Sunday, April 4, 2010

“ည”ကို ရင်ခွဲကြည့်ခြင်း

ညကတဖြည်းဖြည်း နက်လာပြီ၊ ကျွန်တော်အိပ်မပျော်သေးဘူး၊ ထထိုင်ပြီး စာရေးဖို့ကြိုးစားတော့လည်း ခေါင်းထဲက ဘာမှ ထွက်မလာဘူး၊ ကိုယ့်ရင်ဘတ် ကိုယ်ငုံကြည့်တော့ အိပ်ချင်မူးတူး ဖြစ်နေလေရဲ့.....

သူအိပ်ချင်ပေမဲ့ ကျွန်တော်က အိပ်ပျော်ဖို့ စိတ်ကူးလို့တောင်မရဘူး ဖြစ်နေတာ့၊ အခန်းထောင့်က စာကြည့်စားပွဲစီ ခြေထောက်တွေ သယ်ဆောင်ရာ အလိုက်သင့် သွားထိုင်လိုက်မိ့ပါတယ်၊ လက်တွေကလည်း သူအလိုလို ကျွန်ပျူတာ မော်နီတာကို ဖွင့်ပြီးသား တစ်ဆည်တည်း ဆိုသလိုမျိုး ခေါင်းထဲက စာသားတစ်ချို့ထွက်ကျလာတယ်၊ စာစရိုက်မလို့ လုပ်နေတုန်း ကျွန်တော်စိတ်ထဲ တစ်မျိုးလေးဖြစ်သွားသမို့ ကျွန်တော့်ရဲ့ ညာဘက်အခန်းထောင့်ကို သေသေချာချာ စူးစိုက်ကြည့်မိ့တယ်၊ သေချာပါတယ် လူတစ်ယောက် ကြုံကြုံလေးထိုင်နေတယ်၊ နောက်တစ်ခု ပိုသေချာတာကတော့ အဲ့ဒီကောင် သူခိုးလုံးဝမဖြစ်နိူင်ဘူးဗျ၊ သူရောက်နေတာ တော်တော်လေးကြာ နေပြီဗျ၊ ကျွန်တော်သတိ့ မထားမိ့လိုဖြစ်လိမ်မယ်။

ဒါနဲ့ကျွန်တော်လည်း

“ဟေး ... မင်းဘယ်သူလဲ၊ ဘာဖြစ်လို့ ငါ့အိပ်ခန်းထဲရောက်နေရတာလဲ”

ဘာမှပြန်မဖြေဘူး၊ ပေကပ်ကပ်လုပ်နေတယ်၊ ကျွန်တော်လည်း Flash Light ယူပြီး ထိုးမယ်လုပ်တော့မှ၊

“ဟေ့လူ ... ဓာတ်မိးနဲ့တော့မထိုးပါနဲ့ဗျာ၊ ကျွန်တော် တစ်ခါတည်း မာလကီးယားသွားလိမ့်မယ်ဗျ၊ ကျွန်တော်က...” “ည” ပါ....

“ဟေး..... မင်းစိတ်မှကောင်းသေးရဲ့လားကွ”

“ဟုတ်ပါတယ် ကျွန်တော် ည ပါ”

ခက်တော့နေပါပြီ၊ ဒီအရူးတစ်ကောင် ဘယ်လို လုပ်ပြီး အခန်းထဲဝင်လာပါလိမ့်၊ အလိမ္မာသုံးမှ ဖြစ်မယ်....

“ဒါဆိုလဲကောင်းပြီ မင်းဘာလို့ ငါ့အခန်းထဲဝင်လာပြီး ခုလိုတိတ်တိတ်လေး ထိုင်နေရတာလဲ”

“ကျွန်တော် တွေ့ကရာတွေသွားစားပြီး၊ ဗိုက်ထဲအခံရခက်တာနဲ့၊ ဂျွမ်းထိုးလိုက်တာဗျ၊ အထိုးလွန်ပြီး ခင်ဗျား အခန်းထဲရောက်လာတာဘဲ”

“ပြန်ထွက်မယ်လုပ်တော့၊ ခင်ဗျား အခန်းဝက အဘိုးကြီးက ပေးမထွက်ဘူး”

ဟေး.. ကြားသားမိုးကြိုး ငါလည်း ဘယ်သူ့ကိုမှ အိပ်ဖန်စောင့် မခန့်ထားရပါကလား၊ ခက်တော့နေပြီ

အိပ်ချင်စိတ်တို့ ဘယ်လို့ အငွေ့ပျံသွားသည် မသိ့။

“မင်း ဝင်လာတုန်းက ဂျွမ်းထိုးဝင်လာရင် ဂျွမ်းထိုးပြီး ပြန်ထွက်သွားပေါ့ကွ...”

“ဟုတ်သားဘဲ.... ကျွန်တော်ကြိုးစား ကြည့်လိုက်ဦးမယ်”

ဒုန်း ဒုန်း ဂ လုန်း......

ဟိုက် အကျိုးနည်း ဘယ်ကဘယ်လို ရောက်လည်သည် မသိ့သသေား Royal Whiskey ပုလင်းပြားလေး ကျွန်တော့ ခြေထောက်နား လာကျတယ်လေ...

“ကဲ ခင်းဗျားတွေ့ပြီးလား အဲ့ဒါ ကျွန်တော့်ဗိုက်ထဲက ထွက်ကျလာတာဗျ၊ ဘာတွေးမှန်း မသိ့ဘူး စွတ်ရွတ်ပြီး ဝါးမိ့တာ”
“ အခုတော့ ဒုက္ခရောက်ပြီး၊ ခင်ဗျား အခန်းထဲရောက်ကတည်း ကဘာဖြစ်တယ် မသိ့ဘူး၊ ကျွန်တော်ဂျွမ်းထိုးလိုမရတော့ဘူး”
“ထိုးလိုက်တိုင်း ဇောက်ထိုးကြီးဖြစ်ပြီး ရပ်ရပ်သွားတယ်”
“အဲ့လို ထွက်ကျလာတာတော့ ပထမဆုံး အကြိမ်ဘဲ”

ဘုရားရေ၊ သူပြောတာတွေ နားထောင်ပြီး ကျွန်တော်တောင် ရူးကြောင်ကြောင် ဖြစ်လာသလိုဘဲ...

ကြောက်စိတ်တော့ မဝင်မိ့ဘူး၊ ထူးထူးဆန်းဆန်း ဆိုစိတ်ဝင်စားတတ်တဲ့ အကျင့်ကြောင့်ထင်တယ်၊ ထပ်မေးမိ့တယ်...

“ဟုတ်ပါပြီ၊ ဒါဆို မင်းဗိုက်ထဲမှာ ခုနပုလင်းပြားလေး လိုမျိုး အရာဝတ္ထုပညစ္စည်းတွေ ဘယ်လောက်ရှိနေသေလဲ”

“အင်း အနည်း ဆုံးခြောက်မျိုးလောက်တော့ ကျန်နေဦးမယ်ဗျ”

ဒီတစ်ခါတော့ ကျွန်တော်လည်း မျက်လုံးပြူးသွားတယ်ဗျာ..

“ခင်ဗျား မျက်လုံးကြီး အဲ့လိုပြူးနေတာ တော်တော်ရီစရာ ကောင်းတယ်နော်” တဲ့

သေတော့မှာဘဲ၊ အရေးထဲ အဲ့ဒီ “ည”ဆိုတဲ့ကောင်က ရီနေသေးတယ်၊ သတိ့ထားမိ့တာ သူ့ရီသံကိုက ခြောက်ခြောက် ကပ်ကပ်ဖြစ်နေတယ် ဆိုတာကိုဘဲ....

“မင်းကရီနိူင်သေးတယ်နော်၊ ငါမင်းကို ဘယ်လို ကူညီရမလဲ လို့စဉ်းစားနေတာဟ”

“အေးဗျာ တစ်ခုတော့ရှိတယ်၊ ခင်ဗျားမရွံတတ်ဘူး ဆိုရင်တော့ ကျွန်တော့်ရင်ဘတ်ထဲကနေ တစ်ခုပြီး တစ်ခု နှိုတ်ထုတ်ပေးပါလားဗျာ”

“ကျေးဇူးတင်လို့ကို ဆုံးမှာမဟုတ်ဘူး”

အရေးထဲ ကျေးဇူးတွေလှိမ့်တင်နေပြန်ပါပြီ၊ ကျွန်တော် အပြေးအလွှား စဉ်းစားနေတာက တစ်ခါသုံးလက်အိတ်တွေ ဘယ်နားမှာပါလိမ့် ဆိုတာကိုဘဲဗျ

“အေး... ကောင်းပြီလေ၊ ဒါဆိုမင်းခနစောင့်၊ ငါပြန်လာခဲ့မယ်”

ပြောပြောဆိုဆို မီးဖိုချောင်းကို ထထွက်လာလိုက်ပါတယ်၊ တစ်ခါသုံး လက်အိတ်တစ်စုံ အကျနအဝတ်ပြီး ပြန်ဝင်လာတာမြင်တော့။

“ခင်ဗျား လက်အိတ်ကြီးက အသည်းယားစရာကြီးဗျာ၊ အဲ့ဒါကြီး ကျွန်တော်ဗိုက်ထဲကျန်ခဲ့ရင် သုံးနှစ်လောက်တော့ ကောင်းကောင်း ခံစားရဦးမှာဗျ”

တော်တော်လျှာရှည်တဲ့ ကောင်းဘဲနော်.....

“ကဲပြော ဘယ်နေရာက နှိုတ်ထုတ်ရမှာလဲ၊ မင်းရင်ဘတ်ကို မခွဲဘဲနဲ့ ဘယ်လိုနှိုက်လို့ ရမလဲဟ”

“ရပါတယ် ခင်ဗျားနဲ့ကျွန်တော်က ပါဝါမတူဘူးလေဗျာ၊ ဒီအတိုင်းသာနှိုက်လိုက် သူအလိုလို ရင်ကွဲသွားလိမ့်မယ်”

“ကောင်းပြီလေ၊ ဒါဆိုငါစတော့မယ်နော်”

“အိုကေ၊ စတော့ဗျာ”

ကျွန်တော်လည်း မချင့်မရဲနှင့် သာသာယာယာ ညရင်ဘတ်ကို လက်အိတ်စွတ်ထားတဲ့ လက်ဖြင့် နှိုက်လိုက်တယ်ဆိုရင်ဘဲ၊ ပုလင်းပုပု သေးသေးလေး တစ်လုံးစစမ်းမိ့တယ်၊ အသာဆွဲထုတ်ကြည့်လိုက်တော့၊ Spirulina ဘီယာ ပုလင်းပုလေး ဖြစ်နေတယ်ဗျာ။

“အဲ့ဒီပုလင်းပုလေး ကျွန်တော့်ကို ဒုက္ခ အပေးဆုံးဘဲ”

“ကဲ ဒီတစ်ခါ တတိယမြောက် အရာဝထ္တကို နှိုက်ထုတ်မယ်”

“အဆင်သင့် ဖြစ်ပြီလား”

“အဆင်သင့် ပါဘဲဗျာ”

ဒီတစ်ခါစမ်းမ့ိတာက ရှည်ရှည်မျှောမျှောနဲ့ ရဘာဘူဖောင်းလိုအရာ ဝထ္တုတစ်ခု၊ ဆွဲထုတ်ပြီးကြည့်လိုက်တော့ ဟိုက်ရှားဘား ပုတ်သင်ညိုပါလား။

“ဂျယ်လီ မှတ်လို့ ဝါးမိ့ပါတယ်၊ ကြော်ငြာတွေ့မှ ပုတ်သင်ညိုဖြစ်မှန်သိ့တယ်”
“ပြောရင်းဆိုရင် အံချင်လာပြီး”
“ထွီဝေါ့....”

“ဟေး ဟေး ငါ့အိပ်ခန်းထဲ မအံချနဲ့လေကွာ”
“ဒုက္ခပါဘဲကွာ....”

“ကဲကဲ မင်းလက်မြန်မြန် သက်သာအောင်၊ ငါမင်းရင်ဘတ်ကို ဆွဲခွဲထားမယ်၊ မင်းကနှိုက်ထုတ် ဟုတ်ပြီလား”

“အင်း အဲဒါပိုကောင်းတယ် မြန်မြန်ပြီးတာပေါ့”

“ကဲစခွဲပြီဟေး နှိုက်ထုတ်ပေတော့”

ကျွန်တော် ညရဲ့ရင်ဘတ်ကို ဆွဲခွဲလိုက်တယ်ဆိုရင်ဘဲ၊ ညနှိုက်ထုတ်လိုက်သော လက်ကျန်ပစ္စည်းလေမျိုးကတော့ဖြင့်

ဟော့ဒေါ့ အမှတ်ဖြင့် မျိုချလိုက်တော့ အတောင်ပံပါတဲ့ Eva ရယ်၊ ကြေမွနေတဲ့ ရီးစားစာ တစ်ထုပ်ရယ်၊ မှင်ကုန်နေတဲ့ ဘောလ်ပင်တစ်ချောင်းရယ်၊ ပြီးတော့ ကွဲနေတဲ့ကြည့်မှတ်တစ်ချပ်ရယ်ပေါ့။

“ဟေး ကုန်ပြီလား”

“ကုန်သွားပြီးဗျ ခုမှဘဲရင်ထဲပေါ့သွားတော့တယ်”

“နောက်ကျုပ်ခုလို ဒုက္ခရောက်ရင်၊ ခင်ဗျားစီကိုလာမှ ထင်တယ်”

“ဒီမှာကိုယ့်လူ မင်းလာရင် ငါအိပ်ရေးပျက်တယ်၊ သန်းခေါင်မတိုင်ခင်လာချင်ရင်လာခဲ့”

“အဲ့ဒါတော့ မဖြစ်ဘူးဗျ၊ ကျွန်တော့်က သန်းခေါင်ကျော်မှ စပြီးဝါတီးဆွဲလို့ ရတာလေဗျာ”

“စိတ်ချပါ ကျွန်တော်ညတိုင်း ဒုက္ခမပေးပါဘူးဗျ”

“တစ်လ တစ်ခါလောက်ပေါ့၊ စိတ်ပေါက်ပေါက်နဲ့ တွေ့သမျှ စွတ်ရွတ်မျိုချလိုက်တာ ခုလိုဖြစ်ကုန်ရောဗျာ”

“မင်းကို ကူညီပြီးစကားပြောရတာ ငါအိုက်သလိုလိုဘဲ၊ ပြတင်းပေါက်ဖွင့်ဦးမှပါ”

“ဟေး... ၊ ညဆိုတဲ့ကောင်ထအော်တယ်”

ဘယ်လုအူကြောင်ကြောင်ကောင်လဲဆိုတဲ့ အကြည့်နှင့် ကျွန်တော်သူ့ကိုကြည့်တော့ ပြုံးပြတယ်၊ ဒီကောင့်သွားတွေး ဖြူဖွေးနေတာ သတိ့ထားမိ့တယ်။

“ဟေ့ကောင် အလန့်တကြားဘာဖြစ်တာလဲဟ”

“ကျွန်တော်လစ်လို့ ရပြီလေ၊ ခင်ဗျားက ကျွန်တော့်အတွက် တံခါးဖွင့်ပေးလိုက်ပြီးလေ”

“ကျေးဇူးဘဲဗျာ၊ ကျွန်တော်ဆိုတဲ့ညကို ရင်ခွဲကုသပေးတဲ ခွဲစိတ်ဆရာခင်ဗျားကို ကျေးဇူးပါ”

“မင်းကျေဇူးတွေ ငါ့အိပ်ခန်းထဲပြည့်သွားဦးမယ်ဟ ဖြေးဖြေး”

“ကဲရောင်နီလာတော့မယ်၊ ကျွန်တော်သွားပြီးဗျာ”

“နောက်လည်း ခုလို ဒုက္ခတွေရင်လာခဲ့ပါရစေနော်”

“ငါကူညီနိူင်တာဆိုရင် ဘယ်သူ့ကိုမဆို ငါအကောင်းဆုံးကူညီပါတယ်၊ အချိန်မရွေး မင်းလာနိူင်ပါတယ်”

“ကဲကဲ သွားပေးဦးတော့”

ညထွက်သွားတော့မှ ကျွန်တော်လည်း အခန်းရှင်းလင်း၊ ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ခဲ့ပါတယ်၊
မနက်နေတော်တော် မြင့်တောမှ ကျွန်တော်အိပ်ရာနိူးပါတယ်၊ ညတုန်းကေတော့ ခွဲစိတ်ခန်းဖြစ်ခဲ့တဲ့ ကျွန်တော်အိပ်ခန်း၊ အခုတော့ သူဘာမှ မသိ့သလိုနဲ့ အေးအေးဆေးဆေးဘဲဗျ။

ပြီးတော့သတိ့ထားမိ့တာက၊ အိပ်ရာဘေးကဖတ်လက်စ စာအုပ်တစ်အုပ်၊ စာအုပ်အမည်က “ညကို ရင်ခွဲကြည့်ခြင်း”တဲ့ဗျ....

No comments: