Sunday, November 19, 2017

ခေတ်သစ် တေမိ

လူ့သက်တမ်း တစ်ခုစာမက
ငါတို့သွေးတွေ အစုပ်ခံခဲရပြီးပြီ
ခုထက်ထိ ခင်ဗျားတို့
ရက်ရက်ရောရော ပေးလှူနေကျတုန်းဘဲလားဗျ...

သူများကျွန်ခံဖို့ ခရီးထွက်တဲ့သူရှိသလို
စစ်ကျွန်ခံဖို့ ထမင်းငတ်နေသူတွေလည်း ရှိသကိုးဗျ
ထမင်းကြမ်းတောင် နပ်မမှန်လို့
ထမင်းရေ ကိုအာသာပြေ
၂၀၀ ပေးပြီး ၀ယ်သောက်ရတဲ့ ဘ၀တွေ

စီဇိမ်ယစ်မူးနေတဲ့ စစ်အာဏာရူး
ခွေးဘီးလူးတွေကို ပြောလိုက်ချင်တယ်
ခွေးဟောင်းတိုင်း ထကြည့်တဲ့အထဲမှာ
ငါမပါဘူးဟေ့

စစ်ခွေးတွေ ဇာတ်သိမ်းပြန်တော့
ကျပ်မပြည့်သော အစိတ်သား
လွှတ်တော်ထဲမှာ ထထအူတာ
ကြက်သရေးတုန်းလိုက်ပါဘိ

ပြောပြောဆိုဆို
လူအသိ လူစိတ်မှ
မရှိကြလေတော့
တေမိဇာတ်ခင်းတာ
ကောင်းပါတယ်ကွယ်

စိတ်အဟာရ


ရုပ်တစ်ခု စိတ်ကိုးဆယ်
စာပေထဲမှာ ဖတ်ဘူးတယ်ဗျ

အဲ့စိတ်တွေ တောင်တောင် အိအိ
Frequency ခပ်စိတ်စိတ်ဖြင့်
ပြောင်းလဲလာရင် သတိ့ချပ်ပါ မိတ်ဆွေ
သင့်စိတ်မှာ အဟာရချို့တဲ့လာနေပြီ

လူတိုင်းကိုယ်စီ ခံစားတတ်တယ်
လူတွေစီကနေ ရိုသေသမှု ဆိုတာကို
ဓါးပြတိုက်သလိုလို နတ်ပူသလိုလို
အတင်း လုပ်ယူလို့မရဘူးဗျ

Give and Take ဆိုတာကို
Grab & Go လုပ်ပြစ်ခြင်လို့
ဘယ်လွယ် လိမ့်မတုန်း

စိတ်စေရာကို မသွားဘဲ
လက်တွေ့ကျကျ စိတ်ဆင်ရိုင်းကို
ချွန်းအုပ်နိုင်မှ တော်ကာကြမယ်

ငါတစ်ကော ကောနေမယ့်အစား
နဖူးပေါ်လက်တင်
စဉ်းစားခန်းဝင်ပြီ
အလိုတော်အတိုင်း လိုက်လျှောက် နိုင်ပါစေ...

အာမင်း
ငယ်ဖြူ
SAT 18.11.2017
11:07pm

Saturday, May 3, 2014

ကိုယ်မျက်ချေး ကိုယ်မမြင်နိုင်တဲ့ စလုံးတရုတ်များ....

ကျွန်တော်ဒီကျွန်းပေါ်မှာ လခစား လာလုပ်တာ ခြောက်နှစ်ကျောက်သက်တမ်း တောက်လျှောက် ဒီစလုံးတရုတ်တွေ ထထအော်နေတဲ့ အခါ တွေးမြင်မိ့တာလေး ပြန်မျှတာပါ...

စလုံးနဲ့ နိုင်ငံခြားသား ကွာခြားချက်...

စလုံးတရုတ်များ...

အပြင်းကြီးပါတယ်...
စောဒဂတက်များပါတယ်...
လစာပိုများပါတယ်...
ဘော်လီဘောပုတ်(ညာခိုင်း)ပါတယ်...
ခေါင်းရှောင်ပါတယ်....

***လူတိုင်းမဟုတ်ပါ အကုန်လုံးနီးနီး အဲ့ဒီအကျင့်တွေနှင့် ပြီးပြည့်စုံပါတယ်....


နိုင်ငံခြားသားများ...

လစာနှိမ်လို့ရတယ်...
 အလုပ်သေအောင်ခိုင်းလို့ရတယ်...
ပြန်မပြောရဲကျဘူး....
ညာခိုင်းတိုင်း အားနာပြီး လိုက်လုပ်ကျပါတယ်...

အဲ့ဒါကို သူတို့တွေက လူဦးရေ ရာခိုင်နှုန်း အကြောင်းပြ သူတို့စလုံးတရုတ်တွေ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးရတာ နိုင်ငံခြားသား အလုပ်သမားတွေကြောင့်လို မကြာ မကြာ ထထအော်တတ်ပါတယ်...

ပြီးခဲ့တဲ့ မေလ(၁)ရက်နေ့ကလည်း အကြီးအကျယ် ထအော်ပြန်ပါတယ်.....

ဘယ်လိုပြောရမလည်း တုံ့ပြန်ရမလည်း အမြဲစဉ်းစာမိ့ပါတယ်....

 ကျုပ်တို့က တိုင်းပြည်မကောင်းလို့ မိသားစုတွေနဲ့ ဝေးကွာပြီး ပင်လယ်ရပ်ခြားမှာ လခစားလာလုပ်တာပါ....

သူတို့က အခန်သားထိုင် အပြင်းတစ်ပြီး စောဒဂတွေ တက်နေတာတော့ မတရားဘူးလို့မြင်ပါတယ်....

 လွတ်လပ်စွာ ဝေမျှပြီး အကြံပြုနိုင်ပါတယ်..