Tuesday, February 2, 2021

အရေးကြီးလို့ အချိန်တန်ရင် ရဲရဲနီသော သွေးတွေ စစ်ခွေးတွေမြင်အောင်ပြရမည်

 

အချိန်မတန်ခင် အင်အားသုံးပြီး ဖြိုခွဲတာ မခံရအောင်၊ ဆိုက်ဝါးတွေနောက်မပါရအောင် သတိထားကြပါ ညီနောင်တို့ အခုချိန်မှာ စစ်ခွေးတွေနဲ့ သူတို့နောက်လိုက် ခွေးလေ ခွေးလွင့်တွေ အူလို့ကောင်းနေတုန်း ခွေးလေ ခွေးလွင့် အကိုက် မခံရစေနဲ့၊ သတိထားကြပါ၊ အချိန်တန်ရင် ပြရမည့် ငါတို့ရဲ ရဲရဲနီသောသွေး မျိုးချစ်သွေးတွေ အလကား အဖြစ်မခံကြပါနှင့်ခင်ဗျား

အင်အားယူပြီး ဥာဏ်သုံးပြီ အမြစ်ပြတ်ချေးမှုန်းမှသာလျှင် တို့သား၊ သမီးတွေ စစ်ကျွန် ဘဝပြန်မရောက်မှာပါ

အခုချိန်မှာတော့ ခွန်အားဖြစ်စေမယ့် အောက်က သီချင်းလေးတွေ နာထောင်း၊ သတင်းတွေ နာစွင့်ပြီး အသင့်ပြင်ထားကြပါ။ အားလုံးကို ချစ်ခင် လေစားလျှက်

တော်လှန်ရေး သီချင်းများ


ငယ်ဖြူ...



အာဏာရူးများ သိစေရန်

 ကိုမင်းကိုနိူင်ခင်ဗျား



ဒေါင်းအလံတွေ ကျောင်းနံရံတွေမှာ မစိုက်နိူင်တော့ပေ့မယ်၊ online စာမျက်နှာတွေပေါ်မှာ ကျွန်တော်တို့ ဒေါင်းအလံတွေ စိုက်ထူပြီး သက်ထက်ဆုံးတိုင် ဆန့်ကျင်ကြမယ်၊





စစ်ခွေးရူး

စစ်အာဏာရူး

များကျဆုံးပါစေ...


အဖွား လူထုဒေါ်အမာ ပြောသလို အာဏာရှင်ဟာ ဘယ်တော့မှ အရှင်ထွက် မထွက်နိူင်စေရဘူး...

ဒီအင်တာနက်စာမျက်နှာပေါ်မှာ ကျွန်ုပ်သက်သေထူပါသည်


...

Friday, December 6, 2019

ယူနီကုဒ်နှင့် ချစ်ကျွမ်းဝင်ခြင်း

လူတော်တော်များ ခဏခဏပြော ဖြစ်ကြတဲ့ စကားလုံးလေးတွေ အရင်ချရေးပြီး စမယ်နော်

"ဟိုမရောက် ဒီမရောက်"၊ "ဟိုဟို ဒီဒီ"၊ "တောင်တောင် အီအီ"၊ "သောင်စဉ် ရေမရ"၊

"ပိုသားကုန် မောင်ပိုစောင်းမတတ် "၊ "မတတ်ဆရာလုပ်"၊ "ဆရာ့ထက် သားတစ်လကြီး"


အပေါ်က အပြောအဆိုတွေ ယူနီကုဒ် ပြောင်းရေး မပြောင်းရေး အငြင်းပွားမှ တော်တော်အသက် ဝင်လာသလိုခံစားမိတယ်... ကျွန်တော့်ကို ယူနီကုဒ် ဘာလို့ပြောင်းတာလည်း လာမေးရင် ရေးထုံ မှန်လို့ပြောင်းပါတယ် ဖုန်းမှာရော ကွန်ပျူတာမှာပါ ပြောင်းပါတယ် စရိုက်ခါစမှ အနည်းငယ်ခက်ပေမဲလို့ ရိုက်နေကျဖြစ်သွားရင် တော်တော်လေးအဆင်ပြေပါတယ်.... 

ယူနီကုဒ်မပြောင်းရင် ဘာဖြစ်မလည်း?  သေချာတယ် ခင်ဗျား မြန်မာလူမျိုး ဖြစ်ပေ့မယ့် ရေထုံးမှန်မှန် စာမရိုက်တတ်တဲ့ "တာဇံ" ဖြစ်မှန်းမသိ ဖြစ်သွားပါလိမ့်မည်။

ယူနီကုဒ်ဟာ နောင်ဆို Language တစ်ခုအနေဖြင့် ကွန်ပျူတာ စံနစ်တော်တော် များများမှာ ထည့်သွင်းပြီးသား ဖြစ်လာပါလိမ့်မည်၊ အဲ့ဒါကြောင့် ယူနီကုဒ်များများသုံးဖိုလိုပါတယ်... ယူနီကုဒ်အကြောင်း နောက်ထပ် post တစ်ခုဖြင့် ပြန်လာပါမည်။

ယူနီကုဒ်ဆိုင်ရာ Useful Links လေးများပါ