Tuesday, June 29, 2010

အဆုံးမဲ့ ပျံသန်းခြင်း

ခေါင်းစည်မဲ့သော ညနက်နက်တွေထဲမှာ ပေါက်ကွဲစေတတ်တဲ့ ရေခဲတွေ အစုလိုက်အပြုံလိုက် ကျွန်တော် ရှိုက်ရှိုက်သွင်းနေရတာ သူမသိ့စေချင်လိုက်တာ...

ဖွာလက်စ ဆေးလိပ်တိုကို အသာဘေးချပြီးတော့ ခေါ်ဖီခါးခါး တစ်ကြိုက်လောက် အရသာခံပြီး ကျွန်တော်သောက်လိုက်မိ့တယ်၊ စိတ်ကူးထဲကနေ အဆက်အစပ်မရှိထွက်ကျလာတဲ့ စာသားတစ်ချို့လည်း အခု ဒီပိုစ်ထဲကိုရိုက်ထည့် ပြီးသားဖြစ်နေပြန်တယ်။ ကျွန်တော်အာရုံထဲ အတွေးထဲ ရုတ်တရက် ဟင်းလင်းပြင်ကြီး တစ်ခု ပြုတ်ကျလာပြန်တယ်၊ ကျွန်တော့် မပီဝိုးတဝါး တွေနေ့ရတာ အရောင်အသွေးစုံ လူမျိုးပေါင်းစုံ ပေါ်လာလိုက် ပျောက်သွားလိုက်၊ ကျွန်တော့်စိတ်တွေကို ပြန်စုစည်းဖို့ ကျွန်တော်ကြိုးစားတယ်၊ ဒါပေမဲ့ အချည်းနှီးပါဘဲ၊ အဲ့ဒီဟင်းလင်းပြင်ကျယ်ကြီးထဲက မပီဝိုးတဝါးမြင်ကွင်းတွေနောက်ကိုသာ စိုက်လိုက်မတ်တပ် လိုက်ပါစီမျှောနေပါတော့တယ်။

ကျွန်တော့်မြင်ကွင်းတွေ ေ၀ဝါးလိုက် ပျောက်သွားလိုက် အာရုံစိုက်လေ ပိုဆိုးလေဖြစ်နေပါတယ်၊ အဲ့ဒါနဲ့ ကျွန်တော့် စိတ်ကို လျှောချလိုက်တယ်၊ ဗြုန်းကနဲ့ဆို ကျွန်တော့်မှာ အတောင်တစ်စုံ ပေါက်လာတယ်၊ နေရင်ထိုင်ရင် လူလိုလို ငှက်လိုလိုဆိုတော့ “လူငှက်”ပေါ့ဗျာ...၊ ကျွန်တော်လည်း အကြိုက်တွေ့ သွားပါတယ်၊ ဟိုးငယ်ငယ် ကတည်းက ငှက်တွေလို လွတ်လပ်ပေါ့ပါးစွား ဝဲပျံနေချင်တဲ့ ်စိတ်တွေ ကိန်းအောင်နေခဲ့တာ၊ အခုတော့ကျွန်တော်ဆန္ဒတွေပြည့်ပြီဗျ...

စစချင်းတော့ အထာမကျသေဘူး၊ ကျွန်တော့် အတောင်ပံတွေကို ကောင်းကောင်း မထိန်းနိူင်သေဘူးဗျ...
နောက်တော့ တဖြေးဖြေးကျင့်သား ရလာတယ်...
ပျံသန်းခြင်း စတင်ခဲ့ပါပြီ...
မိုးတိမ်တွေရဲ့ အတွေ့အထိ့က ကျွန်တော်ကို ကြည်နှုးမှုတွေ ပေးတယ်ဗျ...
အဲ့ဒီလိုနဲ့ လေသင့်ရာ ဝဲပျံသွားလိုက်တာ ဘယ်ကို ရောက်လို့ ရောက်မှန်းမသိ့အောင်ပါဘဲ...

နောက်တော့ တဖြေးဖြေးခြင်း နိမ့်ဆင်းနေသလိုခံစားရတယ်၊ ကျွန်တော့် အတောင်ပံတွေကို တစ်စုံတစ်ရာသော စွမ်းအင်တွေက ထိန်းချုပ်နေသလိုဘဲ၊ သေချာတယ် ကျွန်တော် သူမစက်ကွင်းထဲ ဝင်မိ့သွားပြီး...

တဖြည်းဖြည်းမြေပြင်က အရာတွေ ပီပြင်လာတယ်၊ ကျွန်တော်တွေ့မြင်နေရတာက စိမ်းလွှလွှ မြက်ခင်းပြင်ရယ်၊ တောအုပ်တောင်တန်းတွေနဲ့ အတူ မြင်ခင်းနှင့် တောအုပ်အစပ်က အိမ်လေးတစ်လုံး
မီးခိုးငွေ့တွေ ထွက်နေပုံထောက် တစ်စုံတစ်ယောက် ရှိနေဟန်တူရဲ့...

ကျွန်တော်မြေပြင်နှင့် မထ့ိတွေ့ခင်လေးတင် ဗြုန်းဆို လွင့်ပျံနေတဲ့ မီးခိုးတွေ ပျောက်သွားပြန်ပါတယ်...
အဲ့ဒီနောက် ထူးခြားခြား သင်းပျံပျံ မွှေးရနံ့တစ်ချို့ ကျွန်တော့်ကို စီးကြို နှုတ်ဆက်ကျပြန်တယ်...
ကျွန်တော် အိပ်ပျော်သလို မူးမေ့သလိုဖြစ်သွားတယ်၊ ကျွန်တော် ပြန်သတ့ိရလာတော့ ကျွန်တော် အတောင်ပံတွေ မရှိတော့ဘူး၊ အားအင်တွေလည်း ယုတ်လျှော့နေသလို ခံစားရတယ်...
ကျွန်တော် ရောက်နေတဲ့ အခန်းက ခုနအိမ်းကလေးထဲက အခန်းတစ်ခု ဖြစ်မယ်ထင်တယ်...
ဘယ်သူ့မှ မရှိသလို အပ်ကျသံပင် ကြားရလောက်အောင် အိမ်ကလေးရဲ့ စိတ်ငြိမ်မှုက ကျွန်တော့်ကို သွေးပျက်စေတယ်...
ရယ်သံ သဲ့သဲ့ ကြားရတယ်၊ ပြီးတော့ ပျောက်သွားပြန်တယ်...

ကျွန်တော့် အသိ့စိတ်ဝင်လာပြီး၊ တအားကြုံးအော်မိ့တယ်...

“အတောင်ပံတွေ ပြန်ပေးပါ” အသံနက်ကြီးနဲ့ကို တအားအော်မိ့တယ်

ပြီးတော့ လေဟာနယ်ထဲ ရောက်သလို ခံစားရတယ်....

ဒုန်း ဒုန်း ဂ လုန်း.....

ကျွန်တော့်တစ်ကိုယ်လုံး ချွေတွေ ရွှဲရွှဲ စိုနေတယ်၊ ကျွန်တော်အိပ်ခန်ထဲကို အမေသောက်ရေ တစ်ခွက်နဲ့
အပြေးဝင်လာတယ်။

ဒီကလေးနှယ့်နော်၊ အိပ်ရာမဝင်ခင် ဒီဝထ္တုတွေ မဖတ်ပါနဲ့ဆိုတာ ပြောလို့ကိုမရဘူး
ခုမက်ပြန်ပြီးလား အိပ်မက်ဆန်းဆန်းတွေ...

အမေယူလာတဲ့ ရေခွက်ကို တစ်ကြိုက်မော့ချလိုက်ပြီး၊ အမေ့ကို ပြုံးပြီး ကြည့်နေမိ့တယ်။

အမေရယ် သားအိပ်ရာမဝင်ခင် စာမဖတ်ရင် အိပ်လို့ မပျော်လို့ပါဗျာ...
အမေယူလာတဲ့ သောက်ရေခွက်အတွက် ကျေးဇူးပါအမေ...


i,fjzL



No comments: