Tuesday, August 16, 2011

ချစ်သောဧရာဝတီ အတွက် ဝိုင်းဝန်းပြီး ဆုမွန်ကောင်းတွေ တောင်းကျပါအုံးဗျို့

ကျွန်တော်တို့ ရဲ့ချစ်လှစွာသော ဧရာဝတီအတွက် ဆုမွန်ကောင်းတောင်းပေးချင်သူတိုင်း အတွက် Green Hearts ကလုပ်တဲ့ ဆုတောင်းပုံလေကို ပြန်မျှလိုက်ပါတယ်ဗျာ စိတ်ကြိုက် ဆုတောင်ပြီးတော့ greenheartsenvironment@gmail.com ကိုပေးပို့လိုက်တာနှင့် အဆိုပါအဖွဲ့အစည်း၏ Facebook Wall ပေါ်မှာ ဖော်ပြပေးမှာဖြစ်ပါတယ်... မူရင်းပုံကိုတော့ အောက်မှ Download လုပ်ယူနိူင်ပါတယ်နော်... https://www.facebook.com/pages/Green-Hearts-Environment-Network/121439927896197?sk=wall မှတစ်ဆင့်ကူးယူမျှဝေထားပါသည်...

Monday, August 8, 2011

“သွေးနဲ့ရေးတဲ့ ၈၈”

ဒီနေ့ ဒီရက် ငါဘယ်တော့မှ မမေ့
သွေးမြေကျတဲ့နေ့ မိစ္ဆာတွေမြူးတဲ့နေ့
လောဘ၊ ဒေါသ၊ မောဟတွေကြောင့်
ဇတ်တူသားစားတဲ့နေ့

ခုထိကြားနေတုန်းဘဲ
သေနတ်သံတွေ အော်ဟစ်သံတွေ
ငါတို့ရဲ့ နောင်တော်တွေ ညီအစ်ကိုတွေ
သွေးမြေကျပြီး စတေးခဲ့တဲ့နေ့

ငါ့နှလုံးအိမ်ကနေ ဦးညွတ်အလေးပြုပါတယ်
သူတို့လို ငါမစွန့်နိူ်င်ခဲ့ဘူး
စွန့်ခဲ့သူတွေ မျက်ရည်ကျချိန်
ငါတို့တွေဘာလုပ်နေကျ

ကမ္ဘာမကြေကို မဆိုနိူင်တာတောင်
နှစ်ချို့လာပြီးဆိုတော့
ရှက်မိ့ပါရဲ့...

တစ်နေဝင် တစ်နေထွက်
ရက်တွေသာကုန်လာတယ်
ခုထိ့စစ်ဖိ့နပ်အောက်က
ရုန်းမထွက်နိူင်သေးဘူး...

သွေးစည်းကျပါစို့
ညီညွတ်ကျပါစို့
တသွင်သွင်အော်နေပေမဲ့
လက်တွေ့မှာ ဘာမှဖြစ်မလာဘူး

ပိုဆိုးတာက ဘာမှန်းမသိ့တဲ့
အလံကို ငါတို့တွေ
အလေးပြုကျမှာလား

သေချာစဉ်းစာပါ
တွေးကြည့်စမ်းပါ
ရုန်းထွက်ဖို့ အချိန်တန်ပြီ
ညီနောင်တို့ရေ....

i,fjzL



Friday, August 5, 2011

နာရီ နှင့် လူ

ကျွန်တော်ချစ်တဲ့ မှော်ဆရာတစ်ပါး

ဝင်ရိုးစွန်တန်းစီက သူ့အိပ်မက်မြစ်တစ်စင်းစီကို

ရွှက်လွှင့်သွားတဲ့နေ့

ရင်ပူကို လေပူဟပ်သလို

နာရီပေါ် မျက်ရည်စတွေ ကျခဲ့ဘူးတယ်...


သူ့အသံ ဆိုဟန်နှင့်

တူရိယာတွေကို မှော်အတတ်နဲ့

အသက်သွင်း ဖန်တီးခဲ့လေသမျှ

နှစ်နှစ်ခြိုက်ခြိုက် လိုက်ဆိုခဲ့ဘူးရဲ့

ခုခါများ ကြားခြင်လည်း မကြားရ

မြင်ခြင်လည်း မမြင်ရတော့

တွေးမိ့တိုင်း မျက်ရည်ဝဲရတဲ့

အကြောင်း...

နာရီလက်တံတွေ ခရီးဆန့်လေသမျှ

ကျွန်တော့် ရင်ဘတ်ထဲမှာ

မှော်ဆရာ့ သံစဉ်တွေ

လွှမ်းမိုး ချိုမြီန်လို့ကောင်းနေတုန်း

အိပ်မက်က လန့်နိုးခဲ့ရတယ်...

ပေးဆပ်မှုတွေ တော်တော်များများ

အဲ့ဒါ နှလုံးသားတိုင်း အတွက် အဟာရတွေ

မှီဝဲသူတိုင်း နှစ်ထောင်းအားရ

ကျွန်တော်တို့တွေ မေ့နိူင်မယ်မထင်ဘူး

ကို (ကျော်မြင့်လွင်)...

ရောက်လေရာ ဘဝမှာ

သူ့ရဲ့သံစဉ်တွေနဲ့ ချိုမြစေမယ်လူ

လှပလွန်းတဲ့ စိတ်ဓာတ်တွေနဲ့

အရောင်တောက်နေမယ့်လူ

နာရီ နှင့် တူသောလူပါဗျာ...


ငယ်ဖြူ
11:34 am
25/07/2011