Saturday, May 3, 2014

ကိုယ်မျက်ချေး ကိုယ်မမြင်နိူင်တဲ့ စလုံးတရုတ်များ....

ကျွန်တော်ဒီကျွန်းပေါ်မှာ လခစား လာလုပ်တာ ခြောက်နှစ်ကျောက်သက်တမ်း တောက်လျှောက် ဒီစလုံးတရုတ်တွေ ထထအော်နေတဲ့ အခါ တွေးမြင်မိ့တာလေး ပြန်မျှတာပါ...

စလုံးနဲ့ နိူင်ငံခြားသား ကွာခြားချက်...

စလုံးတရုတ်များ...

အပြင်းကြီးပါတယ်...
စောဒဂတက်များပါတယ်...
လစာပိုများပါတယ်...
ဘော်လီဘောပုတ်(ညာခိုင်း)ပါတယ်...
ခေါင်းရှောင်ပါတယ်....

***လူတိုင်းမဟုတ်ပါ အကုန်လုံးနီးနီး အဲ့ဒီအကျင့်တွေနှင့် ပြီးပြည့်စုံပါတယ်....


နိူင်ငံခြားသားများ...

လစာနှိမ်လို့ရတယ်...
 အလုပ်သေအောင်ခိုင်းလို့ရတယ်...
ပြန်မပြောရဲကျဘူး....
ညာခိုင်းတိုင်း အားနာပြီး လိုက်လုပ်ကျပါတယ်...

အဲ့ဒါကို သူတို့တွေက လူဦးရေ ရာခိုင်နှုန်း အကြောင်းပြ သူတို့စလုံးတရုတ်တွေ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးရတာ နိူင်ငံခြားသား အလုပ်သမားတွေကြောင့်လို မကြာ မကြာ ထထအော်တတ်ပါတယ်...

ပြီးခဲ့တဲ့ မေလ(၁)ရက်နေ့ကလည်း အကြီးအကျယ် ထအော်ပြန်ပါတယ်.....

ဘယ်လိုပြောရမလည်း တုံ့ပြန်ရမလည်း အမြဲစဉ်းစာမိ့ပါတယ်....

 ကျုပ်တို့က တိုင်းပြည်မကောင်းလို့ မိသားစုတွေနဲ့ ဝေးကွာပြီး ပင်လယ်ရပ်ခြားမှာ လခစားလာလုပ်တာပါ....

သူတို့က အခန်သားထိုင် အပြင်းတစ်ပြီး စောဒဂတွေ တက်နေတာတော့ မတရားဘူးလို့မြင်ပါတယ်....

 လွတ်လပ်စွာ ဝေမျှပြီး အကြံပြုနိူင်ပါတယ်..