Saturday, September 22, 2018

နေ့သစ်တိုင်းမှာ မမေ့ဖို့ရာ

နှစ် လ ရက်တွေ တိုက်စားပြီး ပြောင်းလဲသွားတဲ့ အရာဝထ္တုတွေနောက် ငါတို့လိုက်ပါ....

ဖြစ် ပျက် မမြဲတဲ့တရားလို့ လူတွေ သတ်မှတ်ယုံကြည်နေချိန်မှာ....

ငါယုံကြည် အားကိုးရာ တစ်ပါတည်းသောသားတော်...

သုံးပါးတစ်ဆူတည်းသောဘုရား....



ဘဝရဲ့ အချိုးအကွေ့ အပြောင်းအလဲတွေးတိုင်းမှာ တွေဝေခြင်း စိုးစီ့မျှမရှိ ရင်ဆိုင်နိူင်ရင်

သင်ဟာ စစ်မှန်သောယုံကြည်သူ...

သင့်ယုံကြည်ခြင်း အားနည်းရင် ချာဂျင် မပြည့်တဲ့ ဘက်ထရီတစ်လုံးလိုဘဲ

အရာရာတိုင်းဟာ သင့်အတွက် မှေးမှိန်နေလိမ့်မယ် မိတ်ဆွေ...



တွေဝေနေတဲ့ စုံစမ်းခြင်းတွေကို တစ်ခန်းရပ်ပြီး

သခင့်အလိုတော်အတိုင်း ယုံကြည်ချက်ခိုင်မာတဲ့ နောက်လိုက်များ

ထိမိစရာ ပုံသက်သေးများများ ချပြပြီး

လက်တွဲခေါ်ခဲ့ပါ မိတ်ဆွေ အချိန်မနှောင်းခင်မှာ




နေ့ရက်တိုင်းမှာ ကျေးဇူးတော် ချီးမွမ်းတတ်ပါစေ

နေ့ရက်တိုင်းမှာ အလိုတော် ဝန်ခံနိူင်ပါစေ

နေ့ရက်တိုင်းမှာ အနှိုင်းမဲ့သော သခင့်မေတ္တာ ခံယူတတ်ပါစေ..


အရေပြားအသားရောင် မဲတာဖြူတာ ရုပ်ပိုင်းဆိုင်ရာ

သခင်ရဲ့အလိုတော်များသား...

အလိုတော်နဲ့အညီ သင်အသက်ရှင်ရင် မယ်ဆိုရင်

စိတ်ထားလေး သခင်နှင့် နီးပါစေ...

 ၃၆၅ရက်သော ရှင်သန်ရာ နေ့ရက်တိုင်းမှာ

သခင့်ရဲ့ ကျေးဇူးတော် မှတ်သားတွက်ရေပါ..

သင့်မွေးရက်မတိုင်းခင်မှာ ၅၂ရက်မျှသာ သခင့်အလိုတော်ကို

သင်ဖြည့်စွမ်းဖို့ရာ  အခွင့်ရှိပါတယ်...

အချိန်တိုင်း နေရာတိုင်း အသက်ရှုနေတိုင်း

သခင့်မေတ္တာအကြောင်း ဝေမျှဖို့ရာ တိုက်တွန်းပါရစေ




i,fjzlf
ငယ်ဖြူ





No comments: