Sunday, July 18, 2021


 

အမှန်တစ်ကယ်တော့ ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားတွေဟာ အာဏာရှင် မအေ-ိုးနေဝင်းရဲ့ ဆိုရှယ်လစ်စံနစ်မှာ တော်တော်လေး နေသားကြခဲကြတာပါ၊ အထူးသဖြင့် ကျွန်တော်တို့ အဘိုး၊ အဘွား၊ အဘေး၊ ဘေးမအရွယ်တွေပေါ့ အဲ့ဒါကြောင့် Gen Lee လို့ခေါ်တဲ့ အသုံးအနှုန်းကို ကျွန်တော်မကြိုက်ပါ၊ အဲလူကြီးတွေကနေ မွေးထုတ်လာခဲ့လို လူဖြစ်ရပြီး ပြန်ဆဲနေသလိုဖြစ်နေပါတယ်၊ ဒါက ကျွန်တော် မကြိုက်တဲ့ Gen Lee အကြောင်း၊ ထပ်ဆက်ရရင် အဲ့ ကိုယ်-ကို-ိုးနေဝင်းက သူ့ကျင့်သုံးတဲ့ ကြိုးနီစံနစ် သုံးစားမရတော့မှန် သိတဲ့အချိန်မှာ ပြောင်ပြောင်တင်းတင်း အာဏာသိမ်းဖို့ စခဲ့တော့တာပါဘဲ၊ အဲ့ကိုယ်-ကို-ိုးနေဝင်းပြောခဲ့တဲ့စကား "စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပြစ်ဘူး" အဲ့ဒါလည်းပြီးရော စစ်ခွေးတွေ တစ်ယောက်ပြီး တစ်ယောက် ခုံးလုကြရောဗျာ၊ နောက်ဆုံး ဗိုလ်ချုပ်စောမောင်က စစ်တပ်က စစ်တန်းလျှားကို အချိန်တန်ပြန်မယ်လည်းဆိုရော အဲ့မှာ ကိုယ်-ကို-ိုး သန်းရွှေက အရူးဆေးထိုးသတ်ပြီး ခုံလုဝင်ထိုင်ပြီး အာဏာလုခဲ့တော့တာပါဘဲ။

အဲဒီလိုနဲ့ စစ်ဝတ်စားချွတ်ပြီး တိုင်းပြည်ကို လက်ဝါးကြီးအုပ် သွန်လိုသွန် မှောက်လိုမှောက် လံကြုတ်ဇာတ်တွေ အခါခါနာပြီး ရှိသမျှ သယံဇာတတွေ ဂုတ်သွေးစုတ်ပြီး မိန့်မူးလာလိုက်တာ ၂၀၁၅ မှာ မပေးခြင် ပေးခြင် ရွှေရည်စီမ် ဒီမိုကရေစီ ရခဲ့ပါတယ်၊ ငါးနှစ်တာကာလ ပြည်သူတွေ တင်မြှောက်တဲ့ အစီုးရအုပ်ချုပ်တော့ ဝေဖန်လိုက်ကြရင်းကနေ အနီ အစီမ်းဆိုတဲ့ ဝါဒမှိုင်း တိုက်ခံရမှန်းမသိ့ ပျော်လိုကောင်းနေတုန်းမှာဘဲ ၂၀၂၁ ကြတော့ ဘိုတုအမည်ခံ ခွေးသတောင်းစားက အာဏာလုပြီး သွေးချောင်းစီးပြန်ပါတယ်၊ ဒီကောင်တွေ ပြီးခဲ့တဲ့ ငါးနှစ်တာကာလမှာ ကြိတ်ပြီး ကြံစည်နေတာ သိသာထင်ရှားပါတယ်၊ ဘိုတုက သူ့အဖေတရုတ်အားကိုနဲ့ ကမ္ဘာကြီးကို ကိုင်လှုပ်မယ်ဆိုပြီး ခွေးဇာတ်ခင်းတာ အခုတော့ ငရဲခွေးကြီးဘိုတု ဖြစ်နေပါပြီ၊ ဝါဒမှိုင်းတွေလည်း အသုံးမဝင်တော့ပါဘူး၊ ပြည်သူမှာ ပြည်သူသာရှိတယ် ဆိုပေသိ့ တစ်ချို့သော အငုံစိတ်မကောင်းသူများက ခေတ်ပျက်မှာ သူဌေးဖြစ်ခြင်ကြတယ်၊ အချို့သော မိသားစုတွေ ထမင်းဝိုင်းမှာ လူမစုံတော့ဘူး၊ အခုဆို ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်နေကြရပြန်ပါတယ်၊ အဲ့ဒီအထဲမှာမှ အောက်ဆီဂျင် ရောဂါက အဆိုးဆုံးပါ တုပ်ကွေးဖြစ်တာကို အောက်ဆီဂျင်တွေတိုင်း အသကုန်စွတ်ရှုကြပြန်တော့ သေကြပြန်ရော၊ တစ်ချို့က လောဘအတွက် CNG အိုးတွေကို သန့်ရှင်းရေ သေချာမလုပ်ဘဲ အောက်ဆီဂျင် အိုးအဖြစ်ရောင်းကြပြန်တော့ ရှုမိတဲ့လူတွေ သေကြပြန်တယ်၊ အသက်ကို ဉာဏ်စောင့်ဆိုသလို အသိသတိနဲ့ ဆင်ခြင်ကာ ဘိုတုရဲ မီစ္ဆာတပ်ကို အမြစ်ဖြုတ်ဖို့ ဓားသွေးပြီး အားမွေးထားကြပါ၊ အရေးတော်ပုံအောင်ရမည်။

#SpringRevolutionMyanmar2021

 

ငယ်ဖြူ

 


ငါဘယ်တော့မှ မမေ့ဘူး

 

အရာအားလုံး

အဲ့ဒီ သေနတ်တွေ စစ်ဖိ့နပ်တွေအောက်မှာ

ကျဆုံးခဲ့ရတဲ့ ၁၉၈၈ အိမ်မက်ဆိုးများလိုပေါ့...

 

ငိုရယ် ရီမော၊ မျက်ရည်စတွေနဲ့

ကြည်နူးခွင့် ရခဲ့ဖူးတယ်

၁၉၉၀ နှစ်များစီကပေါ့...

 

သံဃာတွေ သွေးမြေကျချိန်

ပြည်သူတွေ မျက်ရည်ကျချိန်

စစ်ခွေးတွေ သောင်းကျန်ခဲ့တဲ့

စက်တင်ဘာ ၂၀၀၇

ငါ့အသိ့ထဲမှာ ရှိနေတုန်းဘဲ...

 

နာဂစ်ဆိုတဲ့ ဆိုင်ကလုန်း

ငါ့အိမ်ခေါင်ကို ဝါမျိုးသွားတဲ့နောက်

ခုနှစ်ရက်ကြာ ငရဲစခန်းထဲ

တော်တော်ဒုက္ခများခဲ့ဘူးတဲ့

၂၀၀၈ ကပ်ဘေးဆိုးကြီးကို

ငါဘယ်တော့မှ မမေ့နိူင်ဘူး...

 

ဟားတိုက် ရီမော၊ ဒေါသတွေမြိုသိပ်

ကြိန်ဆဲအခါခါ မိုက်ရိုင်းနေရတယ်

၂၀၁၀ ရက်စွဲများကိုပေါ့...

 

မြန်မာပြည်က လာတာပါလို့

မပြောမိစေနဲ့

မင်းကို လှောင်ပြံးတွေနဲ့

ကြိုဆိုကြမယ့် ၂၀၁၃ ရက်စွဲများမှာ

ငါရင်နာခဲ့ရတယ်

 

၁၉၉၀ တုန်းကအောင်ပွဲ

၂၀၁၅ ရောက်မှ ဒို့ လက်သန်းတွေရဲ့အား

အပြတ်အသတ် ဒိုင်ပွဲရပ်နိူင်ခဲ့တယ်

 

မကြာခင် ၂၀၁၆ ကို နှုတ်ဆက်ပြီ

၂၀၁၇ မှာ စိတ်လှုပ်ရှားဖွယ်ရာ

တစ်ပွေ့တစ်ပိုက်နှင့် ကြည်နူးဖွယ်ရာ အသက်ငွေ့ငွေ့များ

မျှော်လင့်ချက် တစ်စုံတစ်ရာအတွက်

ဆက်ရှင်သန်ကြမယ်…

 

မျှော်လင့်ခြင်းရောင်နီ သန်းပြီ

ငါတို့ တက်ညီလက်ညီ ချီတက်လိုက်ရတဲ့

ငါးနှစ်တာကလာ ၂၀၂၀ အကုန်ထိမျှသာ

 

ဒီတစ်ခါ အာဏာလု ဘိုတုအမည်ခံ

ခွေးသတောင်းစား

၂၀၂၁မှာ ခုံလုလို့ သွေးချောင်းစီခဲ့ပြီ

ဒီတစ်ချီ ဒီတစ်မောင်းမှာ အာဏာရှင်ကို အမြစ်ဖြုတ်

သုတ်သင်လို မောင်းနှင်းထုတ်မယ် ဒီကမ္ဘာမြေကြီးပေါ်က

ငဗစ်ကို အံတု ဘိုတုကို ချေမှုန်းမည့် အမျိုးကောင်းသားများ

အဖိတ်အစင်နည်းဖို့ရာ တို့တွေ တစ်ယောက်တစ်လက်

ပါဝင်ကအားဖြည့်ကြမယ် စုပေါင်းအင်အား

 

ငယ်ဖြူ

Wednesday, February 3, 2021

အမေဆိုသည်မှာ

 #ဒီကဗျာပိုင်ရှင်ကိုကျေးဇူးတင်တယ်


အခုတော့ မုန်းတိုင်းကစဝင်ခဲ့ပြီ။ အချိန်မီကောင်းပါရဲ့။

ဒီအမေအိုကြီးရှိတုန်း
လာပါသားရဲ့
လာပါသမီးရဲ့
မိုးမှောင်ကြီးကျမလာခင်
အမေတို့အိမ်လေး ဆောက်ကြပါစို့။
သက်ကယ်တပျစ်စီ သယ်ခဲ့ပါကွဲ့
ဝါးတချောင်းစီ ချိုးခဲ့ပါကွဲ့
တယောက်တလက်ဆို အမေတို့တတွေ
အချိန်မှီကောင်းပါရဲ့
မင်းတို့အတွက် အိမ်ကလေးပါကွယ်
မင်းတို့အိမ်မှာ အမေနေရ တခဏပေါ့
ငါ့သားတို့သာ ကျန်နေခဲ့မှာ
ငါ့သမီးတို့သာ ဖြတ်သန်းရမှာ။
မိုးသည်းညတွေ ဖြတ်သန်းခဲ့ပြီးပြီ
ခိုက်ခိုက်တုန်ချမ်း အကာအကွယ်မဲ့တဲ့ ဘဝမျိုး
ငါ့သားသမီးတွေ မကြုံစေချင်ဘူး။
သူများအိမ်တံစက်မြိတ်မှာ
ငါ့သားသမီးတို့ ခိုနေရတာ
အမေ့ရင်ထဲ နာကျင်လှပေါ့။
ကိုယ့်အိုးကိုယ့်အိမ်ထဲ လုံခြုံစေလိုလှတယ်။
အမေတို့အိမ်လေး မြန်မြန်ဆောက်ကြစို့ကွဲ့။
အမေအိုဟာ သူ့သားသမီးတွေကို ဆော်ဩရင်း
ကိုယ်တိုင်လည်း မနားတမ်းလုပ်နေရှာရဲ့။
အရေတွန့်နေတဲ့ သူ့လက်ချောင်းတွေနဲ့
နှီးကိုဖျာတယ် ထရံကိုကာတယ်။
ဝေသီနေတဲ့ မျက်ဝန်းတွေနဲ့ ကောင်းကင်ကို မော့မော့ကြည့်ရင်း
အချိန်မှီကောင်းပါရဲ့ အချိန်မှီကောင်းပါရဲ့လို့
ပူပန်စိတ်နဲ့ တိတ်တိတ်ကလေးရွတ်တယ်။
ပူပန်စိတ်ကို ကြိတ်မှိတ် သားသမီးတွေကို ပြုံးပြုံးလေးကြည့်တယ်။
မဆူရက်မပြောရက်တဲ့ အမေအိုဟာ လေသံလျော့လျော့လေးနဲ့သာ တတွတ်တွတ် တိုက်တွန်းနေရှာတယ်။
လာပါသားရဲ့ လာပါသမီးရဲ့
မိုးမှောင်ကြီးကျမလာခင်
သက်ကယ်တပျစ်ကိုယ်စီ သယ်ခဲ့ပါကွယ်။
ဝါးတချောင်းကိုယ်စီ ချိုးခဲ့ပါကွယ်။
တယောက်တလက်ဆို အမေတို့ အချိန်မှီကောင်းပါရဲ့။
အမိုးအကာလုံခြုံတဲ့အခါ
အမေ့ကိုစိတ်မျက်တဲ့ ငါ့သားလေးလည်း ခိုနားပါကွဲ့။
အမေ့ကိုကျောပေး ဆူအောင့်နေတဲ့သမီးလေးလည်း လုံခြုံမယ်ကွဲ့။
အမေနေရ တခဏပေါ့။
အမေကူနိင်ချိန်လေး မင်းတို့အိမ်လေးပြီးခဲ့ချင်တယ်။
အမေတို့အချိန်မှီကောင်းပါရဲ့။
အမိုးအကာလေး လုံခြုံကောင်းပါရဲ့။
နောက်တကြိမ်...
မိုးမှောင်ကြီးကျမလာခင် ......
Copy ယူခဲ့တာ
ကြိုက်တဲ့သူ copy ယူသွားပါ