Friday, February 19, 2010

“ အလင်းအိမ်ရဲ့ နောက်ဆုံးနေများ”

အလင်းရောင် ပျပျ ဟိုးရှေးမှာ ရှိနေတယ် ရှေ့ဆက်လျှောက်မလား နောက်လှည့် ပြန်မလား စဉ်းစာ ကိုယ့်လူ.................... လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေး ကိုယ်ရေးကိုယ်တာ မစွက်ဘဲ အများအတွက် တောင်းဆိုရဲ လုပ်ကိုင်ရဲတဲ့သူ ခင်ဗျားတို့ ကျွန်တော်တို့ ကြားမှာ ဘယ်နှစ်ယောက်ရှိလဲ ? လက်ချိုးရေကြည့် ကျုပ်ကိုယ်တိုင် ဘေးထွက် ထိုင်ရတဲ့အဖြစ်မျိုး ရေငုံနှုတ်ပိတ် စိတ်ဓာတ်တွေခြစား စာရိတ္တတွေ ချချရောင်းနေရတဲ့ အဖြစ် ဘယ်သူက နှစ်မျိုပါမလဲဗျာ ဒါပေသိ့.......... ဒီပုတ်ထဲက ဒီပဲ၊ ဒီပဲနဲ့ ဒီပုတ် လုံးလည်ချာလည် လိုက်နေတဲ့ ဘဝတွေ ဘယ်လောက်များများ ချချနင်းခဲ့ပြီလဲ စဉ်စားပါကိုယ့်လူတို့ ရေ သူတို့အလှည့်ပြီးရင် ခင်ဗျား တို့ကိုယ်တိုင် ချနင်းခံရဖို့မြင်တယ်ဗျ............. 

 

 

ငယ်ဖြူ

လေသင့်ရာသို့

လေထမ်းလမ်းလျှောက်နေတဲ့ ကျွန်တော် လေထဲမှာ တိုက်အိမ် ဆောက်တာ အခါခါ လေပွေဆိုးတွေ ဒုက္ခပေးပြီးရင် လေပြေညှင်းတို့ ရဲ့ ပွေ့ဖက်နှုတ်ဆက်မှု ကို မျှော်လင့်မိတာ တော့အမှန်ပါ ကြာလာတော့လည်း မှုန်တိုင်းထန်မှာကို မကြောက်တော့သလို လေပြေကိုလည်း မမျှော်လင့်တော့ဘူး အချိန်ရှိခိုက် လေထဲမှာ လမ်းလျှောက်ကြစို့ သူငယ်ချင်း အိမ်မရောက်ခင် မင်းနဲ့ ငါ တစ်ခွက်တစ်ဖလား လောက်တော့ "One for the road" လုပ်လိုက်ကျရအောင် ပွဲမဝင်ခင် အပြင်ကကျင်းပဆိုသလိုပေါ့ သွေးပူလေ့ကျင့်ခန်းပြီးမှ အိမ်ပြန်ကျမယ်ဟေ့ ဘာဘဲပြောပြော လစာထုတ်ရက်ဆိုတော့ အိမ်ရှင်မ မျက်နှာ သကာရေ လောင်းထားသလိုမျိုး မင်းကို စီကြိုနေပါလိမ့်မယ်...... ကိုယ်ကတော့ အတိတ်ကို အရိပ်လိုဘဲ နောက်မှာ ထားခဲချင်တယ် သူ့ကိုဖက်တွယ်ထားရတာ ကြာတော့ အော်ဂလီ ဆန်လှပေါ့ ဒါတွေ မပြောတာဘဲ ကောင်းပါတယ် သူငယ်ချင်းတို့လည်း သိ့ပါတယ်လေ............... ငယ်ဖြူ

Friday, April 24, 2009

အတ္တမဲ့လိပ်ပြာရဲ့တမ်းခြင်း

၀တ်မှုံကူးတဲ့ကာလမှာ သမာရိုးကျလိပ်ပြာတွေလိုမျိုး အလိုရှိရာ ပန်းပွင့်စီကို ပျံသန်းဆက်သွယ် ဝတ်မှုံတွေကို လိုရာသယ်ဆောင်သွားတဲ့ လိပ်ပြာမျိုး ငါ ........... မဟုတ်ပါ အချိန်တိုင်း ရာသီတိုင်း မြတ်နိုးတန်ဖိုးထားရာ ပန်းပွင့်လေး မင်းအနားမှာ ငါ အမြဲတမ်း ပျံသန်းနေချင်ခဲ့သူပါ အပျံလွန်လို့ တောင်းပံကျိုးပြီး သေရမယ်ဆိုရင်တောင်မှ ငါရဲ့နောက်ဆုံးထွက် သက်ထိ့တိုင်း မင်းအတွက်ငါ............ အမြဲတမ်းမရပ်မနား ပျံသန်းနေဦးမှာပါ............................ ယုံတမ်းပြောတဲ့ လိပ်ပြာပုံပြင် တစ်ပုဒ်လို့တော့မယူစနဲ့ ချစ်သူ...................... ဒါဟာ ငါ့ ......... နှလုံးသွေးနဲ့ တည်ဆောက်ခဲ့တဲ့ အချစ်ရဲ့ ပုံဆောင်ခဲပါ................................. အနည်ကျ ကျောက် မဟုတ်သလို့ ပုံသွင်းထုဆစ်ထားတာလည်း မဟုတ်ခဲ့ပါ ကုန်ကုန်ပြောမယ်ကွာ မင်းထင်သလို ကစားနေတယ်ဆိုရင် ငါ့ရဲ့ လက်တွေကို ရိုက်ချိုးပြီး Disable တစ်ယောက်အဖြစ် တစ်ဘဝလုံး နေပြလိုက်ချင်တာ ရင်ထဲက ကိုယ့်ဆန္ဒပါ.......... တစ်ကယ့်လက်တွေ့မှာတော့ မင်းပြောသလို ကိုယ့်ဘဝလေးဘဲ ကောင်းပါတယ်လို့ ဖြစ်ညှစ်ပြီး ခံယူနေ ရတယ်ချစ်သူ.................. လေပြေလေးတွေ မင်းအနားက ဖြတ်သန်းသွားတာ တောင်မှ မနာလိုဖြစ်ခြင်ခဲ့သူပါ............... အဲသလို့နဲ့ ဘဝတွေကို ခဝါချ လုံးပါး ပါးရမယ်ဆိုရင်တော့ ဖြစ်ခြင်တာဆန္ဒ ဖြစ်နေတာဘဝလို့တော့ မပြောနဲ့ တော့ချစ်သူ................. အဲဒါ မင်းနဲ့ငါ အသုံးမကျလို့ ဖြစ်တည်ခဲ့ခြင်းမျှသာ ဖြစ်ပါလိမ့်မယ် ချစ်သူ.......................