Friday, May 7, 2010

ဟင်းလင်းပြင်ကြီးထဲ ကျွန်တော်...

ဒေါက် ဒေါက် ဒေါက်

အခန်းတံခါးကို ဘယ်သူလာခေါက်နေသလဲ ? ငါတံခါးခေါက်သံ ကြားလိုက်ရတာ တစ်ကယ်လား ?

ဇဝေဇဝါနဲ့ အိပ်ရာထက်မှာ ထထိုင်ပြီး လမ်းထလျှောက်ဖို့ ကျွန်တော်ကြိုးစားတယ်၊ ဗြုန်းကနဲဆို အခန်းထောင့် အမှောင်ထုထဲ ကျွန်တော်ကိုယ်တိုင် နွံနစ်သလို စီးဆင်းသွားတယ်၊ ကျွန်တော် အသည်းအသန် ရုန်းထွက်ဖို့ ကြိုစားတယ် ချွေးစေးတွေ တဒီးဒီး ကျလာသည့်တိုင်း အချည်းနှီးပါဘဲ၊ တဖြည်းဖြည်း အမှောင်ထုထဲ တိုးဝင်သွားလိုက်တာ ကျွန်တော် ခုတင်နဲ့တော်တော်လေးဝေး သထက်ဝေးလာခဲ့ပါပြီ၊

ငါဘာဖြစ်တာလဲ၊ ကိုယ့်ကို ကိုယ်ပြန်စန်းစစ်ကြည့်တော့လည်း၊ အိပ်မက်လိုလို တစ်ကယ်လိုလိုပါဘဲ။

အဲလိုနဲ့ ကျွန်တော် အလိုက်သင့်ကလေ မျှောပါသွားလိုက်တာ ကျွန်တော် အခန်းမဟုတ်တဲ့၊ ကျွန်တော် တစ်ခါမှ မရောက်ဘူးတဲ့ နေရာတစ်ခုကို ရောက်သွားတယ်၊ အဲ့ဒီနေရာက စီမ်းလန်း စိုပြည်နေတာကတော့ တော်တော်လေး ထူးခြားတယ်၊ ကျွန်တော့် အိပ်မက်ထဲက စိတ်ကူးယာဉ်ဖူးတဲ့ ပန်းခြံလေးထဲ ရောက်နေသလိုခံစားရတယ်ဗျ၊ စောစောလေးက ညစ်ငြူးနေတဲ့စိတ်တွေ တစ်ခဏအတွင်း ပြန်လည်လန်းဆန်းလာတယ်ဗျာ။ ကျွန်တော်လည်း မသိ့စိတ်စေရာ လိုက်ပါသွားရင်းက၊ လူတွေပြုပြင်ထားတဲ့ ရေတံခွန် အသေးစားလေး တစ်ခုအနား ရောက်မှန် မသိ့ရောက်လာခဲ့တယ်၊ ကျွန်တော့်စိတ်တွေ ရေအလျှင်အတိုင်း စီးဆင်း လိုက်ပါသွားပြန်တယ်၊ အဲ့ဒီအချိန်မှာ ကျွန်တော်တမ်းတ မိ့တာက ရွက်လှေတစ်စင်းနဲ့ ရွက်လွှင့်လိုက်ချင်တဲ့ ဆန္ဒတစ်စုံပါဘဲ။

အဲ့ဒီနောက်....

ကျွန်တော့်အာရုံထဲမှာ ဖြူ၊ ပြာ၊ နီ၊ ဝါ အရောင်ပေါင်းစုံ စီုးမိုးလာပြန်ပါတယ်၊ အာရုံတွေလည်း အရောင်တွေနောက် ကောက်ကောက်ပါ အပြေးကလေး ကပ်ညိ့သွားပြန်တယ်၊ အရောင်တွေ တစ်ခုနဲ့တစ်ခု ဖြည်းဖြည်းခြင်း ရောစပြုလာတယ်၊ အဲ့ဒီလိုနဲ့ ပိန်းပိတ်မှောင်သွားပြန်တယ်၊ အမှောင်ထုထဲက ပြာလဲ့လဲ့ မီးတောက်ငယ်တစ်ခု ရှေးရိုး ဂီတသံစဉ် တစ်ပုဒ်နဲ့ အတူကခုန်နေတာကို
ကျွန်တော်မြင်နေရတယ်၊ သံစဉ်နောက်ကို အာရုံတွေ အစုအလိုက်အပြုံလိုက် လဲပြို ကျသွားပြန်ပါတယ်၊ တေးသွားတွေက နိမ့်လိုက်မြင့်လိုက်နဲ့ ဂီတရဲ့ အရာသကို အစွမ်းကုန် ကျွန်တော်ခံစားမိ့နေတယ်၊ မျက်စိ့တွေလည်း အလိုလိုမှိတ်လျှက်နဲ့ ကျွန်တော်ကိုယ်တိုင် တေးသွားတွေနှင့် တစ်သားတည်းဖြစ်သွားတယ်ဗျာ၊ အဲ့ဒီအခိုက်အတန့်ကို ကျွန်တော် တော်တော်လေးနှစ်ခြိုက်မှန်းကို နောင်တော်တော်လေးကြာမှ သိ့ခဲ့ရပါတယ်။

ဗြုန်းကနဲ့ဆို ရုတ်တရက် တိတ်ဆိတ်သွားပြီး၊ ကျွန်တော် မျက်လုံး ပြန်ဖွင့်ကြည့်လိုက်တော့ ဘာမှ မရှိတဲ့ ဟင်းလင်းပြင်ကြီးထဲမှာ အလင်းရောင်တွေနဲ့ ကျွန်တော်ဘဲကျန်ခဲ့တယ်၊ ကျွန်တော့်ရင်ဘတ်ထဲမှာလည်း အလားတူ ဟင်းလင်းပြင်ကြီး တစ်ခုရှိနေခဲ့ပါတယ်၊ ဘာဆက်ဖြစ်မယ်၊ ဘယ်လိုခရီးဆက်ရမယ် ကျွန်တော်တစ်ကယ့်ကို မသိ့ခဲရိုးအမှန်ပါ၊ ကျွန်တော်စိတ်တွေလည်း ဟာလာဟင်းလင်းဖြစ်ကုန်တယ်၊ ဗလာကျင်ဖြစ်နေတဲ့ နှလုံးသားကို ကျွန်တော်မေးကြည့်တယ်၊ သူဘာမှ ပြန်မဖြေဘူး....

ကျွန်တော်မေးခွန်းသုံးခွန်းက

ငါဘယ်ရောက်နေတာလဲ ?

ငါဘာဖြစ်နေပြီလဲ ?

ငါဘာ့အတွက် ရှင်သန်တာလဲ ?

ဖြေကြည့်သင်ပါတယ်.....

No comments: