ကထိန်ခင်းတာ တွေကရာ Disco သီချင်းတွေနားကွဲမတ်ဖွင့် သောက်စားပျော်ပါး ရိုးရားဖျက်နေတဲ့ပွဲ...
ရခဲ့လှတဲ့ လူ့ဘဝဇာတ်ခုံပေါ်မှာ အပျော်အပါးတွေနောက် တစ်ကောက်ကောက်လိုက် မေတ္တာတရားတွေ ခေါင်းပါးနေခဲ့ကြ...
မကြာခင်အချိန်မှာ တကမ္ဘာလုံး အတိုင်းအတာဖြင့် ကျင်းပမည့် Christmas and New Year ပျော်တာနည်းနည်း သောက်တာများပြီး တစ်ယောက်တစ်ခွန်း စကားများရာကနေ ရိုက်ကြသတ်ကြ အဲ့လိုအဖြစ်မျိုးတွေ ထပ်မကြားခြင်တော့ဘူးကွယ်...
အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုသလို တွေကရာအမှိုက်တွေ ရင်ဘတ်ထဲ ခံစားမိတာများလာလေလေ လူ့ဘဝရဲ့အဓိပါယ်မဲ့လေလေ...
စွန့်ပြစ်တဲ့အမှိုက်၊ ရိုးရားဖျက်တဲ့အမှိုက်၊ အယူအဆမှားတဲ့အမှိုက် မြောက်များစွာသော အမှိုက်တွေ စံနစ်တကျ မစွန့်ပြစ်ကြရင် နောင်လာနောက်သား လူငယ်တွေအတွက် အတိတ်က အဆိပ်ပင်တွေ မထားခဲ့စေခြင်လို...
မှားမှန်းသိလျှက် မထူးဇာတ်တွေသာ ဆက်ခင်းနေမယ်ဆိုရင် ကျွန်တော်တို ရှင်သန်နေထိုင်ရာ ဒီလူလောကကြီးမှာ ကြက်ခြေခတ်တွေ မင်နီတွေ ပြည့်နှက်လာတဲ့အခါ ချစ်ခြင်း မုန်းခြင်းအလျှင်းမရှိတဲ့ အမှန်တရားတွေ ဆက်တိုက်ကျဆုံးလာနေရင် ဘာတွေဘယ်လို ဆက်ဖြစ်မယ် မတွေးဝံ့စရာပါ...