Sunday, November 19, 2017

ခေတ်သစ် တေမိ

လူ့သက်တမ်း တစ်ခုစာမက
ငါတို့သွေးတွေ အစုပ်ခံခဲရပြီးပြီ
ခုထက်ထိ ခင်ဗျားတို့
ရက်ရက်ရောရော ပေးလှူနေကျတုန်းဘဲလားဗျ...

သူများကျွန်ခံဖို့ ခရီးထွက်တဲ့သူရှိသလို
စစ်ကျွန်ခံဖို့ ထမင်းငတ်နေသူတွေလည်း ရှိသကိုးဗျ
ထမင်းကြမ်းတောင် နပ်မမှန်လို့
ထမင်းရေ ကိုအာသာပြေ
၂၀၀ ပေးပြီး ဝယ်သောက်ရတဲ့ ဘဝတွေ

စီဇိမ်ယစ်မူးနေတဲ့ စစ်အာဏာရူး
ခွေးဘီးလူးတွေကို ပြောလိုက်ချင်တယ်
ခွေးဟောင်းတိုင်း ထကြည့်တဲ့အထဲမှာ
ငါမပါဘူးဟေ့

စစ်ခွေးတွေ ဇာတ်သိမ်းပြန်တော့
ကျပ်မပြည့်သော အစိတ်သား
လွှတ်တော်ထဲမှာ ထထအူတာ
ကြက်သရေးတုန်းလိုက်ပါဘိ

ပြောပြောဆိုဆို
လူအသိ လူစိတ်မှ
မရှိကြလေတော့
တေမိဇာတ်ခင်းတာ
ကောင်းပါတယ်ကွယ်

No comments: