်းကျင်အလိုက် မှီတင်းနေထိုင်ပြီး အပြန်အလှန် လေးစား၊ စာနာမှု ရှိမှသာလျှင် ဤလောကလူဘောင် အတွင်းဝယ် သာယာချမ်းမြေ့သော နေများစွာ ပေါ်ပေါက်လာမှာ အမှန်ပင်ဖြစ်ပေသည်။

Friday, April 9, 2010

ကျွန်တော်နှစ်သက် ခုံမင်သောအရာများ

ကမ္ဘာကြီး လုံးသလား၊ ပြားသလား ကျွန်တော်မသိ့ချင်ဘူး

သူ့ကိုချစ်တတ်ဖို့ဘဲ ကျွန်တော်ကြိုးစားတယ်ဗျ...

အဲ့လိုဘဲ ငှက်အမျိုးအစား တော်တော်များများကို ကျွန်တော်ကွဲကွဲပြားပြား

မသိ့မေယ့်၊ သူတို့ကို ရှာရှာဖွေဖွေလိုက်ကြည့်ရတာကို ကျွန်တော်နှစ်သက်တယ်...

ဂစ်တာတစ်လက်နဲ့ သံစဉ်ရှာပြီး သီးချင်း မစပ်တတ်ပေမယ့်

ရစ်သမ်ညက်ညက်ကလေးခေါက်ပြီ သီချင်းငြီးနေရတာကိုလည်း ခုံမင်ပါတယ်.....

ကင်မရာ အကောင်းစားတစ်လုံး လွယ်ပြီး စတိုင်ကျကျရှိုးမထုတ်နိူင်ပေမယ့်

သဘာဝထဲက ပြန်မရယ် ပုံရိပ်တွေကို ဖမ်းယူထားနိူင်တဲ့အတွက် ကျွန်တော်နှစ်ခြိုက်ပါတယ်...

အဲလိုဘဲ စိတ်တိုင်းကျ အလိုရှိရာ စကားလုံးတွေကို ရေးတင်ထားနိူင်တဲ့

Blogger စာမျက်နှာတွေကို ကျွန်တော်မြတ်နိုးတယ်.....

သင်္ကြန်ဘယ်လဲ ? သင်္ကြန်ဘာလဲ ?

ဆောင်းအကုန် နွေအကူ ပူပြင်းလှတဲ့ရာသီမှာ၊ လူတိုင်းလူတိုင်း အပူတွေငြိမ်းစေဖို့ မြန်မာ့ နှစ်ကူး အတာသင်္ကြန် အချိန်အခါ ရောက်လို့ လာပြန်ပါပြီ၊ နေရာ ဒေသအလိုက် ရိုးရာ အတာသင်္ကြန်ဆင်နွှဲပုံ ကွားခြားတာ မြန်မာလူမျိုးတိုင်းသိ့ပြီးဖြစ်ပေသည်။

သို့သော်...

ကျွန်တော်ဒီမှာတွေ့ နေတာကတော့ မထူးပါဘူး၊ မူးပြဲကွဲပြီး ကျွဲတွေလို့ ရွှံလူးနေကျတာဟာ တော်တော်လေး စိတ်ညစ်စရာကောင်းသလို့ သရုပ်ပျက်လှပါတယ်၊ ကိုယ့်ရိုးရာ ယာဉ်ကျေးမှုကို ထိန်းသိမ်းရမယ့်အစား အခုလိုအရှက်မဲ့တဲ့ အလုပ်မျိုးကို ဘာလို့များ လုပ်နေကျပါလိမ့်လို့ တွေးမိ့တယ်။

တို့ဘိုးဘွားတွေရဲ့ နှစ်သစ်ကူ အတာသင်္ကြန်မှာ DJ မပါဘူး၊ Whiskey မပါဘူး၊ ခွက်စောင်းခုတ်တာ မပါဘူး၊ ရွှံလူးတာ မပါဘူး၊ ငွေခွက်ထဲက နံ့သာရေကို သပြေခက်နဲ့ ပက်တဲ့ ချစ်စရာ အလေ့အထ ဘယ်ပျောက်ကုန်ပြီ မသိ့....

ဒိမယ် ကိုယ့်လူတို သောက်ချင်ရင် ခေါင်းစဉ်တပ်စရာမလိုဘူး ပိုက်ဆံရှိလို့ကတော့ ပုလင်းလဲ လူလဲစွဲလို့ရတယ်၊ မရောထွေးပါနဲ့၊ မဖျက်စီးပါနဲ့။

သင်္ကြန်ရဲ့ အေးချမ်းခြင်း ပုံရိပ်ကို အပူတွေလောင်းမထည့်ပါနဲ့၊


အေးချမ်းပါစေ သင်္ကြန်ရေ...

Sunday, April 4, 2010

“ည”ကို ရင်ခွဲကြည့်ခြင်း

ညကတဖြည်းဖြည်း နက်လာပြီ၊ ကျွန်တော်အိပ်မပျော်သေးဘူး၊ ထထိုင်ပြီး စာရေးဖို့ကြိုးစားတော့လည်း ခေါင်းထဲက ဘာမှ ထွက်မလာဘူး၊ ကိုယ့်ရင်ဘတ် ကိုယ်ငုံကြည့်တော့ အိပ်ချင်မူးတူး ဖြစ်နေလေရဲ့.....

သူအိပ်ချင်ပေမဲ့ ကျွန်တော်က အိပ်ပျော်ဖို့ စိတ်ကူးလို့တောင်မရဘူး ဖြစ်နေတာ့၊ အခန်းထောင့်က စာကြည့်စားပွဲစီ ခြေထောက်တွေ သယ်ဆောင်ရာ အလိုက်သင့် သွားထိုင်လိုက်မိ့ပါတယ်၊ လက်တွေကလည်း သူအလိုလို ကျွန်ပျူတာ မော်နီတာကို ဖွင့်ပြီးသား တစ်ဆည်တည်း ဆိုသလိုမျိုး ခေါင်းထဲက စာသားတစ်ချို့ထွက်ကျလာတယ်၊ စာစရိုက်မလို့ လုပ်နေတုန်း ကျွန်တော်စိတ်ထဲ တစ်မျိုးလေးဖြစ်သွားသမို့ ကျွန်တော့်ရဲ့ ညာဘက်အခန်းထောင့်ကို သေသေချာချာ စူးစိုက်ကြည့်မိ့တယ်၊ သေချာပါတယ် လူတစ်ယောက် ကြုံကြုံလေးထိုင်နေတယ်၊ နောက်တစ်ခု ပိုသေချာတာကတော့ အဲ့ဒီကောင် သူခိုးလုံးဝမဖြစ်နိူင်ဘူးဗျ၊ သူရောက်နေတာ တော်တော်လေးကြာ နေပြီဗျ၊ ကျွန်တော်သတိ့ မထားမိ့လိုဖြစ်လိမ်မယ်။

ဒါနဲ့ကျွန်တော်လည်း

“ဟေး ... မင်းဘယ်သူလဲ၊ ဘာဖြစ်လို့ ငါ့အိပ်ခန်းထဲရောက်နေရတာလဲ”

ဘာမှပြန်မဖြေဘူး၊ ပေကပ်ကပ်လုပ်နေတယ်၊ ကျွန်တော်လည်း Flash Light ယူပြီး ထိုးမယ်လုပ်တော့မှ၊

“ဟေ့လူ ... ဓာတ်မိးနဲ့တော့မထိုးပါနဲ့ဗျာ၊ ကျွန်တော် တစ်ခါတည်း မာလကီးယားသွားလိမ့်မယ်ဗျ၊ ကျွန်တော်က...” “ည” ပါ....

“ဟေး..... မင်းစိတ်မှကောင်းသေးရဲ့လားကွ”

“ဟုတ်ပါတယ် ကျွန်တော် ည ပါ”

ခက်တော့နေပါပြီ၊ ဒီအရူးတစ်ကောင် ဘယ်လို လုပ်ပြီး အခန်းထဲဝင်လာပါလိမ့်၊ အလိမ္မာသုံးမှ ဖြစ်မယ်....

“ဒါဆိုလဲကောင်းပြီ မင်းဘာလို့ ငါ့အခန်းထဲဝင်လာပြီး ခုလိုတိတ်တိတ်လေး ထိုင်နေရတာလဲ”

“ကျွန်တော် တွေ့ကရာတွေသွားစားပြီး၊ ဗိုက်ထဲအခံရခက်တာနဲ့၊ ဂျွမ်းထိုးလိုက်တာဗျ၊ အထိုးလွန်ပြီး ခင်ဗျား အခန်းထဲရောက်လာတာဘဲ”

“ပြန်ထွက်မယ်လုပ်တော့၊ ခင်ဗျား အခန်းဝက အဘိုးကြီးက ပေးမထွက်ဘူး”

ဟေး.. ကြားသားမိုးကြိုး ငါလည်း ဘယ်သူ့ကိုမှ အိပ်ဖန်စောင့် မခန့်ထားရပါကလား၊ ခက်တော့နေပြီ

အိပ်ချင်စိတ်တို့ ဘယ်လို့ အငွေ့ပျံသွားသည် မသိ့။

“မင်း ဝင်လာတုန်းက ဂျွမ်းထိုးဝင်လာရင် ဂျွမ်းထိုးပြီး ပြန်ထွက်သွားပေါ့ကွ...”

“ဟုတ်သားဘဲ.... ကျွန်တော်ကြိုးစား ကြည့်လိုက်ဦးမယ်”

ဒုန်း ဒုန်း ဂ လုန်း......

ဟိုက် အကျိုးနည်း ဘယ်ကဘယ်လို ရောက်လည်သည် မသိ့သသေား Royal Whiskey ပုလင်းပြားလေး ကျွန်တော့ ခြေထောက်နား လာကျတယ်လေ...

“ကဲ ခင်းဗျားတွေ့ပြီးလား အဲ့ဒါ ကျွန်တော့်ဗိုက်ထဲက ထွက်ကျလာတာဗျ၊ ဘာတွေးမှန်း မသိ့ဘူး စွတ်ရွတ်ပြီး ဝါးမိ့တာ”
“ အခုတော့ ဒုက္ခရောက်ပြီး၊ ခင်ဗျား အခန်းထဲရောက်ကတည်း ကဘာဖြစ်တယ် မသိ့ဘူး၊ ကျွန်တော်ဂျွမ်းထိုးလိုမရတော့ဘူး”
“ထိုးလိုက်တိုင်း ဇောက်ထိုးကြီးဖြစ်ပြီး ရပ်ရပ်သွားတယ်”
“အဲ့လို ထွက်ကျလာတာတော့ ပထမဆုံး အကြိမ်ဘဲ”

ဘုရားရေ၊ သူပြောတာတွေ နားထောင်ပြီး ကျွန်တော်တောင် ရူးကြောင်ကြောင် ဖြစ်လာသလိုဘဲ...

ကြောက်စိတ်တော့ မဝင်မိ့ဘူး၊ ထူးထူးဆန်းဆန်း ဆိုစိတ်ဝင်စားတတ်တဲ့ အကျင့်ကြောင့်ထင်တယ်၊ ထပ်မေးမိ့တယ်...

“ဟုတ်ပါပြီ၊ ဒါဆို မင်းဗိုက်ထဲမှာ ခုနပုလင်းပြားလေး လိုမျိုး အရာဝတ္ထုပညစ္စည်းတွေ ဘယ်လောက်ရှိနေသေလဲ”

“အင်း အနည်း ဆုံးခြောက်မျိုးလောက်တော့ ကျန်နေဦးမယ်ဗျ”

ဒီတစ်ခါတော့ ကျွန်တော်လည်း မျက်လုံးပြူးသွားတယ်ဗျာ..

“ခင်ဗျား မျက်လုံးကြီး အဲ့လိုပြူးနေတာ တော်တော်ရီစရာ ကောင်းတယ်နော်” တဲ့

သေတော့မှာဘဲ၊ အရေးထဲ အဲ့ဒီ “ည”ဆိုတဲ့ကောင်က ရီနေသေးတယ်၊ သတိ့ထားမိ့တာ သူ့ရီသံကိုက ခြောက်ခြောက် ကပ်ကပ်ဖြစ်နေတယ် ဆိုတာကိုဘဲ....

“မင်းကရီနိူင်သေးတယ်နော်၊ ငါမင်းကို ဘယ်လို ကူညီရမလဲ လို့စဉ်းစားနေတာဟ”

“အေးဗျာ တစ်ခုတော့ရှိတယ်၊ ခင်ဗျားမရွံတတ်ဘူး ဆိုရင်တော့ ကျွန်တော့်ရင်ဘတ်ထဲကနေ တစ်ခုပြီး တစ်ခု နှိုတ်ထုတ်ပေးပါလားဗျာ”

“ကျေးဇူးတင်လို့ကို ဆုံးမှာမဟုတ်ဘူး”

အရေးထဲ ကျေးဇူးတွေလှိမ့်တင်နေပြန်ပါပြီ၊ ကျွန်တော် အပြေးအလွှား စဉ်းစားနေတာက တစ်ခါသုံးလက်အိတ်တွေ ဘယ်နားမှာပါလိမ့် ဆိုတာကိုဘဲဗျ

“အေး... ကောင်းပြီလေ၊ ဒါဆိုမင်းခနစောင့်၊ ငါပြန်လာခဲ့မယ်”

ပြောပြောဆိုဆို မီးဖိုချောင်းကို ထထွက်လာလိုက်ပါတယ်၊ တစ်ခါသုံး လက်အိတ်တစ်စုံ အကျနအဝတ်ပြီး ပြန်ဝင်လာတာမြင်တော့။

“ခင်ဗျား လက်အိတ်ကြီးက အသည်းယားစရာကြီးဗျာ၊ အဲ့ဒါကြီး ကျွန်တော်ဗိုက်ထဲကျန်ခဲ့ရင် သုံးနှစ်လောက်တော့ ကောင်းကောင်း ခံစားရဦးမှာဗျ”

တော်တော်လျှာရှည်တဲ့ ကောင်းဘဲနော်.....

“ကဲပြော ဘယ်နေရာက နှိုတ်ထုတ်ရမှာလဲ၊ မင်းရင်ဘတ်ကို မခွဲဘဲနဲ့ ဘယ်လိုနှိုက်လို့ ရမလဲဟ”

“ရပါတယ် ခင်ဗျားနဲ့ကျွန်တော်က ပါဝါမတူဘူးလေဗျာ၊ ဒီအတိုင်းသာနှိုက်လိုက် သူအလိုလို ရင်ကွဲသွားလိမ့်မယ်”

“ကောင်းပြီလေ၊ ဒါဆိုငါစတော့မယ်နော်”

“အိုကေ၊ စတော့ဗျာ”

ကျွန်တော်လည်း မချင့်မရဲနှင့် သာသာယာယာ ညရင်ဘတ်ကို လက်အိတ်စွတ်ထားတဲ့ လက်ဖြင့် နှိုက်လိုက်တယ်ဆိုရင်ဘဲ၊ ပုလင်းပုပု သေးသေးလေး တစ်လုံးစစမ်းမိ့တယ်၊ အသာဆွဲထုတ်ကြည့်လိုက်တော့၊ Spirulina ဘီယာ ပုလင်းပုလေး ဖြစ်နေတယ်ဗျာ။

“အဲ့ဒီပုလင်းပုလေး ကျွန်တော့်ကို ဒုက္ခ အပေးဆုံးဘဲ”

“ကဲ ဒီတစ်ခါ တတိယမြောက် အရာဝထ္တကို နှိုက်ထုတ်မယ်”

“အဆင်သင့် ဖြစ်ပြီလား”

“အဆင်သင့် ပါဘဲဗျာ”

ဒီတစ်ခါစမ်းမ့ိတာက ရှည်ရှည်မျှောမျှောနဲ့ ရဘာဘူဖောင်းလိုအရာ ဝထ္တုတစ်ခု၊ ဆွဲထုတ်ပြီးကြည့်လိုက်တော့ ဟိုက်ရှားဘား ပုတ်သင်ညိုပါလား။

“ဂျယ်လီ မှတ်လို့ ဝါးမိ့ပါတယ်၊ ကြော်ငြာတွေ့မှ ပုတ်သင်ညိုဖြစ်မှန်သိ့တယ်”
“ပြောရင်းဆိုရင် အံချင်လာပြီး”
“ထွီဝေါ့....”

“ဟေး ဟေး ငါ့အိပ်ခန်းထဲ မအံချနဲ့လေကွာ”
“ဒုက္ခပါဘဲကွာ....”

“ကဲကဲ မင်းလက်မြန်မြန် သက်သာအောင်၊ ငါမင်းရင်ဘတ်ကို ဆွဲခွဲထားမယ်၊ မင်းကနှိုက်ထုတ် ဟုတ်ပြီလား”

“အင်း အဲဒါပိုကောင်းတယ် မြန်မြန်ပြီးတာပေါ့”

“ကဲစခွဲပြီဟေး နှိုက်ထုတ်ပေတော့”

ကျွန်တော် ညရဲ့ရင်ဘတ်ကို ဆွဲခွဲလိုက်တယ်ဆိုရင်ဘဲ၊ ညနှိုက်ထုတ်လိုက်သော လက်ကျန်ပစ္စည်းလေမျိုးကတော့ဖြင့်

ဟော့ဒေါ့ အမှတ်ဖြင့် မျိုချလိုက်တော့ အတောင်ပံပါတဲ့ Eva ရယ်၊ ကြေမွနေတဲ့ ရီးစားစာ တစ်ထုပ်ရယ်၊ မှင်ကုန်နေတဲ့ ဘောလ်ပင်တစ်ချောင်းရယ်၊ ပြီးတော့ ကွဲနေတဲ့ကြည့်မှတ်တစ်ချပ်ရယ်ပေါ့။

“ဟေး ကုန်ပြီလား”

“ကုန်သွားပြီးဗျ ခုမှဘဲရင်ထဲပေါ့သွားတော့တယ်”

“နောက်ကျုပ်ခုလို ဒုက္ခရောက်ရင်၊ ခင်ဗျားစီကိုလာမှ ထင်တယ်”

“ဒီမှာကိုယ့်လူ မင်းလာရင် ငါအိပ်ရေးပျက်တယ်၊ သန်းခေါင်မတိုင်ခင်လာချင်ရင်လာခဲ့”

“အဲ့ဒါတော့ မဖြစ်ဘူးဗျ၊ ကျွန်တော့်က သန်းခေါင်ကျော်မှ စပြီးဝါတီးဆွဲလို့ ရတာလေဗျာ”

“စိတ်ချပါ ကျွန်တော်ညတိုင်း ဒုက္ခမပေးပါဘူးဗျ”

“တစ်လ တစ်ခါလောက်ပေါ့၊ စိတ်ပေါက်ပေါက်နဲ့ တွေ့သမျှ စွတ်ရွတ်မျိုချလိုက်တာ ခုလိုဖြစ်ကုန်ရောဗျာ”

“မင်းကို ကူညီပြီးစကားပြောရတာ ငါအိုက်သလိုလိုဘဲ၊ ပြတင်းပေါက်ဖွင့်ဦးမှပါ”

“ဟေး... ၊ ညဆိုတဲ့ကောင်ထအော်တယ်”

ဘယ်လုအူကြောင်ကြောင်ကောင်လဲဆိုတဲ့ အကြည့်နှင့် ကျွန်တော်သူ့ကိုကြည့်တော့ ပြုံးပြတယ်၊ ဒီကောင့်သွားတွေး ဖြူဖွေးနေတာ သတိ့ထားမိ့တယ်။

“ဟေ့ကောင် အလန့်တကြားဘာဖြစ်တာလဲဟ”

“ကျွန်တော်လစ်လို့ ရပြီလေ၊ ခင်ဗျားက ကျွန်တော့်အတွက် တံခါးဖွင့်ပေးလိုက်ပြီးလေ”

“ကျေးဇူးဘဲဗျာ၊ ကျွန်တော်ဆိုတဲ့ညကို ရင်ခွဲကုသပေးတဲ ခွဲစိတ်ဆရာခင်ဗျားကို ကျေးဇူးပါ”

“မင်းကျေဇူးတွေ ငါ့အိပ်ခန်းထဲပြည့်သွားဦးမယ်ဟ ဖြေးဖြေး”

“ကဲရောင်နီလာတော့မယ်၊ ကျွန်တော်သွားပြီးဗျာ”

“နောက်လည်း ခုလို ဒုက္ခတွေရင်လာခဲ့ပါရစေနော်”

“ငါကူညီနိူင်တာဆိုရင် ဘယ်သူ့ကိုမဆို ငါအကောင်းဆုံးကူညီပါတယ်၊ အချိန်မရွေး မင်းလာနိူင်ပါတယ်”

“ကဲကဲ သွားပေးဦးတော့”

ညထွက်သွားတော့မှ ကျွန်တော်လည်း အခန်းရှင်းလင်း၊ ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ခဲ့ပါတယ်၊
မနက်နေတော်တော် မြင့်တောမှ ကျွန်တော်အိပ်ရာနိူးပါတယ်၊ ညတုန်းကေတော့ ခွဲစိတ်ခန်းဖြစ်ခဲ့တဲ့ ကျွန်တော်အိပ်ခန်း၊ အခုတော့ သူဘာမှ မသိ့သလိုနဲ့ အေးအေးဆေးဆေးဘဲဗျ။

ပြီးတော့သတိ့ထားမိ့တာက၊ အိပ်ရာဘေးကဖတ်လက်စ စာအုပ်တစ်အုပ်၊ စာအုပ်အမည်က “ညကို ရင်ခွဲကြည့်ခြင်း”တဲ့ဗျ....