Wednesday, March 31, 2010

ဘယ်သူလွန်သလဲ ?

မင်းဒီကို မလာခင်၊ မင်းကစ ဆက်သွယ်တာလား၊ ငါဆက်သွယ်တာလား၊ မင်းနေဖို့ အခန်းဆိုလို ငါ့မှာ အလုပ်တစ်ဖက်နဲ့ လိုက်ရှာရတယ်၊ လာတော့လည်း လေဆိပ်ဆင်းကြိုပြီး လိုက်ပို့ရတယ်။ နောက်တော့ မင်းအဲ့ဒီအခန်းမှာ အဆင်မပြေဘူး၊ ငါလည်း အလုပ်နဲ့ နီးနီး နေမလို အခန်းရှာတော့ မင်းအတူတူ နေချင်တယ်ဆိုတာနဲ့ ငါတို့ အတူနေဖြစ်ကျတယ်၊ အဲ့ဒီတုန်းက မရှိအတူ ရှိအတူ ငါတို့နေခဲ့ကျတယ်။

မင်းစဉ်းစားကြည့်စမ်းပါ ဟင်းချက်စရာ ဝယ်လည်းငါ၊ ဘီယာဝယ်လည်းငါ၊ တစ်ခါတစ်ခါ ငါမသောက်ဖြစ်ရင် မင်းသောက်ဖို့သက်သက် ဝင်ဝယ်ပြီး ငါသယ်လာတာပါ။ မင်းကို ငွေရေးကြေးရေး နဲ့ပတ်သက်ပြီ ငါပေးစရာရှင်းစရာမရှိပါဘူး၊ မင်းသာ အသုံးကြမ်းလို့ ပြတ်လတ်ရင် ငါ့စီကချေးတယ်၊ နေပြီး တော်တော်နဲ့ ပြန်မရဘူး၊ ငါအိမ်ကို ပိုက်ဆံပို့ပြီး လက်ကျန်နည်းနေတော့မှ ငါမတောင်ချင်းဘဲနဲ့တောင်းရတာပါ။

ငါလည်းတစ်ခါတစ်ခါ မင်းစီကချေးပါတယ်၊ ငါကအကြီးဆိုတော့ မင်းတောင်းစရာမလိုဘဲ ပြန်ဆပ်ပါတယ်။ ငါဘယ်တုန်းကမှ မင်းစီမှာ အကြွေးတင်မကျန်ပါဘူး၊ လေဆိပ်မှာ တောင်းတဲ့ ၂၀ မင်းမေ့နေတာပါ၊ မင်းစီက ငါရစရာရှိတယ်၊ မင်းပြန်ခါနီး အိမ်မှာ သောက်မလို့ ပစ္စည်းတွေ ဝယ်တုန်းက ဘယ်လောက်ကုန်လဲ လိုရင်ကျွန်တော်ပြန်ပေးမယ် ဆိုတာ မှတ်မိ့လား၊ အဲ့ဒီတုန်းက မင်းကိုငါပေးစရာရှိတာကို မပေးနဲ့တော့ အစ်ကိုစိုက်ဝယ်လိုက်ပါ လိုတာကျွန်တော် ထပ်ပေးမယ်လိုပြောတာ ဘယ်သူလဲ ? နောက်ပြီးတော့ မင်းနဲ့ငါ အသက် (၁၀) နှစ်လောက်ကွာတယ်ငါ့ညီ မင်းမူးမူးလာရင် ငါအိမ်ကို ငါဘာသာငွေပို့တဲ့ကိစ္စ မင်းနဲ့ဘယ်လိုပတ်သက်လို ဆရာလုပ်တာလဲ ငါစဉ်းစားလို့မရဘူး၊ ငါဘယ်သူ့စီကမှ ပိုက်ဆံချေးပြီး အိမ်ကိုမပို့ဖူးပါဘူး၊ ငါ့ပညာနဲ့ငါ ထိုက်တန်တဲ့လစာကို ခြိုးခြံသုံးပြီး အိမ်ကိုပိုတာပါ၊ ငါ့လိပ်ပြာငါသန့်ပါတယ်။

အခုဖြစ်တဲ့ဖုန်းကိစ္စ လိုင်းမလျှောက်ခင်ကတည်းက ငါမင်းကိုပြောတယ် ဖြစ်လာတဲ့ပြဿနာ မင်းတာဝန်ယူပါမယ်ဆိုတဲ့ စကားကြောင့် ငါလျှောက်ပေးလိုက်တာပါ၊ ငါကိုယ်တိုင် ဖုန်းခ SGD 1700 လောက် ဆောင်ခဲ့ရတော့၊ ငါလည်းကြောက်တယ်၊ ငါပိုက်ဆံလာရှာတာပါ၊ ပိုက်ဆံဖြုန်းဖို့လာတာ မဟုတ်ပါဘူး၊ မင်းမပြန်ခင် မင်းလိုင်းပိတ်မယ်ပြောတယ်၊ တစ်ကယ့် တစ်ကယ့်တမ်းကျတော့ မင်းမပိတ်သွားဘဲ ခေတ္တလိုင်း pause လုပ်သွားတာပါ၊ အဲ့ဒါမင်းသိ့ပါတယ်။ မင်းပြောတော့ ဖုန်းခကြေပြီးပြောတယ်၊ မင်းပြန်မှ ကြွေးကျန်တယ်စာလာလို့ မင်းစီတောင် ငါပို့လိုက်ပါသေးတယ်။
လယ်ပြင်မှာ ဆင်သွားသလိုရှင်းရှင်းကြီးဘဲကွာ မင်းလိုင်းပိတ်သွားတယ်ဆိုခဲ့ရင် ငါကဘယ်လိုလုပ်ပြီး မင်းဖုန်းနံပါတ်ကို ဆက်သုံးလို့ရမလဲ၊ လူတိုင်းတွေးရုံနဲ့တင်သိ့သာပါတယ်။

မင်းကိုငါဖုန်းဆက်တော့ ပထမတော့ အချိုသပ်ပြီးပေးမယ်ပြောတယ်၊ နောက်တော့ သင်္ကြန်ပြီးမှ ပေးပါရစေလို့ပြောတယ်၊ နောက်တော့ နေမိုးသန့်စီလွှဲမယ်လို့ပြောတယ် မင်းစဉ်စားကြည့်စမ်းပါ ဘယ်သူလွန်သလဲလို့၊ ငါမင်းအဖေ စီဖုန်းဆက်တော့လည်း၊ ငါ့အသံမှန်း မင်းသိ့သိ့နဲ့ ဘယ်သူလဲ၊ အဖေအိမ်မှာ မရှိဘူးလို့ ပြောတာလည်းမင်းပါဘဲ။

ငါဘက်ကို စဉ်းစာကြည့်လေ၊ ငါဒေါသထွက်တော့ ဆဲမိ့တယ်၊ အဲ့ဒါကို မင်းကအခွင့်ကောင်းယူ ပုံကြီးချဲပြီး မင်းအပြစ်လွတ်အောင် ကလိမ်ကကျစ်ဉာဏ်သုံးတယ်၊ ငါမင်းအမေကို တောင်းပန်ဖို့ ဝန်မလေးပါဘူး၊ အချိန်မရွေးနေရာမရွေး တောင်းပန်နိူင်တယ်၊ မင်းငါ့ကို ပြောဆိုတာတွေကိုလည်း ပြန်တောင်းပန်ဖို့စဉ်းစားထားပါ၊ ငါကဆဲလိုရိုင်းတယ်ဆိုရင် မင်းကငါ့ထက် ပိုအောက်တန်းကျတယ်၊ မင်းကငါ့ရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ငါ့ကိုပါ သပုတ်လေလွင့် သတောင်းစား သာသာပြောတယ်၊ လူဆိုတာကိုယ့်ဘက်ကိုယ် ကြည့်ကျရင်တော့မှန်တယ်ထင်မှာဘဲ၊ မင်းသေသေချာချာ စဉ်းစားကြည့်ပါ၊ ငါ့ညီ လူရဲ့ တန်ဖိုးက ပိုက်ဆံနဲ့ တိုင်းတာလို့မရဘူး၊

မင်းမပေးလည်း အဲ့ဒီပိုက်ဆံ ငါဆောင်ရမှာဘဲ၊ ဘာဖြစ်လို့လဲဆိုတော့မင်းကို ငါ့ကညီတစ်ယောက်လို သဘောထားပြီး ယုံကြည်မိ့တာကို၊ ငါ့အလုပ်ကို အထိ့ခိုက်မခံနိူင်ဘူး၊ ပိုက်ဆံရှာရတာလွယ်ပါတယ်၊ နာမည်ကောင်းရဖို့မလွယ်ဘူး၊ ပြောရရင် ငါတော်တော်လေးကို အံ့သြ နောင်တရမဆုံးဖြစ်ရတယ်။ အခုငါကိုယ်တိုင်တောင်မှ Prepaid ကဒ်ဖုန်းဘဲကိုင်ထားပါတယ်၊ အားလုံးကို သေသေချာချာ ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင်လို့ ဒီစာကို နောက်ဆုံးအနေနဲ့ မင်းစီကို ပို့တာပါ။

Monday, March 29, 2010

ကျွန်တော် စာမရေးတတ်ဘူး၊ သူများတွေဖတ်ကောင်းအောင် ရေးချင်တယ်၊ စာဖတ်အားနည်းတာလည်းပါမှာပေါ့လေ။

ကျွန်တော်လက်တွေလှုပ်ရှားပြီးတိုင်း ကျွန်တော်နောင်တမရချင်သလို၊ သိပ်လည်းအားမရဘူးဗျာ၊ သူငယ်ချင်းတွေထဲမှာ စာရေးဆရာဖြစ်နေတဲ့သူ ရှိသလို၊ တရားဟောဆရာလည်း ရှိတယ်ဗျ၊ ငယ်ငယ်တုန်းကတော့ သံယောဇာဉ်တွယ်တာစရာ မရှိခဲ့ရင် တရားဟောဆရာ လုပ်မယ်လို့ စိတ်ကူးမိ့တယ်၊ ဘုရားအလိုတော်မရှိဘူး ထင်တယ်ဗျ။

အလွန်တရာမြတ်နိုးတွယ်တာစရာ ကောင်းတဲ့ မိ့သားစုလေးကို ၂၀၀၂ မှာ ကျွန်တော်နဲ့သူမ စတင်တည်ဆောက်ကျတယ်၊ အခုထက်ထိ့ကို တက်ညီလက်ညီ ရှိတုန်းပါဘဲ။ နားလည်မှုတွေကိုယ်စီ ရှိထားလေးတော့ ဘယ်နေရာ ဘယ်ကိုရောက်ရောက် အဲ့ဒီသံယောဇာဉ်လေး နှစ်မျှင် ကျွန်တော့်ရင်ထဲ အမြဲတမ်းရှိနေတယ်ဗျ၊

အားတိုင်း ချချရေးဖြစ်တယ်၊ သိပ်အဆင်မပြေတာတွေတော့ Draft ထဲမှာ ခုထိ့တော်တော်များများ ရှိနေသေးတယ်၊ အသက်အရွယ်ရလားလို့ ဖြစ်မယ်၊ တစ်ခါတစ်ခါ ကိုယ့်ခေါင်းထဲမှာ စာသားတွေကောင်းတွေ ပေါ်လာတတ်တယ်၊ ခက်တာက ချမရေးထားမိ့ရင် အငွေပျံသွားတာဘဲဗျ၊ မှတ်စု စောင့်လေ့မရှိတော့လည်း ခက်သားလား

တစ်ချို့တွေက ကျွန်တော့်ကိုလှောင်ကျတယ်၊ တစ်ချို့တစ်လေကတော့ အားပေးပါတယ်။ အဲ့ဒါတွေကို ကျွန်တော်သိပ်ပြီး ဂရုမစိုက်အားဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်လက်ရာတွေက သိပ်ပြီး ချာတူလန်နေသေးတယ် ထင်လို့ပါ၊ ငယ်ငယ်တုန်းက စားကျက်စာဖတ်ပြင်းနဲ ဒဏ်တွေလည်းပါမယ်ထင်တယ်။

နောက်တစ်ခု သေချာက ကျွန်တော့်လက်ရေးကို မြင်ရင်ရီကျလိမ့်မယ်၊ ပဲပင်ပေါက်ကို အမြှီးဖြတ်ပြီး စာရွက်မှာ ကပ်တာ ပိုတောင် လှနေနိူင်ပါတယ်၊ တော်သေးတာက ကျွန်တော် မြန်မာစာ ကောင်းကောင်းရိုက်နိူင်တယ်ဗျ၊ ပြောချင်တာ လူငယ်တွေ ခေတ်ကို အမှီလိုက်နေတဲ့ လူငယ်တွေ စာများများဖတ်ပါ၊ မှတ်ပါ၊ ကောင်းသင့်သော် အတွေးအခေါ်များကို ဆန်းသစ်သထက် ဆန်းသစ်အောင်
ထပ့်ဆင့်တွေးခေါ်ကြည့်ပါ၊ ရတာကို ချရေး အဲ့ဒါ တစ်ကယ်လိုအပ်ပါတယ်။

Sunday, March 21, 2010

မသိ့ကိန်းများ စုံစည်းရာ ???

မနက်မိုးလင်းတိုင်း စရူမိ့တဲ့ ဝင်သက်ထွက်သက်တိုင်းမှာ လိုအပ်ချက်တွေ တော်တော်များ ပါဝင်လာတဲ့နေ့ရက်တွေ ဘယ်တော့များမှ ကုန်ဆုံးမည်မသိ့.... 

နေ့ရက်တိုင်းပုံမှန် လည်ပတ်နေကျ စက်ယန္တရားများကဲ့သို လှုပ်ရှားသွားလာရသည်မှာ လွန်စွာခက်ခဲလှပေသည်၊ ခင်မင်တွယ်တာ တတ်သော နှလုံးသားတစ်စုံ ဘုရားသခင်က အဘယ်အတွက်ကြောင့် ပေးအပ်ခဲ့လေသိမသိ့... ဒီအသိ့ဉာဏ်၊ ခံစားမှု နှင့် အတတ်ပညာ များကို ဖန်ဆင်းခဲ့သော ဘုရားသခင်ကကို အပြစ်တင်ရမည်ဆိုလျှင် မည်ကဲ့သို တုန့်ပြန်ကျမည်မသိ့...

ဒီခရီး ဘယ်အတိုင်းအတာ အထိ့ ငါဆက်သွားရဦးမှာလဲ၊ ဘယ်ပုံနဲ့ ခရီးဆက်ရဦးမလဲ၊ ကြမ်းတမ်းမယ်၊ ဒုက္ခများမယ်၊ အဆင်ပြေကောင်းပြေမယ်၊ ကြုံတွေ့ရသမျှ ကြံ့ကြံ့ခံနိူင်ဖို့ ကြင်သူနှစ်ယောက် ငါ့မှာရှိတယ်၊ ငါ့ရဲ့ မသိ့ကိန်းတွေကို သူတို့လည်းမသိ့... အသွေးအသားကို ဈေးကစားသလိုမျိုး ကံကြမ္မာကို ဈေးကစားခဲ့ရင် အရှုံးအမြတ်အတွက် ခင်ဗျားဘယ်လိုစဉ်းစားသလဲလို့ မေးခဲ့ရင် ဖြေစရာ အဖြေကို မသိ့... ကျွန်တော်အလိုချင်ဆုံး ကင်မရာတစ်လုံးရယ်၊ ကွန်ပျူတာ တစ်လုံးရယ်၊ ဂစ်တာတစ်လက်ရယ် ကျွန်တော့် မိ့သားစုလေးရယ် တစ်စုတစ်စည်းတည်း ဘယ်တော့မျာ ပိုင်ဆိုင်ခွင့် ရမည်မသိ့... ကိုယ့်အတ္တကိုယ် ထမ်းပိုးပြီး ဘဝခရီးရဲ့ ရေစုန်ရေဆန်ထဲမှာ ခရီးသွားဧည့်သည်ချင်း ကူညီရိုင်းပင်းရမယ်အစား ဘယ်အတွက်ကြောင့် ထိုင်ခုံလုတမ်း ကစားချင်ကျသည်ကို မသိ့... လူဘဝဟာရခဲးလွန်းလှသလို တိုးတောင်လွန်းတာ လူတိုင်းသိ့ပေမယ့်၊ ကြိုတင်မသိ့နိူင်တဲ့ မနက်ဖြန်ပေါင်းများစွာကို ဖြတ်ကျော်ဖိုး အားအင်များ ဘယ်ကရမည်ကို မသိ့... ငါဟာ ငါမဟုတ်တော့သလို၊ ငါမရှိတဲ့နေ့ရက်များစွာ ငါကိုယ်တိုင် ဘယ်လိုဖြတ်ကျော်ခဲ့လေသည် မသိ...

Saturday, March 20, 2010

Blogger နဲ့ ကျွန်တော်...

ကျောက်ခေတ်မှာ ကျောက်သားပေါ် စာထွင်းတယ်၊ နောက်တော့ ကျောက်သင်ပုန်း၊ ပြီးတော့ စာရွက် စာအုပ်တွေ ဖြစ်လာခဲ့တယ်၊ အဲ့ဒါ စာပေ နဲ့ ပတ်သက်တဲ့ Media တွေကို ကျွန်တော် သိ့မြင်သမျှပေါ့လေ၊ အခု IT ခေတ်ကြီးထဲရောက်ပြန်တော့ ကမ္ဘာရွာကြီး ဖြစ်လာသမို့ Forum, Portal & Blog ဆိုပြီးတော့ Media အသစ်အသစ်တွေ တစ်ခုပြီး တစ်ခု မိတ်ဆက်လာကျပါတယ်။ အဲ့ဒီအထဲမှာ ကျွန်တော့်အသည်းစွဲ ကတော့ Blogger ပါဘဲ၊ လွယ်ကူတယ် ရိုးရှင်းတယ် လုံခြုံစိတ်ချရတယ်၊ စသုံးမိ့ကတည်းက တစ်နေ့ တစ်ခေါက်လောက် မသုံးရရင် ကျွန်တော် တစ်မျိုးကြီး ဖြစ်ဖြစ်နေတယ်၊ Blogger တစ်ယောက်ရဲ့ ကျင့်ဝတ်တွေကို ကျွန်တော်လိုက်လေ့လာမိ့တယ်၊ အမှန်တော့ဗျာ ကျွန်တော်တို့လို့ Blogger တွေက True Story ကိုပိုပြီး Contribute လုပ်သင့်တယ်လို့ ကျွန်တော်ယူစပါတယ်၊ အဲ့ဒါမှလည်း ကိုယ့်ရဲ့ စာဖတ်ပရိသတ်ကို လေးစားရာ အကျိုးပြုရာရောက်မှာပေါ့၊ ကျွန်တော့်လို စကားပြေဘဲ ရေးတတ်တဲ့သူအဖို့တော့ ကျွန်တော့် အယူအစက မှန်ကောင်း မှန်ပါလိမ့်မယ်၊ တစ်ချို့ တွေကျပြန်တော့ ရသမြောက်အောင် ရေးတတ်သမို့ ဖတ်ပြီးတာနဲ့တင် ခေါင်းထဲမှာစွဲမြဲနေလောက်ပါတယ် ကျွန်တော့်ရဲ့အားလပ်ချိန်တော်တော်များများကို Blogger ကပိုင်ပါတယ်၊ GTalk လာပြောမယ့် ကြင်နာသူကို စောင့်ရင်း Blogger ပေါ်မှာ ကျွန်တော့် ခံစားမှုတွေကို အံချနေရတာ ခုဆိုရင် ၁နှစ်နှင့် ၇လ တင်းတင်းပြည့်ပြီဗျ၊ အိမ်မှာဆိုရင် မီပြတ်တာနဲ့ ကိုယ့်ဝင်ငွေကလည်း Computer တစ်လုံး ဝယ်သုံးနိူင်ဖို့ မပြောနဲ့ မိ့သားစု အတွက် မနည်းကို ကျားကန်ထားရတာနဲ့တင်ကို ဘာမှ စိတ်မကူးနိူင်ဘူးလေ၊ စိတ်ကူးတယ်ဆိုလို့ စိတ်ကူးယာဉ်သက်သက် လိုတော့ မယူစပါနဲ့ဦးဗျ၊ တစ်ခါတစ်ခါ ကိုယ်သိ့တာ တတ်တာကို ဝေမျှတယ်၊ ခံစားချက်ကို တင်ပြတယ်၊ ရသတစ်ခုခုလည်း ရစေချင်ပါတယ်။ ဒီမှာက ကိုယ့်မြေကိုယ့်ရေ မဟုတ်လေတော့ စိတ်ဖိ့စီးမှုက နှစ်စလောက်ပိုပါတယ်၊ သွားလာ နေထိုင်စားသောက်တာကို အမြဲသတိ့မပြတ်နေရသလို အလုပ်ခွင်မှာ အဆင်ပြေအောင် ပိုပြီး ကြိုးစားရတယ်၊ တစ်ခါတစ်ခါ ကိုယ့်စိတ်ထဲ ရူသွင်းနေရတဲ့လေကိုက တစ်မျိုး ဖြစ်ဖြစ်နေတယ်ဗျာ၊ မိ့သားစုကို လွမ်းပြီဆိုရင်တော့ ပိုလို့တောင်ဆိုးပါသေးတယ်၊ တစ်ခါ တစ်ခါ ရန်ကုန်က ပုလင်းတူ ဗူးဆို့ ညီအစ်ကိုတွေကို သတိ့ရတယ်၊ သူတို့နဲ့ ဝိုင်းဖွဲ့ဖို့ ဆိုတာ ကျွန်တော့်အတွက် မဖြစ်နိူင်ဘူးလေဗျာ၊ ဒီမှာက အဲ့ဒီဇိမ်ခံပစ္စည်း အသုံးအဆောင်တွေက ဈေးတအားကြီးလွန်းလှပါတယ်၊ အလွန်အကျွံလုပ်လိုက် ရင် တစ်လလုံး ရေသောက် ဗိုက်မှောက် ဆိုသလို ဖြစ်နိူင်တယ်ဗျ၊ အိမ်မှာဆိုရင်တော့ ကိုယ်စိတ်ကြိုက်ပေါ့ဗျာ၊ ကိုယ့်မြေ ကိုယ့်ရေမဟုတ်ဆိုတဲ့ အသိ့က တစ်ခါတစ်ခါ လုံခြုံမှု သိပ်မရှိသလိုခံစားရပါတယ်၊ အဲ့ဒါတွေကြောင့် စိတ်ဖိ့စီးမှုနှစ်စပိုတယ်လို့ ဆိုတာပါ။ အလုပ်အဆင်ပြေပေမယ့် နေထိုင်စရိတ်ကထောင်း မိ့သားစုကို စိတ်တိုင်းကျ မထောက်ပံ့နိူင်တဲ့အခါ ကျွန်တော့်ကို ကျွန်တော်အလိုမကျ ဖြစ်ဖြစ်လာတယ်၊ ငါဘာလို့ အဲ့လောက် အသုံးမကျသလဲပေါ့လေ၊ စိတ်သွားတိုင်း ကိုယ်မပါလေတော့ သေသေချာချာ ပြန်စမ်းစစ်ဖြစ်တယ်၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အစစ အရာရာ ငါတို့ ဘာလောက်နောက်ကျန်နေခဲ့သလဲ ဆိုတာကိုပေါ့ဗျာ၊ ခေါင်မိုးမှ မလုံတာ မိုးယိုတာ မဆန်းဘူးပေါ့ဗျာ၊ မလုံတဲ့ခေါင်ကို ပြုပြင်မွမ်းမံဖို့ နိူင်ငံသားတိုင်း တာဝန်ကိုယ်စီရှိတယ်လို့ ကျွန်တော့်ခံစားမိ့တယ်ဗျာ၊ တတ်နိူင်တဲ့ဘက်ကပေါ့လေ။ ကျွန်တော်ကတော့ ကိုယ့်ဘက်က အကောင်းဆုံး အတတ်နိူင်ဆုံး ဖြစ်အောင်လုပ်တယ် ကူညီတယ် လုပ်ဆောင်တယ်ဗျ၊ အဲ့ဒါကျွန်တော့်ရင်ဘတ်ထဲက အမှန်တရားပေါ့လေ၊ စိတ်ထားကောင်းကောင်း ထားတော့ ကိုယ့်အတွက်လည်း မကောင်းမသင့်တာတွေ မဖြစ်နိူင်ဘူးလေဗျာ၊ ဖြစ်ခဲ့ရင်တောင်မှ ကူညီစောင်မမည့်သူ တစ်ယောက်မဟုတ်တစ်ယောက် ပေါ်လာလိမ့်မယ်လို ကျွန်တော်ယုံကြည်ပါတယ်၊ လူတိုင်း လူတိုင်း စိတ်ထားကောင်း၍ ကံကောင်းနိူင်ကျပါစေဗျာ။ 

 

 

ငယ်ဖြူ

မှော့်ဆရာအိပ်မက်များ အစ...

နာဂစ်အလွန် ကိုယ်ထူကိုယ်ထ ပြုပြင်ရေးတွေ ပြီးကာစမှာ ကျွန်တော် ပြည်ပကို ထွက်ပြီး အလုပ်လုပ်ဖို့ ပြင်းပြင်း ပြပြ စဉ်းစားပြီး အာရုံစိုက် လုပ်ကိုင်လာပါတယ်၊ ဒီလိုနဲ့ဘဲ ၂၇ မေလ ၂၀၀၈ မှာ ကျွန်တော် ဒီကျွန်းပေါ် စရောက်လာပါတော့တယ်၊ ကျွန်တော်မိ့သားစုနဲ့ အတူလေယာဉ်ကွင်းဆင်းတော့ သားသားရယ်၊ မြတ်ကလေးရယ် ဘာမှ မဖြစ်သလို့ တည်တည်ငြိမ်ငြိမ်ဘဲဗျ၊ Check in counter ကိုတက်သွားတော့မှ စတာဘဲ သားသားကလည်းငို၊ မြတ်ကလေးလည်းငိုလို့ ကျွန်တော်လည်း မျက်ရည်ဝဲလို့ပေါ့ဗျာ၊ Boarding Lobby ရောက်တော့ ကျွန်တော်ဖုန်းခေါ်ဖို့ ရပ်စောင့်နေတယ် ကိုယ်အရှေ့က ဖုန်းဆက်နေတဲ့ အမျိုးသမီးက တော်တော်နဲ့ မပြီးနိူင်ဘူး၊ သားသားနဲ့ မြတ်ကလေးကို နှုတ်ဆက်မလို့ပါ၊ တော်တော်ကြာတော့မှ လက်စသတ်သွားတော့ ဖုန်းကို အမြန်ကောက်ကိုက်ပြီး ခေါ်လိုက်မိ့တယ်၊ တစ်ဖက်က ငိုသံတွေကို ကြားရပြန်တော့ ကျွန်တော်ပါ ငိုချင်လာပြန်တယ်၊ သားသားနဲ့ မြတ်ကလေး ကျန်းမာရေးကို ဂရုစိုက်ဖို့ အထပ်ထပ်မှာပြီး ဖုန်းကို မချင် ချချင်နဲ့ ချပြီး လှည့်ထွက်ခဲ့ပါတယ်၊ ကိုယ့်နောက်က တန်းစီနေတဲ့သူတွေကို လေးစားရမယ်လေ။ ထိုင်ခုံအစွန်းဘက် နေရာလွတ်တစ်ခုမှာ ဝင်ထိုင်ရင်း တစ်ယောက်တည်း တိတ်တိတ်ကြေကွဲနေလိုက်တယ်ဗျာ၊ လေယာဉ်ပေါ်တက်ပြီး လေပေါ်စတက်တော့ ကျွန်တော့်ရင်ဘတ်ထဲက တစ်ခုခု ကျကန်ခဲ့သလို ခံစားနေရတယ်၊ မျက်စီမှိတ် အံကြီတ်ပြီး ခနလောက်တော့ နားလိုက်တယ်ဗျာ တော်တော့ကို ပင်ပန်းလွန်းလှပါတယ်၊ ဒီလိုနဲ့ Changi ကိုရောက်တော့ မြင်ကွင်းတွေ ကအပြောင်ပြန်ဖြစ်ကုန်တယ်ဗျ၊ Public phone တွေကလည်း နေရာတိုင်း နီးပါး ရှိတယ်၊ Local နံပါတ်တိုင်းကို ကောက်နှိပ်ပြီးခေါ်လို့ရတယ်ဗျ၊ အဲ့ဒီမှ စတွေ့ တာဘဲဗျာ... ဒီလိုနဲ့ လာကြိုတဲ့သူငယ်ချင်း လင်မယားကို ဖုန်းဆက်ရတယ်၊ အဲ့ဒီတုန်းက အရက်ဝယ်ဖို့ မသိ့သေးဘူးဗျ၊ ကျွန်းပေါ်မှာ .75 ဘဲရှိတယ်ဆိုတာနောက်မှ သိ့တာကိုဗျ။ အဲ့လိုနဲ့ Check Point ရောက်တော့ လူများနေတဲ့ queue  မှာမစီဘဲ တော်သင့်တဲ့ queue မှာသွားစီဖြစ်တယ်၊ လေယာဉ်ပေါ်မှာ white card မဖြည့်ဖြစ်ခဲ့လို့ check point နားရောက်မှဖြည့်ရတယ်ဗျာ၊ ကျွန်တော် queue စိနေတုန်း Singaporean and PR Only ဆိုတဲ့ counter က officer ကလှမ်းခေါ်တယ်ဗျ၊ အဲ့ဒါနဲ့ ကျွန်တော်လည်း သူ့ counter ကို ရောက်သွားတာ့ပေါ့ဗျ၊ passport ပေးလိုက်တယ် ပြီးတော့ air ticket တောင်းကြည့်တယ်၊ " How long you want to stay in Singapore ?"  လို့မေးတယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် air ticket က တစ်နှစ်စာဖြစ်နေတာကိုး၊ ကျွန်တော်ကလည်း "I would like to stay one month only" လို့ဘဲ ခပ်တည်တည် နဲ့ ပြန်ဖြေလိုက်တယ်ဗျာ၊ အဲ့ဒီတော့မှ သူ့အလုပ်သူဆက်လုပ်တယ် ပြီးတော့မှ ကျွန်တော်လည်း Lagged Belt ရှိရာကို ဆက်ထွက်လာလိုက်ပါတယ်၊ ကိုယ်ပစ္စည်းတွေ ကောက်ပြီးတော့ အထွက်ရောက်ခါနီးမှာ xray ဖတ်တယ်ဗျ၊ အပြင်ရောက်တော့ သူငယ်ချင်းစုံတွဲက ငါတို့ MRT နဲ့ဘဲသွားမယ်ဆိုတော့ သွားလေလို့ ပြန်ပြောတယ်၊ ကျွန်တော့်မှာက ဘာမှ သိပ်များများစားစား ပါတာမှမဟုတ်တာကိုးဗျ၊ Service counter ရောက်တော့ e-Zlink ကဒ်ဝယ်တယ် Card Reader မှာ Tapping လုပ်ပြီး ရထား ပလက်ဖောင်းပေါ် ထွက်ခဲ့ပါတော့တယ်၊ MRT ပေါ် စတက်တက်ခြင်း ကျွန်တော့်ခံစားမိ့တာက လေကောင်းလေသန့်တွေကို တစ်ဝကြီးရှုလိုက်ရတာကိုပေါ့ဗျာ၊ သူတို့ အခန်းကိုရောက် ကျွန်းအချိန် 5:45 pm ဖြစ်နေပြီဗျ ရောက်ရောက်ချင်း GTalk နဲ့ဘဲ စကားပြောရတာပေါ့ဗျာ၊ ကောင်းကောင်းမွန်မွန်ရောက်တယ်၊ အဆင်ပြေတယ် ပါတယ်ပေါ့။ ညနေကျရင် ကျွန်တော်နေရမယ့် အခန်းကို အခန်းဖော်ညီလေး တစ်ယောက်နဲ့ ပြောင်းရဦးမယ်ပေါ့ဗျာ။ အဲ့လိုပြောပြီး ထပ်မှား မိ့တယ် သားသားနဲ့မြတ်ကလေးကို ကျန်းမာရေးကို ဂရုစိုက်ဖို့ပါ။ ရေမိုးချိုးပြီးတော့ သူငယ်ချင်းက ဖုန်းကဒ် လိုက်ဝယ်ပေးတယ်ဗျ၊ အခန်းဖော်ညီလေးကလည်း သူ့မှာ ပိုနေတဲ့ hand set ကို ဌားပေးပါတယ်၊ အဲ့ဒါနဲ့ ဖုန်းကိစ္စ ကအဆင်ပြေသွားတယ်။ ညနေရောက်တော့ ကျွန်တော်တို့ နေမယ့် အခန်းကို ချီတက်ကျတယ်ပေါ့ဗျာ ရောက်ရောက်ချင်းဘဲ အခန်းခနဲ့ စပေါ်တစ်လစာ ထွက်ပါလေရောဗျာ၊ ငါတော့ အလုပ်ရမှ ဖြစ်မယ်ဆိုတဲ့အတွေးတွေက ကျွန်တော့်ကို တစ်နင့်တစ်ပိုးနှိပ်စက်ကျတယ်ဗျာ၊ နှစ်ပတ်လောက်သာ ကြာတယ်ဘာမှ သိပ်မထူးခြားသလိုဘဲ၊ သုံးပတ်မြောက်တဲ့နေမှာ Walk in တစ်ခုရတော့ သွားဗျူးပါတယ် CCTV ကုမ္ပဏီတစ်ခုမှာပါ၊ အဆင်ပြေတယ် Job Training စဆင်းဆိုတော့ ကျွန်တော် အတော်ပျော်သွားပါတယ်၊ အဲ့ဒီမှာလည်း မြန်မာညီလေး တစ်ယောက်ရှိနေတော့ ကျွန်တော့်အတွက်က အဆင်ပြေသွားတာပေါ့ဗျာ၊ နှစ်ပတ်လောက် အလုပ်ဆင်းနေတုန်း နောက်ရုံးတစ်ခုကလည်း Interview ထပ်ခေါ်တယ်ဗျ၊ အဲ့ဒါနဲ့ ဘဲ အပြေသွားဗျူးဖြစ်တယ်၊ သွားဗျူးပြီးကတည်းက ကျွန်တော်စိတ်ကူးထဲ အဲ့ဒီရုံးမှာ အဆင်ပြေရင်ကောင်းမယ်လို့ စဉ်းစားပြီး ဆုတောင်းမိ့တယ်ဗျ၊ နောက် CCTV ရုံးက S-Pass တင်တော့ Reject ဖြစ်ပါလေရောဗျာ၊ အဲ့ဒီနေ့ ကျွန်တော် စိတ်ညစ်နေတုန်း ကျွန်တော်လိုချင်တဲ့ရုံးက Second Interview ခေါ်တော့ ကျွန်တော် တော်တော်လေး ပျော်သွားတယ်ဗျ၊ နောက်ဆုံးတော့ ကျွန်တော်လိုချင်တဲ့အလုပ်ကို ဘုရားအလိုတော်ရှိလို့ရခဲ့ပါတယ် အခုဆိုဘာလိုလိုနဲ့ ၂ နှစ်ပြည့်ခါနီးပြီဆိုတော့ တော်တော်လေးတော့ ကျင့်သားရနေပြီဗျ၊ အိမ်လွမ်းတာတော့ အရင်အတိုင်းပါဘဲဗျာ၊ တစ်ခါ တစ်ခါ တော်တော့်ကို ဆိုးဆိုးရွားရွား ခံစားရပါတယ်၊ ဘာဘဲပြောပြောခုလို ရင်ဖွင့်ခွင့်ရလို့ ကျေးဇူးပါ၊ အားလုံးရွှင်လန်း ချမ်းမြေ့ကျပါစေဗျာ။ 

 

 

ငယ်ဖြူ 

SAT 3:00 pm


Friday, March 19, 2010

''မော်ဖင်းယဉ်ပါးသွားတဲ့ စိတ်ရိုင်း''

ငါအံချလိုက်တဲ့ စကားလုံးတွေ

င့ါကို ပြန်မော့ကြည့်နေတုန်း

အရုပ်ကြိုးပြတ်ပါဘဲ..............



ဘဝမှာ ငါ ဘာတွေ...

ဘယ်လိုကြုံတွေ့ခဲ့သလဲ

ချိုမြိန်ခြင်း၊ ချစ်ခြင်း

ခါသီးခြင်း၊ မုန်ခြင်း ဆိုတဲ့ တရားတွေကို

ငါ ဘယ်လောက်စုဆောင်း မိ့ခဲ့သလဲ



ငါ့ရဲ့အချိန်နဲ့ ငွေကိုလဲရသလို

ငါ့ရင်ထဲချစ်ခြင်းတွေ စွဲထုတ်ခံနေရသလို

မောဟိုက်တုန်ရီ နွမ်းလျှလှပါတယ်...




ငယ်ဖြူ
10:30 am

Friday, March 12, 2010

“စဉ်းစားပါ”

မြေကြီးကလာတဲ့သူ မြေကြီးထဲ ပြန်ဝင်ရမှာ နောက်တွန့်နေသလား တွေဝေနေသလား နောင်လာ နောက်သားတွေ အတွက် ငါတို့ စဉ်းစားသင့်ပါတယ်..... 

ကျွန်တော့်အတွေးကို နည်းနည်းမှ ပျက်ရယ်ပြုဖို့ မကြိုးစားပါနဲ့ သေချာစဉ်းစားပါ တွေးကြည့်စမ်းပါ...... 

ဆယ်စု နှစ်တွေ တစ်ခုပြီး တစ်ခု ဖြတ်ကျော်လာခဲ့သူတွေ ချင်းအတူတူ အရူးကတစ်မူးသာ တယ်လို မထင်လိုက်ပါနဲ့ ရူးရူး မူးမူးကို စဉ်းစားစေချင်ပါတယ် ပြီးရင် ဘယ်လိုခံစားရတယ်ဆိုတာကိုတော့ ပြန်ပြောပေးပါဦးဗျာ..... 

 

 

ငယ်ဖြူ 

12:00 am on Earth !

Wednesday, March 3, 2010

“ ဖောင်းပွခြင်း သီအိုရီ (၁)”

ငါ့စိတ်ကူးထဲက စကားလုံးတွေ လေထုနဲ့ တွေ့ထိ့မှ ဘာလိုများ ဖောင်းပွကုန်ပါလိမ့် အကြိမ်ကြိမ်ပြန်စဉ်းစားတိုင်း သူတို့ ငါ့ကို ရန်တွေကျပြန်တယ် ငါဘာများမှားသွားလို့လဲ................ 

ဖောင်းပွမှုနဲ့ ဖောက်ပြန်မှု ဘယ်လိုခြားနားသလဲ သူငယ်ချင်း တစ်စိတ်လောက် ရှင်းပြပေးပါ ငါမရှိတော့တဲ့နောက် စကားလုံးတွေ ဖောင်းပွမှာလား ဖောက်ပြန်မှာလား ငါမသိ့ခဲရိုးအမှန်ပါ ဒါပေသိ့ ငါ့ရင်ထဲက မေတ္တာ တရား ဘယ်တော့မှ မဖောင်းပွသလို ဖောက်ပြန်မှုကင်းတဲ့ အဖြစ် ငါတိုင်းတည် သစ္စာပြုပါ၏.............. 

 

 

 

ငယ်ဖြူ 

11:00 am